Local News

အနီးကပ္ ေတ့ျဖဳတ္

မႏၲေလးၿမိဳ႕က စစ္ေကာင္စီ သစၥာခံ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး တစ္ေယာက္ အသ-တ္ခံရ၊

MFP ၊ ဒီဇင္ဘာ – ၁၄

မႏၲေလးၿမိဳ႕၊ မဟာအာင္ေျမၿမိဳ႕နယ္၊ ရတနာဘုမၼိ အေရွ႕ရပ္ကြက္၊ လမ္း(၈၀)ႏွင့္ (၃၆)လမ္းၾကားမွာ ေနတဲ့ စစ္ေကာင္စီ သၥစာခံ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး စိန္ဝင္းဆိုသူ ယမန္ေန႔ညေနပိုင္း ေသနတ္နဲ႔ ပစ္ခတ္ခံရကာ ေသဆုံးတယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္။

ဒီဇင္ဘာ(၁၃)ရက္ ညေန(၅)နာရီခြဲမွာ “အသိုက္ကိုဖ်က္ရင္ အသက္ကို ျပန္ယူမယ္” စစ္ဆင္ေရးအျဖစ္ စစ္ေကာင္စီ သၥစာခံ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး စိန္ဝင္းကို သူ႔ရဲ႕ အိမ္ေရွ႕ မာလာဟင္း စားေနခ်ိန္ ပစ္ခတ္ခဲ့တာလို႔ မႏၲေလးၿမိဳ႕ျပေျပာက္က်ား Special Task Force – STF-MDY က သတင္း ထုတ္ျပန္ပါတယ္။

“ေနအိမ္ေရွ႕တြင္ မာလာဟင္းစားရန္ ထြက္လာေသာ “ရတနာဘုမၼိ အေရွ႕ရပ္ကြက္႐ုံး အုပ္ႀကီး ( စိန္ဝင္း) အား ကြၽႏ္ုပ္တို႔ STF-MDY အဖြဲ႕သားမ်ားမွ ႏႈတ္ခမ္းနီ တစ္ေတာင့္ျဖင့္ Head Shot ပစ္ကာ ငရဲသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သတင္းေကာင္း ေပးအပ္ပါသည္။ (အုပ္ႀကီး စိန္ဝင္း)အား ငရဲသို႔ ပို႔ေဆာင္ၿပီးေနာက္ ကြၽႏ္ုပ္တို႔ STF-MDY အဖြဲ႕သားမ်ား အထိအခိုက္ မရွိ ျပန္လည္ ဆုတ္ခြာလာႏိုင္ခဲ့သည္။

“ကြၽႏ္ုပ္တို႔STF-MDYသည္ ျပည္သူလူထု ၏ အေထာက္အပံ့ျဖင့္ ရပ္တည္ေနရၿပီး ရန္ပုံေငြနည္းပါးမႈေၾကာင့္ ပစၥည္းမ်ား ဝယ္ယူရန္ အခက္အခဲ ျဖစ္ေနေၾကာင္း ေျပာၾကားလိုပါသည္။ ျပည္သူလူထု အေနျဖင့္လည္း ေနသာသလို မေနၾကရန္ အထူး ေမတၱာရပ္ခံအပ္ပါသည္ ခဗ်ာ။” လို႔ STF – MDY က ေဖာ္ျပပါတယ္။

မဟာေအာင္ေျမၿမိဳ႕နယ္ အပါအဝင္ မႏၲေလးၿမိဳ႕က စစ္ေကာင္စီ သစၥာခံ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးေတြကို စစ္အုပ္စုက လက္နက္ေတြ ထုတ္ေပးထားၿပီး ျပည္သူ႔စစ္အမည္ခံ ပ်ဴအဖြဲ႕ေတြ ဖြဲ႕ေပးထားတာ ျဖစ္ပါတယ္။

မႏၲေလးၿမိဳေပၚက ျပည္သူ႔စစ္အမည္ခံ ပ်ဴအဖြဲ႕ေတြဟာ ေတာ္လွန္ေရးလႈပ္ရွားမႈေတြ အေၾကာင္း သတင္းစုံစမ္းတာ၊ ေဒသခံ ျပည္သူအေပၚ လက္နက္ျပ မိုက္ေၾကးခြဲတာ၊ ဖမ္းဆီးေငြညႇစ္တာ၊ စိတ္ထင္တိုင္း သတ္ျဖတ္တာေတြ က်ဴးလြန္ေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး စိန္ဝင္း (၆၅ႏွစ္)ကို သူ႔ရဲ႕ေနအိမ္ေရွ႕၊ သူ႔မိသားစု ဖြင့္ထားတဲ့ မာလာဟင္းဆိုင္မွာ ရွိေနခ်ိန္ (၃၆)လမ္းအတိုင္း အေရွ႕ဘက္ကေန အေနာက္ဘက္ကို ေမာင္းႏွင္လာတဲ့ ဆိုင္ကယ္စီး လူႏွစ္ဦးက ေသနတ္နဲ႔တစ္ခ်က္ ပစ္ခတ္ခဲ့လို႔ ဦးေခါင္း ေသနတ္မွန္ ဒဏ္ရာရကာ ေဆး႐ုံပို႔ခ်ိန္ ေသတယ္လို႔ စစ္ေလာ္ဘီေတြက ဆိုပါတယ္။

