Local News

မင်္ဂလာဒုံမြို့နယ် ရဲစခန်းကို PDF များက

မဂၤလာဒုံၿမိဳ႕နယ္ ရဲစခန္းကို PDF မ်ားက ေဖာက္ခြဲ တိုက္ခိုက္၊ သာေကတတြင္ စစ္တပ္ သတင္းေပး၊ မဘသႏွင့္ အစြန္းေရာက္ အမ်ိဳးသားေရးသမား ရဲစိန္ ပစ္ခတ္ခံရ

ရန္ကုန္၊ ဒီဇင္ဘာ ၈

ရန္ကုန္၊ မဂၤလာဒုံၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းကို ၿမိဳ႕ျပ UG အဖြဲ႕မ်ားက အေဝးထိန္းဗုံးျဖင့္ ယမန္ေန႔ညပိုင္း ေဖာက္ခြဲ တိုက္ ခိုက္ခဲ့ေၾကာင္း Dark shadow အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆို သည္။

ဒီဇင္ဘာလ ၇ ရက္ေန႔ ည ၈ နာရီခန္႔တြင္ UMCD အင္အားစု တပ္ဖြဲ႕တစ္ခုႏွင့္ မဟာမိတ္ တပ္ဖြဲ႕ KMD 18 တို႔ပူးေပါင္းကာ အေဝးထိန္းဗုံးျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ၿပီး ရဲစခန္းအတြင္း ထိခိုက္မႈ အေျခအေနကို အတည္မျပဳႏိုင္ေသးေၾကာင္း သိရသည္။

အဆိုပါ ရဲစခန္းသည္ ဖမ္းဆီးခံထားရေသာ ရဲေဘာ္မ်ား၏ မိသားစုဝင္မ်ားအား အက်ပ္ကိုင္ ေငြေၾကးေတာင္းခံျခင္း၊ ရပ္ကြက္ရွိ လူမိုက္မ်ားႏွင့္ေပါင္း၍ ျပည္သူလူထုကို ဖိႏွိပ္ျခင္းတို႔ကို လုပ္ေဆာင္လ်က္ရွိေၾကာင္း၊ စစ္ဆင္ေရးသည္ ၾကည့္ျမင္တိုင္အင္အားစု KMD 18 ၏ မဟာမိတ္ညီေနာင္အဖြဲ႕ျဖစ္ေသာ Dark shadow အဖြဲ႕၏ ရန္ကုန္ၿမိဳ႕ျပ UG အျဖစ္ စတင္ဖြဲ႕စည္း လႈပ္ရွားခဲ့ေသာ ၁ ႏွစ္ျပည့္ေန႔ အျဖစ္ ေတာ္လွန္ေရး ရဲေဘာ္မ်ားက ေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းလည္း ျဖစ္ေၾကာင္း သိရသည္။

” Dark Shadow အဖြဲ႕ ေတာ္လွန္ေရး ၁ႏွစ္ျပည့္မွသည္ ရန္ကုန္အတြက္ေအာင္ပြဲဆီသို႔ ညီေနာင္ ရဲေဘာ္မ်ား အားလုံးႏွင့္ အတူလက္တြဲၿပီး ဆက္လက္ေဆာင္႐ြက္ႏိုင္ပါေစေၾကာင္း အားသစ္ ေလာင္းဆုေတာင္းလိုက္ပါတယ္” ဟု Dark shadow အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးကေျပာဆိုသည္။

အလားတူ ဒီဇင္ဘာလ ၇ ရက္ေန႔ ည ၈ နာရီ ၄၀ မိနစ္ အခ်ိန္ ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္၊ ၈ ရပ္ကြက္၊ နဝရတ္ (၁) လမ္းထိပ္ တြင္ စစ္တပ္အတြက္ သတင္းေပးလုပ္ေနသည္ဟု စြပ္စြဲခံရသူ ရဲစိန္ ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ဒဏ္ရာရရွိေၾကာင္း သိရွိရသည္။

“သာေကတ ၈ရပ္ကြက္ ထိပ္ သာသနာ့ရကၡိတဓမၼာ႐ုံေရွ႕မွာ အေၾကာ္ေရာင္းတဲ့ အညာသား ေခၚ ရဲစိန္ ဆိုတဲ့ေကာင္က မဘသ ။ သာေကတ ၈ ရပ္ကြက္ မွာ ၉၆၉ ဆိုင္းဘုတ္ေထာင္ၿပီး ဖဲဝိုင္း၊ ႀကိတ္ဝိုင္း နဲ႔ ေလာင္းကစားဒိုင္ လုပ္ေနတာပါ။ အႀကီးေကာင္တို႔နဲ႔လည္း ရင္းႏွီးပါတယ္။

