မဲခေါင်၊ ဒီဇင်ဘာလ ၁၀
MeKongNews
ရဲ ၃ ဦး လက်နက်တွေယူပြီး ထွက်ပြေး
မဲခေါင်၊ ဒီဇင်ဘာလ ၁၀
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား ၃ဦးဟာ လက်နက်တွေယူပြီး ထွက်ပြေးတာ ၂ ရက်ကြာပြီဖြစ်တယ်လို့ Dawei Information Center ကနေ ဒီနေ့မှာ သိရပါတယ်။
ဒီဇင်ဘာ ၈ ရက်၊ ညက မောင်းမကန်နယ်မြေ ရဲစခန်းမှ ရဲတပ်သားတွေ ထွက်ပြေးသွားတာကြောင့် ရဲဗိုလ်ကြီးအဆင့်ရှိသူက ပြန်လည်ဖမ်းဆီးနိုင်ဖို့ တာဝန်ကျရဲဝန်ထမ်းတွေနဲ့ စရဖတွေကိုညွှန်ကြားထားတာလို့ စခန်းနဲ့ နီးစပ်သူတဦးကဆိုပါတယ်။
“ရဲစခန်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းရဲတပ်သားတွေစိတ်ဓာတ်ကျနေကြတယ်။ညပိုင်းဆိုရင်ရက်မူး၍အော်ဆဲတာတွေကြားရပြီး အချင်းချင်းလည်းရန်ဖြစ်တာတွေရှိပါတယ်။ကျန်ရဲတွေမှာလည်း စောင့်ကြည့်ခံနေရပြီ” လို့ သူကပြောပါတယ်။
အဲဒီစခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ(၄)ရက် ညပိုင်းမှာ လောင်းလုံးLLPDF၊ ထားဝယ်DGRF/DDTတပ်ခွဲ(၃)၊ ရေဖြူ YPP DF/ T-PDF၊ ထားဝယ်တပ်နဂါး၊ အထူးပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။