Local News

စစ္ေကာင္စီတပ္ ရဟတ္ ယာဥ္ ၁ စီ

ရွမ္း(ေျမာက္) နမ့္ဆန္တိုက္ပြဲမွာ စစ္ေကာင္စီတပ္ ရဟတ္ ယာဥ္ ၁ စီး က်ည္ထိမွန္ၿပီး ပ်ံသန္း၍ မရေတာ့သျဖင့္ တိုင္းစစ္ဌာနခ်ဳပ္ဝန္းထဲ ရပ္ထားရ

ဧရာဝတီတိုင္းမ္

ဒီဇင္ဘာလ ၁၁ ရက္

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ တေအာဝ္း (ပေလာင္) ကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္နဲ႔ TNLA၊ PDF ပူးေပါင္းတပ္ဖြဲ႕ေတြမ်ားအၾကား ဒီဇင္ဘာလ ၈ ရက္ေန႔ကျဖစ္ပြားခဲ့တဲ့ တိုက္ပြဲအတြင္း စစ္ေကာင္စီေလတပ္က ရဟတ္ယာဥ္ ၁ စီး ထိ ခိုက္ပ်က္ဆီးခဲ့ေၾကာင္း သိရပါတယ္။

နမ့္ဆန္ၿမိဳ႕နယ္၊ ဟူးမန္းေက်း႐ြာ ႏွင့္ ကုန္းသာေက်း႐ြာအနီး ျဖစ္ပြားတဲ့ အဆိုပါတိုက္ပြဲေနရာအနီးကို ရဟတ္ ယာဥ္နဲ႔စစ္ေကာင္စီတပ္သားေတြကိုလာေရာက္ပို႔ေဆာင္စဥ္မွာ ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္ေတြဘက္က ပစ္ခတ္မႈေၾကာင့္ ရဟတ္ယာဥ္ကိုထိမွန္ခဲ့တာျဖစ္တယ္လို႔ ေျမျပင္ေတာ္ လွန္ေရးတပ္ဖြဲ႕ ဝင္ေတြက ေျပာပါတယ္။

”ဒီဇင္ဘာ ၈ ရက္ေန႔တိုက္ပြဲမွာ ထိတာပါ။ အဲ့ဒီေန႔က ရဟတ္ယာဥ္ေတြနဲ႔လာၿပီး စကစေကာင္ေတြ လာခ်တာရွိတယ္။ အဲ့ဒီေအာက္ဆင္းဖို႔ အနိမ္ပ်ံတဲ့အခ်ိန္ ေတာ္ လွန္ေရးရဲေဘာ္ေတြဘက္က ပစ္တာ။ ပြိဳင့္ ၅ က်ည္နဲ႔ပစ္တာမွာ ထိသြားတာ။ ထိတာ ၂ စီးထိတာလို႔သိရတယ္။ ထိတာက ေသခ်ာတယ္”လို႔ ေျမျပင္ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္နဲ႔ နီးစပ္သူတစ္ဦးက ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္။

ရွမ္းေျမာက္ေဒသတိုက္ပြဲအတြင္း က်ည္ထိမွန္ခဲ့တဲ့ရဟတ္ယာဥ္ဟာ Mi 17 အမ်ိဳးအစားျဖစ္ၿပီး ေလယာဥ္ ကိုယ္ထည္နဲ႔ အၿမီးပိုင္းကို က်ည္ဆံထိမွန္ခဲ့တာျဖစ္ ေၾကာင္းစုံစမ္းသိရွိရပါတယ္။အဲ့ဒီရဟတ္ယာဥ္ဟာ လတ္ တေလာမွာပ်ံသန္းလို႔မရေတာ့လို႔ လားရႈိးၿမိဳ႕ အေျခစိုက္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ (ရမခ) ဝန္းအတြင္းမွာ ရပ္တန႔္ထားရတယ္လို႔ စစ္ဘက္သတင္းရင္းျမစ္ေတြက အတည္ျပဳ ေျပာဆိုပါတယ္။

