Local News

ကိုယ့္ေျခေထာက္ေလးေတာ့ ကိုယ္ျပန္ယူသြားမွေပါ့။

ၿမိဳ႕လွ KPDF ၏ မိုင္းဆြဲတိုက္ခိုက္မႈေၾကာင့္ စစ္သား ၄ ဦး ေသ ဆုံး ၿပီး ေျချပတ္မ်ား က်န္ခဲ့၊ ေညာင္ပင္ဝန္း ရဲစခန္းႏွင့္ ေရတာရွည္တြင္ စစ္သား မ်ား ကို တိုက္ခိုက္ခံရ

ရန္ကုန္၊ ဒီဇင္ဘာ ၁၃

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕နယ္၊ ေခ်ာင္းဝ႐ြာမွ မိုးတားေလးေက်း႐ြာဘက္သို႔ ခ်ီတက္လာေသာ စစ္သားမ်ားကို ဒီဇင္ဘာလ ၁၁ ရက္ေန႔ နံနက္ ၇ နာရီ ၄၂ မိနစ္က မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ ၄ ဦး ေသဆုံးၿပီး ၁၀ ဦးထက္ မနည္း ဒဏ္ရာ ရရွိခဲ့ေၾကာင္း ၿမိဳ႕လွ PDF ထံမွ သိရသည္။

စစ္ေကာင္စီ တပ္မ ၈၈ လက္ေအာက္ခံ ခလရ (၇၈) တပ္မွ စစ္ ေၾကာင္း မႉး ေဇယ်ာမင္း ဦးေဆာင္ေသာ အင္အား ၆၇ ေယာက္ပါ စစ္ေၾကာင္း ကို ၿမိဳ႕လွ K- PDF တပ္ခြဲ (၁) ဗိုလ္မိုးႀကိဳး တပ္ခြဲမွ မိုင္းဆြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ေသဆုံးသြားေသာ အၾကမ္းဖက္စစ္သားအေလာင္းမ်ားကို ေနာက္တန္းႏွင့္ အနီးတဝိုက္၌ ေျမျမႇဳပ္သြား ၿပီး ေျချပတ္ လက္ျပတ္ျဖစ္သြားေသာ စစ္ သား မ်ားကို ထမ္းထုပ္သယ္ေဆာင္သြားကာ ျပတ္ က်န္ခဲ့ေသာ ေျခေထာက္ မ်ားကို ၿမိဳ႕ လွ KPDF တပ္ဖြဲ႕မွ ေျမျမႇဳပ္ေပးခဲ့ရေၾကာင္း ၿမိဳ႕လွ KPDF က ထုတ္ ျပန္ ေျပာဆိုထားသည္။

အလားတူ စစ္ကိုင္းတိုင္း၊ ျမင္းမူၿမိဳ႕နယ္ရွိ အၾကမ္းဖက္စစ္သား အင္အား ၁၀၀ ခန႔္ျဖင့္ တပ္စြဲထားေသာ ေညာင္ပင္ ဝန္းရဲစခန္းကို ဒီဇင္ဘာလ ၁၀ ရက္ ည ၉ နာရီ ၁၅ မိနစ္ခန႔္က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ ခိုက္ခဲ့ရာ စစ္ေကာင္ စီ တပ္ဖြဲ႕၏ ျပန္လည္ပစ္ခတ္မႈေၾကာင့္ ျပည္သူတစ္ဦး က်ည္ထိမွန္ ဒဏ္ ရာ ရရွိခဲ့ ေၾကာင္း စစ္ကိုင္းၿမိဳ႕နယ္ သတင္းမွန္ျပန္ၾကားေရးထံက သိရ သည္။

အဆိုပါ ေညာင္ပင္ဝန္းရဲစခန္တြင္း အင္အားတိုးျမႇင့္ကာ တပ္စြဲေသာ အၾကမ္း ဖက္ စစ္သားမ်ားသည္ အနီး အနားပတ္ဝန္းက်င္႐ြာမ်ားကို မီးရႈိ႕ျခင္း ၊ ဖ်က္ ဆီးျခင္း၊ ပစၥည္းမ်ား လုယက္ျခင္း၊ ဂိတ္ဖြင့္ကာဆတ္ ေၾကး ေကာက္ ေနျခင္း တို႔ေၾကာင့္ တိုက္နယ္စြန္ PDF ႏွင့္ ျမင္းမူ MMDF တပ္ဖြဲ႕တို႔ ပူးေပါင္း ကာ ရဲစခန္း ေျမာက္ဘက္မွ ၆၀ မမ ၆ ခ်က္၊ ၄၀ မမ ၃ ခ်က္ႏွင့္ လက္နက္ႀကီး ၂ ခ်က္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္း ျဖစ္ ေၾကာင္း သိရသည္။

“စစ္ေခြးေတြ ေသဆုံးထိခိုက္မႈအေျခအေန မသိရေသးပါဘူး၊ စစ္ေခြးေတြက ပစ္ လိုက္ တဲ့ က်ည္ဆံက သစ္ပင္ကို ထိမွန္ၿပီးေတာ့ အဲဒီကတစ္ဆင့္ ျပည္သူ တစ္ ဦး ထိမွန္တာရွိခဲ့ပါတယ္”ဟု စစ္ကိုင္းၿမိဳ႕နယ္ သတင္းမွန္ျပန္ ၾကားေရးက ေျပာ ၾကားသည္။

