Local News

ႏုၾကည္ ရဲ႕ ျပည့္သူ႔ရဲတပ္ဖြဲ႕ လက္စြမ္းျပပီ

ႏုၾကည္ ရဲ႕ ျပည့္သူ႔ရဲတပ္ဖြဲ႕ လက္စြမ္းျပပီ KTVတစ္ခုမွာတပ္ၾကပ္အပါသုံးေယာက္ ဖမ္းမိ၊တစ္ေယာက္ထြက္ေျပးလို႔ ပစ္ခတ္ရာေသဆုံ

KTV ၌ ေပ်ာ္ပါးေနေသာ ဘဏ္ျမန္မာ့စီးပြားေရး ဘဏ္မန္ေနဂ်ာအပါအဝင္ (၃)ဦးကို ဖမ္းမိ၊ ခုခံထြက္ ေျပးသြားေသာ စစ္သားေသဆုံး

ရန္ကုန္၊ ဒီဇင္ဘာ ၁၁

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္၊ ကေလးၿမိဳ႕၊ ေတာင္ဇရပ္ကြက္ရွိ BMB KTV ႏွင့္ မာဆပ္တြင္ ေပ်ာ္ပါးေန ေနေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ အႀကီးစားအမာခံ ဘဏ္မန္ေနဂ်ာ ထြန္းထြန္းႏိုင္အပါအဝင္ (၃)ဦး ကို ယမန္ေန႔ ဒီဇင္ဘာလ ၁၀ ရက္ေန႔လည္ ၁ နာရီခန႔္က ဝင္ေရာက္ဖမ္းဆီးခဲ့ေၾကာင္း ကေလးၿမိဳ႕ နယ္ ျပည္သူ႔ရဲတပ္ဖြဲ႕(ေတာင္ပိုင္း)တာဝန္ခံက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာသည္။

ဖမ္းဆီးရရွိသူမ်ားမွာ ျမန္မာ့စီးပြားေရးဘဏ္မန္ေနဂ်ာ ထြန္းထြန္းႏိုင္၊ အငယ္တန္းစာေရး ၿငိမ္းခန႔္ေဇာ္ ႏွင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ တပ္ၾကပ္ မင္းေဇာ္ဦးတို႔ျဖစ္ၿပီး ဖမ္းဆီးထိန္းသိမ္းေခၚေဆာင္လာ စဥ္ အၾကမ္းဖက္တပ္သားမင္းေဇာ္ဦးမွာ ျပန္လည္ခုခံထြက္ေပးသျဖင့္ ပစ္ခတ္ခဲ့ရာ ေသဆုံးသြားေၾကာင္း သိရသည္။

“ၿမိဳ႕ထဲ မစ္ရွင္ဆိုေတာ့ အျမန္ဖမ္းၿပီး ျပန္ထြက္လာတာ၊ ၿမိဳ႕ထဲမွာေတာ့ စစ္ေခြးေတြ လႈပ္လႈပ္႐ြ႐ြ ျဖစ္ သြားတယ္၊ သြားဖမ္းတဲ့ရဲေဘာ္ေတြအားလုံး ေဘးကင္းပါတယ္၊ CDM ဘဏ္ဝန္ထမ္းေတြကေတာ့ မန္ေနဂ်ာ ဖမ္းဆီးခံရတာနဲ႔ ပတ္သက္ၿပီး ဝမ္းသာေနၾကတယ္၊

အဲဒီလူက အဂတိလိုက္စားမႈႀကီးတယ္ လို႔ ၾကားရတယ္၊ စကစရဲ႕ အမာခံႀကီးလို႔လဲ သိရတယ္” ဟု ကေလးၿမိဳ႕နယ္ ျပည္သူ႔ရဲတပ္ဖြဲ႕( ေတာင္ ပိုင္း) တာဝန္ခံက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာသည္။

အၾကမ္းဖက္စစ္ေကာင္စီ၏ ေဒါက္တိုင္မ်ား KTV ႏွင့္မာဆပ္၌ ေရာက္ရွိေနေၾကာင္း သတင္းအရ PDF Kalay တပ္ဖြဲ႕ဝင္မ်ားမွ ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး ဖမ္းဆီးရရွိေသာ တရားခံမ်ားကို အမ်ိဳးသား ညီၫြတ္ေရး အစိုးရ၊ ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာန၊

ျပည္သူ႔ရဲခ်ဳပ္၏ ၫႊန္ၾကားခ်က္ အရ ကေလး ၿမိဳ႕နယ္တရားသူႀကီးအဖြဲ႕သို႔ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၂(က)ျဖင့္ တရား စြဲဆို တင္ပို႔ ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ထားေၾကာင္းႏွင့္ ႏိုင္ငံတကာ လူ႔အခြင့္အေရး စံခ်ိန္စံၫႊန္းတို႔ႏွင့္ အ ညီ ထိန္းသိမ္း ထားေၾကာင္း ကေလးၿမိဳ႕နယ္ျပည္သူ႔ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

နုကြည် ရဲ့ ပြည့်သူ့ရဲတပ်ဖွဲ့ လက်စွမ်းပြပီ KTVတစ်ခုမှာတပ်ကြပ်အပါသုံးယောက် ဖမ်းမိ၊တစ်ယောက်ထွက်ပြေးလို့ ပစ်ခတ်ရာသေဆုံ

KTV ၌ ပျော်ပါးနေသော ဘဏ်မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာအပါအဝင် (၃)ဦးကို ဖမ်းမိ၊ ခုခံထွက် ပြေးသွားသော စစ်သားသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးမြို့၊ တောင်ဇရပ်ကွက်ရှိ BMB KTV နှင့် မာဆပ်တွင် ပျော်ပါးနေ နေသော အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားအမာခံ ဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်အပါအဝင် (၃)ဦး ကို ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့လည် ၁ နာရီခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ကလေးမြို့ နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးရရှိသူများမှာ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်၊ အငယ်တန်းစာရေး ငြိမ်းခန့်ဇော် နှင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ် မင်းဇော်ဦးတို့ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခေါ်ဆောင်လာ စဉ် အကြမ်းဖက်တပ်သားမင်းဇော်ဦးမှာ ပြန်လည်ခုခံထွက်ပေးသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

“မြို့ထဲ မစ်ရှင်ဆိုတော့ အမြန်ဖမ်းပြီး ပြန်ထွက်လာတာ၊ မြို့ထဲမှာတော့ စစ်ခွေးတွေ လှုပ်လှုပ်ရွရွ ဖြစ် သွားတယ်၊ သွားဖမ်းတဲ့ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်၊ CDM ဘဏ်ဝန်ထမ်းတွေကတော့ မန်နေဂျာ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ဝမ်းသာနေကြတယ်၊

အဲဒီလူက အဂတိလိုက်စားမှုကြီးတယ် လို့ ကြားရတယ်၊ စကစရဲ့ အမာခံကြီးလို့လဲ သိရတယ်” ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့( တောင် ပိုင်း) တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်များ KTV နှင့်မာဆပ်၌ ရောက်ရှိနေကြောင်း သတင်းအရ PDF Kalay တပ်ဖွဲ့ဝင်များမှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရရှိသော တရားခံများကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊

ပြည်သူ့ရဲချုပ်၏ ညွှန်ကြားချက် အရ ကလေး မြို့နယ်တရားသူကြီးအဖွဲ့သို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် တရား စွဲဆို တင်ပို့ နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတို့နှင့် အ ညီ ထိန်းသိမ်း ထားကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။