”ရဟတ္ယာဥ္ထိသြားတာ မွန္ပါတယ္။Mi 17အမ်ိဳးအစား ပါ။ ေဘာ္ဒီနဲ႔အၿမီးကို ထိတယ္။ ပ်က္က်တာမ်ိဳးေတာ့ မရွိဘူး။ ဌာေနအေရာက္ေတာ့ ျပန္လာႏိုင္တယ္။ ဒါေပမယ့္ လတ္တေလာမွာေတာ့ ထပ္ၿပီးပ်ံသန္းလို႔မရေတာ့ဘူး။ ရမခ ထဲမွာရပ္ထားရတယ္”လို႔ အေရွ႕ေျမာက္တိုင္းစစ္ဌာ နခ်ဳပ္ တပ္တြင္းသတင္းရင္းျမစ္တစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

ေတာ္လွန္ေရးအင္အားစုေတြဘက္က ၂ စီးထိမွန္တယ္လို႔ ေျပာဆိုေပမယ့္ ဧရာဝတီတိုင္းမ္အေနနဲ႔ Mi 17 ရဟတ္ ယာဥ္ ၁ စီးထိခိုက္ထားတာကိုသာ အတည္ျပဳထားႏိုင္ပါတယ္။စစ္ေကာင္စီတပ္သုံး Mi 17 အမ်ိဳးအစားရဟတ္ယာဥ္ေတြဟာ စစ္ေကာင္စီေလတပ္အတြက္ မဟာဗ်ဴဟာေျမာက္ ရဟတ္ယာဥ္ေတြျဖစ္ၿပီး သယ္ယူပို႔ေဆာင္ေရးအတြက္ အဓိကအသုံးျပဳတဲ့ ရဟတ္ယာဥ္ေတြျဖစ္တယ္လို႔ ေလတပ္ CDM တပ္မေတာ္သားအရာရွိ ၁ ဦးကေျပာပါတယ္။

”ရွမ္းေျမာက္မွာဆိုရင္ ရမခ နဲ႔တဆက္တည္းရွိတဲ့ အေျမာက္တပ္ဝန္းမွာ Mi 17 ၂ စီး၊ Mi 35 ၂ စီး ကို အရင္ထဲက ထားထားတာ ရွိတယ္။ ေလတပ္ထဲမွာမဟုတ္ဘဲ တိုင္းစစ္ဌာနခ်ဳပ္အေနနဲ႔ အေရးေပၚသုံးလို႔ ရေအာင္ထားထားတာ။ ဒီ Mi 17 ေတြက မဟာဗ်ဴဟာေျမာက္ရဟတ္ ယာဥ္လို႔ ေျပာလို႔ရတယ္။ Transportation (သယ္ယူပို႔ ေဆာင္ေရး) ကိုအဓိကေပါ့ေနာ္။ ပစ္ခတ္တာလုပ္လို႔ရ ေအာင္ လုပ္ထားတဲ့ ရဟတ္ ယာဥ္ေတြလည္း ရွိပါတယ္ ။ အဓိကက တိုက္ပြဲျဖစ္ေနတဲ့ေနရာကို စစ္ကူသြားခ်ေပးလို႔ရတယ္။ တိုက္ပြဲထဲမွာ ဒဏ္ရာျပင္းထန္သူရွိရင္လည္း ျပန္သယ္တယ္ေပါ့။ ေျမျပင္ဆင္းဖို႔ အနိမ့္ပ်ံမယ့္အခ်ိန္မွာ သူ႔မွာ ဘာ cover မွ မရွိတဲ့အတြက္ ပစ္ခတ္ရင္ထိခိုက္ႏိုင္ပါတယ္။ ပ်က္က်တဲ့အထိမဟုတ္ရင္ေတာင္ ေနာက္တခါပ်ံလို႔မရေတာ့တဲ့ အေျခအေနမ်ိဳး” လို႔ ေလတပ္ CDM တပ္မေတာ္သား ဗိုလ္ႀကီး ေဇသူေအာင္က ေျပာပါတယ္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ၊ တအာဝ္း(ပေလာင္)ကိုယ္ခ်ဳပ္ခြင့္ရနယ္ေျမထဲမွာ ဒီဇင္ဘာလ ၈ ရက္ေန႔ကစလို႔ စစ္ေကာင္စီတပ္နဲ႔ တိုင္းရင္းသားတပ္ဖြဲ႕ေတြအၾကား တိုက္ပြဲေတြျပင္းထန္ေနၿပီး စစ္ေကာင္စီဘက္က ေလေၾကာင္းအသုံးျပဳတိုက္ခိုက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ေနလို႔ ေဒသခံေတြေထာင္နဲ႔ခ်ီထြက္ေျပးတိမ္း ေရွာင္ေနရပါတယ္။

