Local News
ပန်ဆယ်လို
အဘဘော မ လို့ ကျတဲ့ မျက်ရည်…မ,ချင်ရင်တောင် ပေါ်တင်မ မ,နဲ့။ ကြိတ် မ,ကြပါတဲ့
နယူးယောက်က ဘောမက Live လွှင့်တယ်။ အမေရိကန်အစိုးရက သူ့ကို လဝက ဥပဒေနဲ့ တရားစွဲလိုက်ပြီတဲ့။ ရှေ့နေခ ဒေါ်လာနှစ်သောင်းကျော် စကုန်ပြီ။ ရုံးချိန်းတွေ ဆင့်ခေါ်သမျှ တက်ရမယ်။ ရှုံးခဲ့ရင် ထောင်၆နှစ်နဲ့ ပြည်နှင်ဒဏ်။
သူကလည်း ယုံကြည်ချက်အပြည့်နဲ့ ပြောရှာပါတယ်။ ရှုံးဖို့များပါတယ်တဲ့။ Live လွှင့်ပြီး ဘဝတူဘောမအချင်းချင်း စေတနာအပြည့်နဲ့ သတိပေးရှာတယ်။ ကြိတ်မ,ကြပါ။ ပေါ်တင်မမ,ကြပါနဲ့တဲ့။ စစ်တပ်က ပြည်တွင်းရော ပြည်ပရော ဘာမှ မကာကွယ်နိုင်တဲ့ စောက်သုံးမကျတဲ့ မအလတွေပါတဲ့။
ကိုယ် US ကို စရောက်တုန်းက ဘောမတစ်ကောင်က စသွေးတိုးစမ်းရန်စတယ်။ အဲ့တုန်းကတည်းက ပြောခဲ့ပါတယ်။ ခင်ဗျားတို့က USAအစိုးရကို လိမ်လည်နေတာနော်လို့ သတိပေးခဲ့သေးတယ်။
စစ်တပ်ကို ထောက်ခံတာ USမှာ ပြစ်ဒဏ်ကျလားလို့ မေးရင် ဖြေပါမယ်။ US ဟာ လွတ်လပ်စွာ ယုံကြည်ထောက်ခံခွင့်ရှိတဲ့ နိုင်ငံ။ ဒါပေမယ့် USမှာ Refugee (သို့မဟုတ်) Asylum နဲ့ နေထိုင်နေသူတွေ အနေနဲ့ စစ်တပ်ကို ထောက်ခံရင်တော့ USရဲ့ လူဝင်မှုကြီးကြပ်ရေးကို လိမ်လည်တာသာ ဖြစ်တယ်။
US ကို Refugee(သို့မဟုတ်) Asylum နဲ့ နေထိုင်ခွင့်တောင်းခံသူတိုင်းနီးပါးဟာ စစ်တပ်ရဲ့ နှိပ်စက်မှုကြောင့် ပြည်တွင်းမှာ နေထိုင်လို့ မရတာကြောင့် ခိုလှုံခွင့်ပေးပါလို့ တောင်းခံနေထိုင်ကြခြင်းဖြစ်တယ်။ အဲ့လိုတွေ USCIS ရှေ့မှောက်မှာ ထွက်ဆိုခဲ့ပြီး စစ်တပ်ကို ထောက်ခံ၊ ကောင်းကြောင်းတွေပြောနေတာဟာ စစ်တပ်ကနှိပ်စက်လို့ ထွက်ပြေးရပါတယ်လို့ လိမ်လည်ခဲ့တာကို ပေါ်လွင်စေတဲ့အတွက်USCISက တရားစွဲဆိုတာဖြစ်တယ်။
ဒီမိုကရေစီနိုင်ငံက လွတ်လပ်မှုနဲ့ ဒီမိုကရေစီအနှစ်သာရတွေကို စံစားနေပြီး ပြည်တွင်းက ပြည်သူတွေကိုကျ စစ်တပ်ရဲ့ နှိပ်စက်သတ်ဖြတ်မှုတွေကို ခံစားစမ်းဆိုတဲ့ သန္ဓေယုတ်မျိုးတွေကို USရောက် မြန်မာနိုင်ငံသားတွေကလည်း လက်မခံသလို USအစိုးရကလည်း လက်မခံပါဘူး။
ဒါက အစပဲ ရှိသေးတယ်။ စစ်အာဏာရှင်ကို ထောက်ခံချင်တဲ့ကောင်တွေ စစ်အာဏာရှင်နိုင်ငံမှာ ပြန်နေရမယ်။ USလို ဒီမိုကရေစီနိုင်ငံမှာ ခေါင်းပြားပြားနဲ့ နေထိုင်ခွင့်မရစေရဘူး။
ပြည်တွင်းမှာ လက်နက်ကိုင်ပြီး ပြည်သူတွေကို သတ်ဖြတ်နေတာကိုတောင် ရရာစွဲကိုင် တော်လှန်နေတဲ့ ပြည်သူမျိုးတွေက USလို ဘယ်ကောင်မှ စောက်လူပါးဝခွင့် လုံးဝ မရှိတဲ့နိုင်ငံမှာ အာဏာရှင်ထောက်ခံတဲ့ စစ်ဘောမတွေကို လက်ပိုက်ကြည့်မနေဘူးဆိုတာ ယုံ။
အဲ့ဘောမကတော့ ပြောသွားတယ်။ ဆက်မ မ,ရဲတော့ပါဘူး။ သူ့လိုဘောမတွေလည်း ဆက်မ မ,ကြပါနဲ့တော့တဲ့။ မ,ချင်ရင်တောင် ပေါ်တင်မ မ,နဲ့။ ကြိတ်မ,ကြပါတဲ့။
သူတို့ကိုယ်သူတို့တောင် မကာကွယ်နိုင်တဲ့ အရှုံးသမားတွေကို ဘယ်သူ့အားကိုးနဲ့ ဆက်မ,ရဲမလဲ။ စောင့်ကြည့်မယ်။…အဟင်း …
ပန်ဆယ်လို