အာဏာသိမ္းၿပီး ၂ လ ေလာက္မွာ ရပ္ကြက္ထဲက ဝိုင္း႐ိုက္လို႔ ထြက္ေျပးသြားရပါတယ္။ ေနာက္ပိုင္း ျပန္ေရာက္လာၿပီး ငါက မဘသ ဘယ္ေကာင္မွ ေစာက္ဂ႐ုမစိုက္လို႔ ရပ္ကြက္ထဲျပန္လာတာ ငါတို႔ စစ္တပ္ႏိုင္ေနၿပီကြဆိုၿပီး ေႂကြးေၾကာက္တယ္။ သူက အရင္ မဘသ ေတာင္ဒဂုံ ဝံသာႏု အဖြဲ႕ဝင္ပါ။ အခုလလည္း ရပ္ကြက္႐ုံး ထဲေျခရႈပ္ၿပီး အာက်ယ္ေနလို႔ အပစ္ခံရတာလို႔ သိရပါတယ္” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။

မင်္ဂလာဒုံမြို့နယ် ရဲစခန်းကို PDF များက ဖောက်ခွဲ တိုက်ခိုက်၊ သာကေတတွင် စစ်တပ် သတင်းပေး၊ မဘသနှင့် အစွန်းရောက် အမျိုးသားရေးသမား ရဲစိန် ပစ်ခတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၈

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းကို မြို့ပြ UG အဖွဲ့များက အဝေးထိန်းဗုံးဖြင့် ယမန်နေ့ညပိုင်း ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း Dark shadow အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆို သည်။

ဒီဇင်ဘာလ ၇ ရက်နေ့ ည ၈ နာရီခန့်တွင် UMCD အင်အားစု တပ်ဖွဲ့တစ်ခုနှင့် မဟာမိတ် တပ်ဖွဲ့ KMD 18 တို့ပူးပေါင်းကာ အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်း ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ ရဲစခန်းသည် ဖမ်းဆီးခံထားရသော ရဲဘော်များ၏ မိသားစုဝင်များအား အကျပ်ကိုင် ငွေကြေးတောင်းခံခြင်း၊ ရပ်ကွက်ရှိ လူမိုက်များနှင့်ပေါင်း၍ ပြည်သူလူထုကို ဖိနှိပ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ စစ်ဆင်ရေးသည် ကြည့်မြင်တိုင်အင်အားစု KMD 18 ၏ မဟာမိတ်ညီနောင်အဖွဲ့ဖြစ်သော Dark shadow အဖွဲ့၏ ရန်ကုန်မြို့ပြ UG အဖြစ် စတင်ဖွဲ့စည်း လှုပ်ရှားခဲ့သော ၁ နှစ်ပြည့်နေ့ အဖြစ် တော်လှန်ရေး ရဲဘော်များက ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။

” Dark Shadow အဖွဲ့ တော်လှန်ရေး ၁နှစ်ပြည့်မှသည် ရန်ကုန်အတွက်အောင်ပွဲဆီသို့ ညီနောင် ရဲဘော်များ အားလုံးနှင့် အတူလက်တွဲပြီး ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း အားသစ် လောင်းဆုတောင်းလိုက်ပါတယ်” ဟု Dark shadow အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၇ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ် အချိန် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ နဝရတ် (၁) လမ်းထိပ် တွင် စစ်တပ်အတွက် သတင်းပေးလုပ်နေသည်ဟု စွပ်စွဲခံရသူ ရဲစိန် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“သာကေတ ၈ရပ်ကွက် ထိပ် သာသနာ့ရက္ခိတဓမ္မာရုံရှေ့မှာ အကြော်ရောင်းတဲ့ အညာသား ခေါ် ရဲစိန် ဆိုတဲ့ကောင်က မဘသ ။ သာကေတ ၈ ရပ်ကွက် မှာ ၉၆၉ ဆိုင်းဘုတ်ထောင်ပြီး ဖဲဝိုင်း၊ ကြိတ်ဝိုင်း နဲ့ လောင်းကစားဒိုင် လုပ်နေတာပါ။ အကြီးကောင်တို့နဲ့လည်း ရင်းနှီးပါတယ်။

အာဏာသိမ်းပြီး ၂ လ လောက်မှာ ရပ်ကွက်ထဲက ဝိုင်းရိုက်လို့ ထွက်ပြေးသွားရပါတယ်။ နောက်ပိုင်း ပြန်ရောက်လာပြီး ငါက မဘသ ဘယ်ကောင်မှ စောက်ဂရုမစိုက်လို့ ရပ်ကွက်ထဲပြန်လာတာ ငါတို့ စစ်တပ်နိုင်နေပြီကွဆိုပြီး ကြွေးကြောက်တယ်။ သူက အရင် မဘသ တောင်ဒဂုံ ဝံသာနု အဖွဲ့ဝင်ပါ။ အခုလလည်း ရပ်ကွက်ရုံး ထဲခြေရှုပ်ပြီး အာကျယ်နေလို့ အပစ်ခံရတာလို့ သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။