ထို႔ျပင္ ပဲခူးတိုင္း၊ ေရတာရွည္ၿမိဳ႕နယ္၊ စည္ပိုင္းေက်း႐ြာထိပ္၌ တပ္စြဲထားေသာ အၾကမ္းဖက္ စစ္ ေကာင္စီတပ္ စခန္းကို ယမန္ေန႔ ဒီဇင္ဘာလ ၁၁ ရက္ ည ၇ နာရီခန႔္က အေဝးထိန္းမိုင္းျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာ ေသဆုံး ထိခိုက္ မႈ ရွိ ႏိုင္ေၾကာင္း ေဒါင္းမင္းသား – ေရတာရွည္ PDF ထံမွ သိရသည္။

အဆိုပါ အၾကမ္းဖက္စစ္ေကာင္စီ စခန္းသည္ အင္အား ၃၅ ေယာက္ခန႔္ရွိၿပီး ေတာင္ငူခ႐ိုင္ ျပည္သူ႔ကာ ကြယ္ေရးတပ္မေတာ္၊ တပ္ရင္း(၃၅၀၁)၊ တပ္ခြဲ (၃) ေဒါင္းမင္းသားညီေနာင္တပ္ဖြဲ႕ႏွင့္ သံေတာင္ေျမာက္ ပိုင္း ဦးကိုႀကီး ဦးေသာ တပ္ဖြဲ႕ တို႔ပူးေပါင္းကာ အေဝးထိန္းမိုင္း (၂)လုံးျဖင့္ေဖာက္ခြဲ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ ေၾကာင္း၊ မိုင္းကြင္းေပၚတည့္တည့္ ေရာက္ရွိလာသည့္ စစ္သားမ်ား ထိခိုက္ ေသဆုံးမႈရွိႏိုင္ ေၾကာင္း သိရသည္။

မြို့လှ KPDF ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦး သေ ဆုံး ပြီး ခြေပြတ်များ ကျန်ခဲ့၊ ညောင်ပင်ဝန်း ရဲစခန်းနှင့် ရေတာရှည်တွင် စစ်သား များ ကို တိုက်ခိုက်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ချောင်းဝရွာမှ မိုးတားလေးကျေးရွာဘက်သို့ ချီတက်လာသော စစ်သားများကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၂ မိနစ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးပြီး ၁၀ ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့လှ PDF ထံမှ သိရသည်။

စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံ ခလရ (၇၈) တပ်မှ စစ် ကြောင်း မှူး ဇေယျာမင်း ဦးဆောင်သော အင်အား ၆၇ ယောက်ပါ စစ်ကြောင်း ကို မြို့လှ K- PDF တပ်ခွဲ (၁) ဗိုလ်မိုးကြိုး တပ်ခွဲမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက်စစ်သားအလောင်းများကို နောက်တန်းနှင့် အနီးတဝိုက်၌ မြေမြှုပ်သွား ပြီး ခြေပြတ် လက်ပြတ်ဖြစ်သွားသော စစ် သား များကို ထမ်းထုပ်သယ်ဆောင်သွားကာ ပြတ် ကျန်ခဲ့သော ခြေထောက် များကို မြို့ လှ KPDF တပ်ဖွဲ့မှ မြေမြှုပ်ပေးခဲ့ရကြောင်း မြို့လှ KPDF က ထုတ် ပြန် ပြောဆိုထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားသော ညောင်ပင် ဝန်းရဲစခန်းကို ဒီဇင်ဘာလ ၁၀ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင် စီ တပ်ဖွဲ့၏ ပြန်လည်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန် ဒဏ် ရာ ရရှိခဲ့ ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရ သည်။

အဆိုပါ ညောင်ပင်ဝန်းရဲစခန်တွင်း အင်အားတိုးမြှင့်ကာ တပ်စွဲသော အကြမ်း ဖက် စစ်သားများသည် အနီး အနားပတ်ဝန်းကျင်ရွာများကို မီးရှို့ခြင်း ၊ ဖျက် ဆီးခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ ဂိတ်ဖွင့်ကာဆတ် ကြေး ကောက် နေခြင်း တို့ကြောင့် တိုက်နယ်စွန် PDF နှင့် မြင်းမူ MMDF တပ်ဖွဲ့တို့ ပူးပေါင်း ကာ ရဲစခန်း မြောက်ဘက်မှ ၆၀ မမ ၆ ချက်၊ ၄၀ မမ ၃ ချက်နှင့် လက်နက်ကြီး ၂ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

“စစ်ခွေးတွေ သေဆုံးထိခိုက်မှုအခြေအနေ မသိရသေးပါဘူး၊ စစ်ခွေးတွေက ပစ် လိုက် တဲ့ ကျည်ဆံက သစ်ပင်ကို ထိမှန်ပြီးတော့ အဲဒီကတစ်ဆင့် ပြည်သူ တစ် ဦး ထိမှန်တာရှိခဲ့ပါတယ်”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန် ကြားရေးက ပြော ကြားသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာထိပ်၌ တပ်စွဲထားသော အကြမ်းဖက် စစ် ကောင်စီတပ် စခန်းကို ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် ည ၇ နာရီခန့်က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ သေဆုံး ထိခိုက် မှု ရှိ နိုင်ကြောင်း ဒေါင်းမင်းသား – ရေတာရှည် PDF ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စခန်းသည် အင်အား ၃၅ ယောက်ခန့်ရှိပြီး တောင်ငူခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ (၃) ဒေါင်းမင်းသားညီနောင်တပ်ဖွဲ့နှင့် သံတောင်မြောက် ပိုင်း ဦးကိုကြီး ဦးသော တပ်ဖွဲ့ တို့ပူးပေါင်းကာ အဝေးထိန်းမိုင်း (၂)လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း၊ မိုင်းကွင်းပေါ်တည့်တည့် ရောက်ရှိလာသည့် စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။