Breaking News-စစ္ေကာင္စီ ခမရ ၄၀၅ တပ္၌ တပ္တြင္းပုန္ကန္မႈျဖစ္ပြား၊ တပ္အခ်င္းခ်င္း ျပန္ဝိုင္းၿပီး တပ္ရင္းမႉး ဒု-ဗိုလ္မႉးႀကီး လႈိင္မင္းထြဋ္အပါအဝင္အႀကီးတန္းအရာရွိ ၃ ဦးကို စစ္တပ္က ဖမ္းဆီး
ဧရာ၀တီတိုင္းမ္
ဒီဇင္ဘာလ ၁၅ ရက္
ကရင့္အမ်ိဳးသားအစည္းအ႐ုံး – KNU တပ္မဟာ ၅ ထိမ္းခ်ဳပ္နယ္ေျမျဖစ္သည့္ ကရင္ျပည္နယ္၊ ဖာပြန္ခ႐ိုင္အတြင္း စစ္ဆင္ေရးဝင္ေရာက္ေနေသာ အမွတ္ ၄၀၅ ေျချမန္တပ္ရင္း (ခမရ – ၄၀၅) တပ္၌ ဒီဇင္ဘာ လ ၁၄ ရက္ေန႔က တပ္တြင္းပုန္ကန္မႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ခမရ ၄၀၅ တပ္အား ၎၏အထက္ကြပ္ကဲမႈဌာန ခ်ဳပ္ျဖစ္သည့္ အမွတ္ ၈ စစ္ဆင္ေရးကြပ္ကဲမႈဌာန ခ်ဳပ္ (စကခ-၈)၏ စကခမႉး ဗိုလ္မႉးခ်ဳပ္ ေအးမင္းဦးမွ တပ္မဟာ ၅ အတြင္းရွိ စစ္ေကာင္စီေျခကုပ္ မဲဝိုင္စခန္းသို႔ သြားေရာက္ရန္ အမိန႔္ေပးခဲ့သည္ကို မခရ ၄၀၅ တပ္ရင္းမႉးအပါအဝင္ ထိပ္တန္းအရာရွိ ၃ ဦး က ျငင္းဆန္ကာ အမိန႔္မနာခံဘဲ ဖီဆန္ခဲ့ၾကေၾကာင္း တပ္တြင္းသတင္းရင္းျမစ္မ်ားထံမွ သိရသည္။
ထိုသို႔ အမိန႔္မနာခံဘဲ အာဏာဖီဆန္သျဖင့္ ခမရ ၄၀၅ တပ္ရင္းမႉး ဒု-ဗိုလ္မႉးႀကီး လႈိင္မင္းထြဋ္ ဦး ေဆာင္ေသာ အင္အား ၇၀ ခန႔္ရွိ ခမရ ၄၀၅ တပ္ကို အာဏာသိမ္းစစ္တပ္က အျခားေသာ အင္အား ၁၀၀ ေက်ာ္ရွိသည့္ တပ္ရင္းတစ္ခုျဖင့္ ျပန္ဝိုင္းေစကာ ခမရ ၄၀၅ တပ္ရင္းမႉး၊ ဒုတပ္ရင္းမႉးႏွင့္ တပ္ခြဲမႉးတို႔ကို ဒီဇင္ဘာလ ၁၄ ရက္ေန႔က ဖမ္းဆီးသြားခဲ့ျခင္း ျဖစ္သည္။
“မဲဝိုင္စခန္းကို ခ်ီတက္ခိုင္းတာကို ခမရ ၄၀၅ တပ္က တပ္ရင္းမႉးနဲ႔ ထိပ္ပိုင္း ၂ ေယာက္က မလုပ္ႏိုင္ဘူးလို႔ ျငင္းတာ။ ခိုင္းတာက စကခမႉး (ဗိုလ္မႉးခ်ဳပ္ ေအးမင္းဦး) ကိုယ္တိုင္အမိန႔္ေပးတာကို မနာခံတာလို႔ သိရတယ္။ အဲ့လို အမိန႔္မနာခံလို႔ဆိုၿပီး ခမရ ၄၀၅ တပ္ထက္ အင္အားမ်ားတဲ့တပ္နဲ႔ ျပန္ဝိုင္းခိုင္းၿပီး တပ္ရင္းမႉးနဲ႔ ထိပ္ပိုင္း ၂ ေယာက္ကို ျပန္ဖမ္းခိုင္းတာ”ဟု သရက္ေခ်ာင္းတပ္နယ္ ခမရ ၄၀၅ ႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္တစ္ဦးက ဧရာ၀တီတိုင္းမ္ကို ေျပာသည္။
