Local News

စစ္သား တစ္ဦးကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိ

စစ္သား တစ္ဦးကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိ

ရန္ကုန္၊ ဒီဇင္ဘာ ၁၀

ပဲခူးတိုင္း၊ ေပါင္းတည္ၿမိဳ႕နယ္၊ ၾကာနီကန္ေက်း႐ြာအပ္စုတြင္ ဒီဇင္ဘာလ ၉ ရက္ေန႔က အၾကမ္းဖက္စစ္ သားတစ္ဦးကို လက္နက္ခဲယမ္းႏွင့္အတူ အရွင္ဖမ္းမိခဲ့ေၾကာင္း Bago Region PDF ထံမွ သိရသည္။ျပည္ခ႐ိုင္ PDF တပ္ရင္း ၃၆၀၁၊ တပ္ခြဲ၂ တိုက္ဂါးစစ္ေၾကာင္းက ကင္းပုန္းဝပ္ေနေသာ ေနရာသို႔ တစ္ဦး တည္း အရပ္ဝတ္ျဖင့္ နယ္ေျမကြၽံဝင္လာေသာ အၾကမ္းဖက္စစ္သား ဝိုင္းဝန္းဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ၾကာနီကန္စခန္းမွာ ရွိတဲ့ စစ္သားေတြက အဲဒီေနရာအနီးတစ္ဝိုက္ကို ႏွစ္ေယာက္တစ္စု၊ သုံးေယာက္ တစ္စု အဲလိုေလွ်ာက္သြားေနရင္း တစ္ေယာက္တည္း ကြၽံဝင္လာတဲ့အခ်ိန္မွာ ဖမ္းမိခဲ့တာ၊ ပစ္တာ ခတ္ တာေတြမျဖစ္ခဲ့ဘူး၊ ဘယ္တပ္ကလဲဆိုတာလဲ မသိရေသးဘူး။စစ္ေဆးေနတုန္းပဲ” ဟု Bago Region PDF တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနကို ေျပာသည္။

ဖမ္းဆီးရရွိေသာ အၾကမ္းဖက္စစ္သားထံမွ MA2 (၁)လက္၊ က်ည္ေဘာက္(၄)ခုႏွင့္ 5.56က်ည္ အေတာင့္ (၂၀၀) တို႔ကို သိမ္းဆည္းရရွိခဲ့ၿပီး လုံၿခဳံစိတ္ခ်ေသာေနရာသို႔ ေခၚေဆာင္ထားကာ အမ်ိဳးသားညီၫြတ္ ေရးအစိုးရ(NUG)၊ ကာကြယ္ေရးဝန္ႀကီးဌာနမွ ၫႊန္ၾကားထားေသာ စစ္သုံ႔ပန္းဥပေဒႏွင့္အညီ ထိန္းသိမ္း ထားေၾကာင္း သိရသည္။

စစ်သား တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအပ်စုတွင် ဒီဇင်ဘာလ ၉ ရက်နေ့က အကြမ်းဖက်စစ် သားတစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၂ တိုက်ဂါးစစ်ကြောင်းက ကင်းပုန်းဝပ်နေသော နေရာသို့ တစ်ဦး တည်း အရပ်ဝတ်ဖြင့် နယ်မြေကျွံဝင်လာသော အကြမ်းဖက်စစ်သား ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကြာနီကန်စခန်းမှာ ရှိတဲ့ စစ်သားတွေက အဲဒီနေရာအနီးတစ်ဝိုက်ကို နှစ်ယောက်တစ်စု၊ သုံးယောက် တစ်စု အဲလိုလျှောက်သွားနေရင်း တစ်ယောက်တည်း ကျွံဝင်လာတဲ့အချိန်မှာ ဖမ်းမိခဲ့တာ၊ ပစ်တာ ခတ် တာတွေမဖြစ်ခဲ့ဘူး၊ ဘယ်တပ်ကလဲဆိုတာလဲ မသိရသေးဘူး။စစ်ဆေးနေတုန်းပဲ” ဟု Bago Region PDF တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောသည်။

ဖမ်းဆီးရရှိသော အကြမ်းဖက်စစ်သားထံမှ MA2 (၁)လက်၊ ကျည်ဘောက်(၄)ခုနှင့် 5.56ကျည် အတောင့် (၂၀၀) တို့ကို သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံစိတ်ချသောနေရာသို့ ခေါ်ဆောင်ထားကာ အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသော စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်း ထားကြောင်း သိရသည်။