Local News

မင္းေအာင္လွ္ိုင္ႀကိဳးစင္ေရာက္မည့္ သတင္းပဲ ေအာက္လႊတ္ေတာ္ကေတာ့ အတည္ျပဳလက္ပီ ေဟးးးး

မင္းေအာင္လွ္ိုင္ႀကိဳးစင္ေရာက္မည့္ သတင္းပဲ ေအာက္လႊတ္ေတာ္ကေတာ့ အတည္ျပဳလက္ပီ ေဟးးးး

စစ္တပ္ကို ပိုမိုအေရးယူဒဏ္ခတ္ရန္ႏွင့္ ျမန္မာ့ဒီမိုကေရစီအေရးကို ပံ့ပိုးကူညီရန္ အခ်က္မ်ားပါဝင္သည့္ NDAA ဥပေဒၾကမ္းကို ကန္ေအာက္လႊတ္ေတာ္ အတည္ျပဳ

▪︎လူမ်ိဳးစုလက္နက္ကိုင္မ်ား၊ PDF မ်ားကို နည္းပညာဆိုင္ရာ အေထာက္အပံ့မ်ားေပးရန္ အခ်က္ကို ယခုႏွစ္ NDAA ၌ထည့္သြင္းထား

ေႏြဦးေဝ/People’s Spring

အာဏာသိမ္းစစ္တပ္ကို ပိုမိုအေရးယူဒဏ္ခတ္ရန္ႏွင့္ ျမန္မာ့ဒီမိုကေရစီအေရးကို ပံ့ပိုးကူညီရန္ အခ်က္မ်ားပါဝင္သည့္ အေမရိကန္အမ်ိဳးသားကာကြယ္ေရးဥပေဒ(NDAA) ကို ေအာက္လႊတ္ေတာ္က အတည္ျပဳလိုက္ေၾကာင္း ႏိုင္ငံေရးေလ့လာေစာင့္ၾကည့္သူအခ်ိဳ႕က အသိေပးသည္။

ယခုႏွစ္ေရးဆြဲထားေသာ NDAA ဥပေဒၾကမ္းတြင္ ျမန္မာ့အေရးႏွင့္ပတ္သက္၍ ထူးျခားခ်က္မ်ားပါဝင္ၿပီး ျမန္မာျပည္၏ လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PDF)မ်ား၊ ဒီမိုကေရစီေရးလႈပ္ရွားသည့္အဖြဲ႕အစည္းမ်ားအေနျဖင့္ ၎တို႔ၾကားတြင္ေသာ္လည္းေကာင္း၊

ႏိုင္ငံတကာအကူအညီေပးေရးလုပ္ငန္းမ်ားတြင္ေသာ္လည္းေကာင္း ဆက္သြယ္ေရး၊ အမိန႔္ေပးထိန္းခ်ဳပ္ကြပ္ကဲမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုအားေကာင္းခိုင္မာလာေစရန္ နည္းပညာႏွင့္ လက္နက္မဟုတ္ေသာ အေထာက္အပံ့မ်ားေပးရန္ အခ်က္ကို ထည့္သြင္းထားသည္ဟု ဝါရွင္တန္အေျခစိုက္ Welson Center မွ ႏိုင္ငံေရးသုေတသီ ဦးရဲမ်ိဳးဟိန္းက ေရးသားသည္။

“National Defense Authorization Act 2023 (NDAA) က ေအာက္လႊတ္ေတာ္ House ကို ေအာင္သြားၿပီ။ Senate ကိုျဖတ္ၿပီး သမၼတလက္မွတ္ထိုးရင္ ဥပေဒျဖစ္မယ္။ ဒီႏွစ္ NDAA က ထူးတယ္ေျပာရမယ္” ဟု ၎က ဆိုသည္။

ယမန္ႏွစ္ NDAA ဥပေဒတြင္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ Indo-Pacific ေခါင္းစဥ္ေအာက္၌ စာမ်က္ႏွာ ၅ မ်က္ႏွာခန႔္သာ ပါဝင္ၿပီး ယခုႏွစ္ NDAA ဥပေဒမူၾကမ္းတြင္ Burma Act ဥပေဒ တစ္ခုလုံးကို ထည့္သြင္းထားသည္ဟု ဦးရဲမ်ိဳးဟိန္းက ေဖာ္ျပသည္။

အေမရိကန္ျပည္ေထာင္စုသည္ ျမန္မာစစ္တပ္တာဝန္ခံမႈရွိေရးႏွင့္ပတ္သက္၍ Burma Act ဟု လူသိမ်ားေသာ Burma Unified through Rigorous Military Accountability Act of 2021 ကို ယခုႏွစ္ဆန္းတြင္ အတည္ျပဳခဲ့သည္။ ယင္းဥပေဒသည္ ျမန္မာ့အေရးသီးသန႔္ျဖစ္ကာ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚျပန္လည္ေရာက္ရွိေရးအတြက္ ဒီမိုကေရစီ အင္အားစုမ်ားကို အားေပးကူညီပံ့ပိုးရန္၊ စစ္အုပ္စု၏ ဝင္ေငြရလမ္းမ်ားကို ျဖတ္ေတာက္ ပိတ္ဆို႔ရန္ အခ်က္မ်ားကို ထည့္သြင္းျပဌာန္းထားသည္။