စစ္ေခါင္းေဆာင္မ်ားေပးေသာအမိန႔္ကို မနာခံဘဲ အာဏာဖီဆန္သျဖင့္ ဖမ္းဆီးခံရသူမ်ားမွာ ခမရ ၄၀၅ တပ္ရင္းမႉး ဒုဗိုလ္မႉးႀကီး လႈိင္မင္းထြဋ္၊ ဒုတပ္ရင္းမႉး ဗိုလ္မႉး ၀ဏၰႏွင့္ တပ္ခြဲမႉး ဗိုလ္မႉး/ဗက (မၾကာမီ ဗိုလ္မႉးရာထူးတိုးျမႇင့္ခံရမည့္ဗိုလ္ႀကီး) ၁ ဦးတို႔ျဖစ္ၿပီး တပ္ခြဲမႉးအမည္ကို ဧရာ၀တီတိုင္းမ္သတင္းဌာနက ဆက္လက္စုံစမ္းေနဆဲ ျဖစ္သည္။
အာဏာသိမ္းစစ္တပ္က ခမရ ၄၀၅ တပ္၏ထိပ္ပိုင္းေခါင္းေဆာင္မ်ားကို ျပန္လည္ဖမ္းဆီးခဲ့သျဖင့္ လက္ရွိတြင္ အဆိုပါတပ္ကို မၿပိဳကြဲေစရန္အတြက္ စကခ ၈ လက္ေအာက္ခံ အျခားေသာတပ္ရင္းတစ္ခုမွ အရာရွိတစ္ဦးကို ယာယီတပ္ရင္းမႉးခန႔္၍ ဦးစီးကြပ္ကဲခိုင္းထားေၾကာင္း စုံစမ္းသိရွိရသည္။
ထားဝယ္ၿမိဳ႕အေျခစိုက္ အမွတ္ ၈ စစ္ဆင္ေရးကြပ္ ကဲမႈဌာနခ်ဳပ္ (စကခ-၈)၏လက္ေအာက္ခံျဖစ္သည့္ ခမရ ၄၀၅ တပ္မွာ တနသၤာရီတိုင္း၊ သရက္ေခ်ာင္းၿမိဳ႕တြင္အေျချပဳသည့္တပ္ရင္းျဖစ္သည္။ ၎တပ္မွာ စစ္ေခါင္းေဆာင္မ်ားအမိန႔္အရ ကရင္ျပည္နယ္အတြင္း ေရွ႕တန္း (စစ္ဆင္ေရး) ထြက္ေနရသည္မွာ ၂ ႏွစ္နီးပါးရွိေနၿပီျဖစ္ၿပီး KNLA ႏွင့္ PDF တပ္မ်ား ၏တိုက္ခိုက္မႈေၾကာင့္ အထိနာေနေသာ တပ္ရင္းတစ္ခုလည္း ျဖစ္သည္။
စစ္တပ္လုပ္ထုံးလုပ္နည္းအရအမိန႔္မနာခံဘဲ အာ ဏာ ဖီဆန္သျဖင့္ ဖမ္းဆီးခံရသူ ခမရ ၄၀၅တပ္ရင္း မႉး ဒုဗိုလ္မႉးႀကီး လႈိင္မင္းထြဋ္၊ ဒုတပ္ရင္းမႉး ဗိုလ္မႉး ၀ဏၰႏွင့္ တပ္ခြဲမႉး မႉး/ဗက ၁ ဦး တို႔ကို စကခ ၈ ဌာန ခ်ဳပ္သို႔ျပန္ေခၚ၍ စစ္ခုံ႐ုံးျဖင့္ ျပင္းျပင္းထန္ထန္အေရးယူဖြယ္ရွိေၾကာင္း တပ္မေတာ္သားေဟာင္းမ်ားက သုံးသပ္ေျပာဆိုသည္။
“စစ္ဥပေဒအရ ေရွ႕တန္းထြက္ခ်ိန္ အမိန႔္မနာခံရင္ သာမာန္ရာထူးအဆင့္ဆို သတ္ပစ္မွာ။ ဒါက ရာထူးႀကီးေနတဲ့ အရာရွိေတြျဖစ္ေနလို႔သာ။ လုပ္ထုံး လုပ္ နည္းအရေတာ့ ေနာက္တန္းကို ခ်က္ျခင္းျပန္ပို႔ခိုင္းမယ္။ ၿပီးရင္ စုံခုံဖြဲ႕ၿပီး အမိန႔္မနာခံမႈနဲ႔ အေရးယူမွာေပါ့။ တျခားလူေတြ လိုက္မလုပ္ရဲေအာင္ ဒီအရာရွိ ၃ ေယာက္ကို စံျပအေနနဲ႔ ျပင္းျပင္းထန္ထန္ အေရး ယူမယ္ ထင္တယ္”ဟု စစ္သက္ရင့္ တပ္မေတာ္သားေဟာင္းတစ္ဦးက သုံးသပ္ေျပာဆိုသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၆ ရက္ေန႔ကလည္း KNU တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ေျမ၊ ဖာပြန္ခ႐ိုင္အတြင္းရွိ စစ္ေကာင္စီ၏ မဲသလြတ္စခန္းကို KNLA ႏွင့္ PDF တပ္မ်ား ပူးေပါင္းတိုက္ခိုက္ခဲ့ရာ ဒုတပ္ရင္းမႉး