Ayeyarwaddy_Times

ရှမ်း(မြောက်) နမ့်ဆန်တိုက်ပွဲမှာ စစ်ကောင်စီတပ် ရဟတ် ယာဉ် ၁ စီး ကျည်ထိမှန်ပြီး ပျံသန်း၍ မရတော့သဖြင့် တိုင်းစစ်ဌာနချုပ်ဝန်းထဲ ရပ်ထားရ

ဧရာဝတီတိုင်းမ်

ဒီဇင်ဘာလ ၁၁ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တအောဝ်း (ပလောင်) ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေများအကြား ဒီဇင်ဘာလ ၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်က ရဟတ်ယာဉ် ၁ စီး ထိ ခိုက်ပျက်ဆီးခဲ့ကြောင်း သိရပါတယ်။

နမ့်ဆန်မြို့နယ်၊ ဟူးမန်းကျေးရွာ နှင့် ကုန်းသာကျေးရွာအနီး ဖြစ်ပွားတဲ့ အဆိုပါတိုက်ပွဲနေရာအနီးကို ရဟတ် ယာဉ်နဲ့စစ်ကောင်စီတပ်သားတွေကိုလာရောက်ပို့ဆောင်စဉ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်ကိုထိမှန်ခဲ့တာဖြစ်တယ်လို့ မြေပြင်တော် လှန်ရေးတပ်ဖွဲ့ ဝင်တွေက ပြောပါတယ်။

”ဒီဇင်ဘာ ၈ ရက်နေ့တိုက်ပွဲမှာ ထိတာပါ။ အဲ့ဒီနေ့က ရဟတ်ယာဉ်တွေနဲ့လာပြီး စကစကောင်တွေ လာချတာရှိတယ်။ အဲ့ဒီအောက်ဆင်းဖို့ အနိမ်ပျံတဲ့အချိန် တော် လှန်ရေးရဲဘော်တွေဘက်က ပစ်တာ။ ပွိုင့် ၅ ကျည်နဲ့ပစ်တာမှာ ထိသွားတာ။ ထိတာ ၂ စီးထိတာလို့သိရတယ်။ ထိတာက သေချာတယ်”လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ရှမ်းမြောက်ဒေသတိုက်ပွဲအတွင်း ကျည်ထိမှန်ခဲ့တဲ့ရဟတ်ယာဉ်ဟာ Mi 17 အမျိုးအစားဖြစ်ပြီး လေယာဉ် ကိုယ်ထည်နဲ့ အမြီးပိုင်းကို ကျည်ဆံထိမှန်ခဲ့တာဖြစ် ကြောင်းစုံစမ်းသိရှိရပါတယ်။အဲ့ဒီရဟတ်ယာဉ်ဟာ လတ် တလောမှာပျံသန်းလို့မရတော့လို့ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဝန်းအတွင်းမှာ ရပ်တန့်ထားရတယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေက အတည်ပြု ပြောဆိုပါတယ်။