ထို႔အျပင္ ယခုႏွစ္ NDAA တြင္ ေနာက္ထပ္ ထူးျခားခ်က္အေနျဖင့္ စစ္အာဏာသိမ္းမႈကိုဆန႔္က်င္ၿပီး အရပ္ဘက္အုပ္ခ်ဳပ္ေရးျပန္ထူေထာင္ရန္အားေပးသည့္ ဗမာစစ္တပ္မွတပ္ဖြဲ႕ဝင္ေဟာင္းမ်ားနဲ႔ပတ္သက္သည့္ အစီအစဥ္မ်ား၊ လႈပ္ရွားေဆာင္႐ြက္မႈမ်ားကို ကူညီရန္ အခ်က္ကိုလည္း ထည့္သြင္းေရးဆြဲထားေၾကာင္း သိရသည္။

(အေမရီကန္ေအာက္လႊတ္ေတာ္အစည္းအေဝး)

လူထုေႏြဦး

မင်းအောင်လှိုင်ကြိုးစင်ရောက်မည့် သတင်းပဲ အောက်လွှတ်တော်ကတော့ အတည်ပြုလက်ပီ ဟေးးးး

စစ်တပ်ကို ပိုမိုအရေးယူဒဏ်ခတ်ရန်နှင့် မြန်မာ့ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီရန် အချက်များပါဝင်သည့် NDAA ဥပဒေကြမ်းကို ကန်အောက်လွှတ်တော် အတည်ပြု

▪︎လူမျိုးစုလက်နက်ကိုင်များ၊ PDF များကို နည်းပညာဆိုင်ရာ အထောက်အပံ့များပေးရန် အချက်ကို ယခုနှစ် NDAA ၌ထည့်သွင်းထား

နွေဦးဝေ/People’s Spring

အာဏာသိမ်းစစ်တပ်ကို ပိုမိုအရေးယူဒဏ်ခတ်ရန်နှင့် မြန်မာ့ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီရန် အချက်များပါဝင်သည့် အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ(NDAA) ကို အောက်လွှတ်တော်က အတည်ပြုလိုက်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူအချို့က အသိပေးသည်။

ယခုနှစ်ရေးဆွဲထားသော NDAA ဥပဒေကြမ်းတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ထူးခြားချက်များပါဝင်ပြီး မြန်မာပြည်၏ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ ဒီမိုကရေစီရေးလှုပ်ရှားသည့်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကြားတွင်သော်လည်းကောင်း၊

နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းများတွင်သော်လည်းကောင်း ဆက်သွယ်ရေး၊ အမိန့်ပေးထိန်းချုပ်ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန် နည်းပညာနှင့် လက်နက်မဟုတ်သော အထောက်အပံ့များပေးရန် အချက်ကို ထည့်သွင်းထားသည်ဟု ဝါရှင်တန်အခြေစိုက် Welson Center မှ နိုင်ငံရေးသုတေသီ ဦးရဲမျိုးဟိန်းက ရေးသားသည်။

“National Defense Authorization Act 2023 (NDAA) က အောက်လွှတ်တော် House ကို အောင်သွားပြီ။ Senate ကိုဖြတ်ပြီး သမ္မတလက်မှတ်ထိုးရင် ဥပဒေဖြစ်မယ်။ ဒီနှစ် NDAA က ထူးတယ်ပြောရမယ်” ဟု ၎င်းက ဆိုသည်။

ယမန်နှစ် NDAA ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ Indo-Pacific ခေါင်းစဉ်အောက်၌ စာမျက်နှာ ၅ မျက်နှာခန့်သာ ပါဝင်ပြီး ယခုနှစ် NDAA ဥပဒေမူကြမ်းတွင် Burma Act ဥပဒေ တစ်ခုလုံးကို ထည့်သွင်းထားသည်ဟု ဦးရဲမျိုးဟိန်းက ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာစစ်တပ်တာဝန်ခံမှုရှိရေးနှင့်ပတ်သက်၍ Burma Act ဟု လူသိများသော Burma Unified through Rigorous Military Accountability Act of 2021 ကို ယခုနှစ်ဆန်းတွင် အတည်ပြုခဲ့သည်။ ယင်းဥပဒေသည် မြန်မာ့အရေးသီးသန့်ဖြစ်ကာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးအတွက် ဒီမိုကရေစီ အင်အားစုများကို အားပေးကူညီပံ့ပိုးရန်၊ စစ်အုပ်စု၏ ဝင်ငွေရလမ်းများကို ဖြတ်တောက် ပိတ်ဆို့ရန် အချက်များကို ထည့်သွင်းပြဌာန်းထားသည်။

ထို့အပြင် ယခုနှစ် NDAA တွင် နောက်ထပ် ထူးခြားချက်အနေဖြင့် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေးပြန်ထူထောင်ရန်အားပေးသည့် ဗမာစစ်တပ်မှတပ်ဖွဲ့ဝင်ဟောင်းများနဲ့ပတ်သက်သည့် အစီအစဉ်များ၊ လှုပ်ရှားဆောင်ရွက်မှုများကို ကူညီရန် အချက်ကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

(အမေရီကန်အောက်လွှတ်တော်အစည်းအဝေး)

လူထုနွေဦး