အပါအဝင္စခန္းတစ္ခုလုံးရွိ စစ္ေကာင္စီတပ္သားမ်ားအားလုံး စခန္းကို စြန႔္ခြာ ထြက္ေျပးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စခန္းကို စြန႔္ခြာထြက္ေျပးခဲ့သည့္ ခမရ ၄၀၃ တပ္မွဒုတပ္ရင္းမႉး ဗိုလ္မႉး သန္းႏိုင္ေအးကို အာဏာ သိမ္းစစ္တပ္က ရက္အတန္ၾကာတြင္ ေတာထဲမွ ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ စစ္ခုံ႐ုံးဖြဲ႕၍ မိမိစခန္းကို စြန႔္ခြာ ထြက္ေျပးမႈ၊ တာဝန္ေပါ့ေလ်ာ့မႈတို႔ျဖင့္ အေရးယူရန္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
Breaking News-စစ်ကောင်စီ ခမရ ၄၀၅ တပ်၌ တပ်တွင်းပုန်ကန်မှုဖြစ်ပွား၊ တပ်အချင်းချင်း ပြန်ဝိုင်းပြီး တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ်အပါအဝင်အကြီးတန်းအရာရှိ ၃ ဦးကို စစ်တပ်က ဖမ်းဆီး
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်
ကရင့်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ ထိမ်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း စစ်ဆင်ရေးဝင်ရောက်နေသော အမှတ် ၄၀၅ ခြေမြန်တပ်ရင်း (ခမရ – ၄၀၅) တပ်၌ ဒီဇင်ဘာ လ ၁၄ ရက်နေ့က တပ်တွင်းပုန်ကန်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ခမရ ၄၀၅ တပ်အား ၎င်း၏အထက်ကွပ်ကဲမှုဌာန ချုပ်ဖြစ်သည့် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် (စကခ-၈)၏ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးမှ တပ်မဟာ ၅ အတွင်းရှိ စစ်ကောင်စီခြေကုပ် မဲဝိုင်စခန်းသို့ သွားရောက်ရန် အမိန့်ပေးခဲ့သည်ကို မခရ ၄၀၅ တပ်ရင်းမှူးအပါအဝင် ထိပ်တန်းအရာရှိ ၃ ဦး က ငြင်းဆန်ကာ အမိန့်မနာခံဘဲ ဖီဆန်ခဲ့ကြကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ထိုသို့ အမိန့်မနာခံဘဲ အာဏာဖီဆန်သဖြင့် ခမရ ၄၀၅ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ် ဦး ဆောင်သော အင်အား ၇၀ ခန့်ရှိ ခမရ ၄၀၅ တပ်ကို အာဏာသိမ်းစစ်တပ်က အခြားသော အင်အား ၁၀၀ ကျော်ရှိသည့် တပ်ရင်းတစ်ခုဖြင့် ပြန်ဝိုင်းစေကာ ခမရ ၄၀၅ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးတို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
