Local News

မင္းေအာင္လႈိင္ကို စိန္ရတု လြတ္လပ္ေရးေန႔ ဗိုလ္ရႈသဘင္မွာ ခ်ီတက္ အေလးျပဳဖို႔ ဝန္ထမ္းေတြ ေနပူထဲ ခ်ီတက္ ေလ့ က်င့္ ေနရ (႐ုပ္/သံ)

မင္းေအာင္လႈိင္ကို စိန္ရတု လြတ္လပ္ေရးေန႔ ဗိုလ္ရႈသဘင္မွာ ခ်ီတက္ အေလးျပဳဖို႔ ဝန္ထမ္းေတြ ေနပူထဲ ခ်ီတက္ ေလ့ က်င့္ ေနရ (႐ုပ္/သံ)

ရန္ကုန္၊ ဒီဇင္ဘာ ၁၁

၂၀၂၃ ခုႏွစ္ ၊ ဇန္နဝါရီလ ၄ ရက္ေန႔က်ေရာက္မယ့္ စိန္ရတု လြတ္လပ္ေရးေန႔ ဗိုလ္ရႈသဘင္မွာ မင္းေအာင္လႈိင္ကို ခ်ီတက္ အေလးျပဳဖို႔ ဝန္ထမ္းေတြ ေနပူထဲ ခ်ီတက္ ေလ့က်င့္ေနရတယ္လို႔ ဝန္ထမ္းေတြဆီက သိရပါတယ္။

အၾကမ္းဖက္မင္းေအာင္လႈိင္က လာမယ့္ ဇန္နဝါရီလ ၄ ရက္ေန႔ ၇၅ ႏွစ္ေျမာက္ စိန္ရတု လြတ္လပ္ေရးေန႔ ဗိုလ္ရႈသဘင္မွာ ခ်ီတက္ အေလးျပဳခံမွာ လည္းျဖစ္ ပါတယ္။

“ဝန္ထမ္းေတြ ဝန္ႀကီးဌာနအားလုံးရွိသမွ် ဝန္ထမ္းေတြအကုန္ ေန႔တိုင္း ဘယ္ ညာ စစ္သင္တန္းေလွ်ာက္သလို ေနပူထဲ လုပ္ခိုင္းတာ။ ဗိုလ္ရႈသဘင္ အတြက္ လုပ္ခိုင္းတာ။ ႐ုံးအလုပ္ေတြ မလုပ္ခိုင္းဘူး။ ဘယ္ညာပဲ ေန႔တိုင္း ေလွ်ာက္ ခိုင္းၿပီး ေလ့က်င့္ခိုင္းတယ္” လို႔ ေနျပည္ေတာ္သတင္းရင္းျမစ္က ေျပာပါတယ္။

အၾကမ္းဖက္မင္းေအာင္လႈိင္က ဇန္နဝါရီလ ၄ ရက္ေန႔ လြတ္လပ္ေရးေန႔ စိန္ရတု သဘင္ပြဲ မတက္မီ ဒီဇင္ဘာလ ၁၅ ရက္ေန႔ မိတၱီလာေလတပ္မွာ က်င္းပမယ့္ အၾကမ္းဖက္ စစ္ေကာင္စီ ေလတပ္ ၇၅ ႏွစ္ ေျမာက္ စိန္ရတု ႏွစ္ပတ္ လည္ ပြဲကို တက္ေရာက္ဖို႔ရွိၿပီး အဲဒီေလတပ္ စိန္ရတု ႏွစ္ပတ္ လည္ပြဲ မွာ ႐ုရွား ထုတ္ SU-30 တိုက္ေလယာဥ္သစ္ေတြ တပ္ေတာ္ဝင္တာနဲ႔ အလွျပ ပ်ံသန္းတာေတြ လုပ္မွာလည္းျဖစ္ပါတယ္။

“ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ တံတားဦး ဌာနခ်ဳပ္မႉးနဲ႔ Pilot ေတြမပါေသးဘူး။ က်န္တဲ့ ေလတပ္ကလူေတြ မိတၳီလာကိုသြားၾကၿပီ။ ဒီႏွစ္ ေလတပ္ ႏွစ္ပတ္ လည္ အခမ္းအနား ( air show) လို႔ေခၚတဲ့ ေလယာဥ္ အလွျပပ်ံသန္းတာ SU ဦးစားေပး ပ်ံသန္းမယ္။

ေနျပည္ေတာ္ က Su အဖြဲ႕ေတြ မိတၳီလာေရာက္ကုန္ၿပီ။ တံတားဦး ၆၂ အုပ္က အဓိက စစ္ဆင္ေရးအတြက္ ခ်န္ထားခဲ့တယ္” လို႔ ေလ တပ္ သတင္းရင္းျမစ္က ေျပာပါတယ္။

မင်းအောင်လှိုင်ကို စိန်ရတု လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်မှာ ချီတက် အလေးပြုဖို့ ဝန်ထမ်းတွေ နေပူထဲ ချီတက် လေ့ ကျင့် နေရ (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့ကျရောက်မယ့် စိန်ရတု လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်မှာ မင်းအောင်လှိုင်ကို ချီတက် အလေးပြုဖို့ ဝန်ထမ်းတွေ နေပူထဲ ချီတက် လေ့ကျင့်နေရတယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်က လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်မှာ ချီတက် အလေးပြုခံမှာ လည်းဖြစ် ပါတယ်။

“ဝန်ထမ်းတွေ ဝန်ကြီးဌာနအားလုံးရှိသမျှ ဝန်ထမ်းတွေအကုန် နေ့တိုင်း ဘယ် ညာ စစ်သင်တန်းလျှောက်သလို နေပူထဲ လုပ်ခိုင်းတာ။ ဗိုလ်ရှုသဘင် အတွက် လုပ်ခိုင်းတာ။ ရုံးအလုပ်တွေ မလုပ်ခိုင်းဘူး။ ဘယ်ညာပဲ နေ့တိုင်း လျှောက် ခိုင်းပြီး လေ့ကျင့်ခိုင်းတယ်” လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်က ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ စိန်ရတု သဘင်ပွဲ မတက်မီ ဒီဇင်ဘာလ ၁၅ ရက်နေ့ မိတ္တီလာလေတပ်မှာ ကျင်းပမယ့် အကြမ်းဖက် စစ်ကောင်စီ လေတပ် ၇၅ နှစ် မြောက် စိန်ရတု နှစ်ပတ် လည် ပွဲကို တက်ရောက်ဖို့ရှိပြီး အဲဒီလေတပ် စိန်ရတု နှစ်ပတ် လည်ပွဲ မှာ ရုရှား ထုတ် SU-30 တိုက်လေယာဉ်သစ်တွေ တပ်တော်ဝင်တာနဲ့ အလှပြ ပျံသန်းတာတွေ လုပ်မှာလည်းဖြစ်ပါတယ်။

“ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ တံတားဦး ဌာနချုပ်မှူးနဲ့ Pilot တွေမပါသေးဘူး။ ကျန်တဲ့ လေတပ်ကလူတွေ မိတ္ထီလာကိုသွားကြပြီ။ ဒီနှစ် လေတပ် နှစ်ပတ် လည် အခမ်းအနား ( air show) လို့ခေါ်တဲ့ လေယာဉ် အလှပြပျံသန်းတာ SU ဦးစားပေး ပျံသန်းမယ်။

နေပြည်တော် က Su အဖွဲ့တွေ မိတ္ထီလာရောက်ကုန်ပြီ။ တံတားဦး ၆၂ အုပ်က အဓိက စစ်ဆင်ရေးအတွက် ချန်ထားခဲ့တယ်” လို့ လေ တပ် သတင်းရင်းမြစ်က ပြောပါတယ်။