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး စိန္ဝင္း ေသၿပီးေနာက္ စစ္အုပ္စုက လမ္းပိတ္ၿပီး လာသမွ်ျပည္သူေတြကို ေအာ္ဟစ္ဆဲဆို ေသာင္းက်န္းတာ၊ အနီးအနားက CCTV ေတြကို စစ္ေဆးတာေတြ လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

မန္တလေးမြို့က စစ်ကောင်စီ သစ္စာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက် အသ-တ်ခံရ၊

MFP ၊ ဒီဇင်ဘာ – ၁၄

မန္တလေးမြို့၊ မဟာအာင်မြေမြို့နယ်၊ ရတနာဘုမ္မိ အရှေ့ရပ်ကွက်၊ လမ်း(၈၀)နှင့် (၃၆)လမ်းကြားမှာ နေတဲ့ စစ်ကောင်စီ သ္စစာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်းဆိုသူ ယမန်နေ့ညနေပိုင်း သေနတ်နဲ့ ပစ်ခတ်ခံရကာ သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီဇင်ဘာ(၁၃)ရက် ညနေ(၅)နာရီခွဲမှာ “အသိုက်ကိုဖျက်ရင် အသက်ကို ပြန်ယူမယ်” စစ်ဆင်ရေးအဖြစ် စစ်ကောင်စီ သ္စစာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်းကို သူ့ရဲ့ အိမ်ရှေ့ မာလာဟင်း စားနေချိန် ပစ်ခတ်ခဲ့တာလို့ မန္တလေးမြို့ပြပြောက်ကျား Special Task Force – STF-MDY က သတင်း ထုတ်ပြန်ပါတယ်။

“နေအိမ်ရှေ့တွင် မာလာဟင်းစားရန် ထွက်လာသော “ရတနာဘုမ္မိ အရှေ့ရပ်ကွက်ရုံး အုပ်ကြီး ( စိန်ဝင်း) အား ကျွန်ုပ်တို့ STF-MDY အဖွဲ့သားများမှ နှုတ်ခမ်းနီ တစ်တောင့်ဖြင့် Head Shot ပစ်ကာ ငရဲသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းကောင်း ပေးအပ်ပါသည်။ (အုပ်ကြီး စိန်ဝင်း)အား ငရဲသို့ ပို့ဆောင်ပြီးနောက် ကျွန်ုပ်တို့ STF-MDY အဖွဲ့သားများ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့သည်။

“ကျွန်ုပ်တို့STF-MDYသည် ပြည်သူလူထု ၏ အထောက်အပံ့ဖြင့် ရပ်တည်နေရပြီး ရန်ပုံငွေနည်းပါးမှုကြောင့် ပစ္စည်းများ ဝယ်ယူရန် အခက်အခဲ ဖြစ်နေကြောင်း ပြောကြားလိုပါသည်။ ပြည်သူလူထု အနေဖြင့်လည်း နေသာသလို မနေကြရန် အထူး မေတ္တာရပ်ခံအပ်ပါသည် ခဗျာ။” လို့ STF – MDY က ဖော်ပြပါတယ်။

မဟာအောင်မြေမြို့နယ် အပါအဝင် မန္တလေးမြို့က စစ်ကောင်စီ သစ္စာခံ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို စစ်အုပ်စုက လက်နက်တွေ ထုတ်ပေးထားပြီး ပြည်သူ့စစ်အမည်ခံ ပျူအဖွဲ့တွေ ဖွဲ့ပေးထားတာ ဖြစ်ပါတယ်။

မန္တလေးမြိုပေါ်က ပြည်သူ့စစ်အမည်ခံ ပျူအဖွဲ့တွေဟာ တော်လှန်ရေးလှုပ်ရှားမှုတွေ အကြောင်း သတင်းစုံစမ်းတာ၊ ဒေသခံ ပြည်သူအပေါ် လက်နက်ပြ မိုက်ကြေးခွဲတာ၊ ဖမ်းဆီးငွေညှစ်တာ၊ စိတ်ထင်တိုင်း သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်း (၆၅နှစ်)ကို သူ့ရဲ့နေအိမ်ရှေ့၊ သူ့မိသားစု ဖွင့်ထားတဲ့ မာလာဟင်းဆိုင်မှာ ရှိနေချိန် (၃၆)လမ်းအတိုင်း အရှေ့ဘက်ကနေ အနောက်ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ်စီး လူနှစ်ဦးက သေနတ်နဲ့တစ်ချက် ပစ်ခတ်ခဲ့လို့ ဦးခေါင်း သေနတ်မှန် ဒဏ်ရာရကာ ဆေးရုံပို့ချိန် သေတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်း သေပြီးနောက် စစ်အုပ်စုက လမ်းပိတ်ပြီး လာသမျှပြည်သူတွေကို အော်ဟစ်ဆဲဆို သောင်းကျန်းတာ၊ အနီးအနားက CCTV တွေကို စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။