”ရဟတ်ယာဉ်ထိသွားတာ မှန်ပါတယ်။Mi 17အမျိုးအစား ပါ။ ဘော်ဒီနဲ့အမြီးကို ထိတယ်။ ပျက်ကျတာမျိုးတော့ မရှိဘူး။ ဌာနေအရောက်တော့ ပြန်လာနိုင်တယ်။ ဒါပေမယ့် လတ်တလောမှာတော့ ထပ်ပြီးပျံသန်းလို့မရတော့ဘူး။ ရမခ ထဲမှာရပ်ထားရတယ်”လို့ အရှေ့မြောက်တိုင်းစစ်ဌာ နချုပ် တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က ၂ စီးထိမှန်တယ်လို့ ပြောဆိုပေမယ့် ဧရာဝတီတိုင်းမ်အနေနဲ့ Mi 17 ရဟတ် ယာဉ် ၁ စီးထိခိုက်ထားတာကိုသာ အတည်ပြုထားနိုင်ပါတယ်။စစ်ကောင်စီတပ်သုံး Mi 17 အမျိုးအစားရဟတ်ယာဉ်တွေဟာ စစ်ကောင်စီလေတပ်အတွက် မဟာဗျူဟာမြောက် ရဟတ်ယာဉ်တွေဖြစ်ပြီး သယ်ယူပို့ဆောင်ရေးအတွက် အဓိကအသုံးပြုတဲ့ ရဟတ်ယာဉ်တွေဖြစ်တယ်လို့ လေတပ် CDM တပ်မတော်သားအရာရှိ ၁ ဦးကပြောပါတယ်။

”ရှမ်းမြောက်မှာဆိုရင် ရမခ နဲ့တဆက်တည်းရှိတဲ့ အမြောက်တပ်ဝန်းမှာ Mi 17 ၂ စီး၊ Mi 35 ၂ စီး ကို အရင်ထဲက ထားထားတာ ရှိတယ်။ လေတပ်ထဲမှာမဟုတ်ဘဲ တိုင်းစစ်ဌာနချုပ်အနေနဲ့ အရေးပေါ်သုံးလို့ ရအောင်ထားထားတာ။ ဒီ Mi 17 တွေက မဟာဗျူဟာမြောက်ရဟတ် ယာဉ်လို့ ပြောလို့ရတယ်။ Transportation (သယ်ယူပို့ ဆောင်ရေး) ကိုအဓိကပေါ့နော်။ ပစ်ခတ်တာလုပ်လို့ရ အောင် လုပ်ထားတဲ့ ရဟတ် ယာဉ်တွေလည်း ရှိပါတယ် ။ အဓိကက တိုက်ပွဲဖြစ်နေတဲ့နေရာကို စစ်ကူသွားချပေးလို့ရတယ်။ တိုက်ပွဲထဲမှာ ဒဏ်ရာပြင်းထန်သူရှိရင်လည်း ပြန်သယ်တယ်ပေါ့။ မြေပြင်ဆင်းဖို့ အနိမ့်ပျံမယ့်အချိန်မှာ သူ့မှာ ဘာ cover မှ မရှိတဲ့အတွက် ပစ်ခတ်ရင်ထိခိုက်နိုင်ပါတယ်။ ပျက်ကျတဲ့အထိမဟုတ်ရင်တောင် နောက်တခါပျံလို့မရတော့တဲ့ အခြေအနေမျိုး” လို့ လေတပ် CDM တပ်မတော်သား ဗိုလ်ကြီး ဇေသူအောင်က ပြောပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ တအာဝ်း(ပလောင်)ကိုယ်ချုပ်ခွင့်ရနယ်မြေထဲမှာ ဒီဇင်ဘာလ ၈ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ဒေသခံတွေထောင်နဲ့ချီထွက်ပြေးတိမ်း ရှောင်နေရပါတယ်။

Ayeyarwaddy_Times