“မဲဝိုင်စခန်းကို ချီတက်ခိုင်းတာကို ခမရ ၄၀၅ တပ်က တပ်ရင်းမှူးနဲ့ ထိပ်ပိုင်း ၂ ယောက်က မလုပ်နိုင်ဘူးလို့ ငြင်းတာ။ ခိုင်းတာက စကခမှူး (ဗိုလ်မှူးချုပ် အေးမင်းဦး) ကိုယ်တိုင်အမိန့်ပေးတာကို မနာခံတာလို့ သိရတယ်။ အဲ့လို အမိန့်မနာခံလို့ဆိုပြီး ခမရ ၄၀၅ တပ်ထက် အင်အားများတဲ့တပ်နဲ့ ပြန်ဝိုင်းခိုင်းပြီး တပ်ရင်းမှူးနဲ့ ထိပ်ပိုင်း ၂ ယောက်ကို ပြန်ဖမ်းခိုင်းတာ”ဟု သရက်ချောင်းတပ်နယ် ခမရ ၄၀၅ နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်များပေးသောအမိန့်ကို မနာခံဘဲ အာဏာဖီဆန်သဖြင့် ဖမ်းဆီးခံရသူများမှာ ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဝဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး/ဗက (မကြာမီ ဗိုလ်မှူးရာထူးတိုးမြှင့်ခံရမည့်ဗိုလ်ကြီး) ၁ ဦးတို့ဖြစ်ပြီး တပ်ခွဲမှူးအမည်ကို ဧရာဝတီတိုင်းမ်သတင်းဌာနက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
အာဏာသိမ်းစစ်တပ်က ခမရ ၄၀၅ တပ်၏ထိပ်ပိုင်းခေါင်းဆောင်များကို ပြန်လည်ဖမ်းဆီးခဲ့သဖြင့် လက်ရှိတွင် အဆိုပါတပ်ကို မပြိုကွဲစေရန်အတွက် စကခ ၈ လက်အောက်ခံ အခြားသောတပ်ရင်းတစ်ခုမှ အရာရှိတစ်ဦးကို ယာယီတပ်ရင်းမှူးခန့်၍ ဦးစီးကွပ်ကဲခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။
ထားဝယ်မြို့အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် (စကခ-၈)၏လက်အောက်ခံဖြစ်သည့် ခမရ ၄၀၅ တပ်မှာ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့တွင်အခြေပြုသည့်တပ်ရင်းဖြစ်သည်။ ၎င်းတပ်မှာ စစ်ခေါင်းဆောင်များအမိန့်အရ ကရင်ပြည်နယ်အတွင်း ရှေ့တန်း (စစ်ဆင်ရေး) ထွက်နေရသည်မှာ ၂ နှစ်နီးပါးရှိနေပြီဖြစ်ပြီး KNLA နှင့် PDF တပ်များ ၏တိုက်ခိုက်မှုကြောင့် အထိနာနေသော တပ်ရင်းတစ်ခုလည်း ဖြစ်သည်။
စစ်တပ်လုပ်ထုံးလုပ်နည်းအရအမိန့်မနာခံဘဲ အာ ဏာ ဖီဆန်သဖြင့် ဖမ်းဆီးခံရသူ ခမရ ၄၀၅တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဝဏ္ဏနှင့် တပ်ခွဲမှူး မှူး/ဗက ၁ ဦး တို့ကို စကခ ၈ ဌာန ချုပ်သို့ပြန်ခေါ်၍ စစ်ခုံရုံးဖြင့် ပြင်းပြင်းထန်ထန်အရေးယူဖွယ်ရှိကြောင်း တပ်မတော်သားဟောင်းများက သုံးသပ်ပြောဆိုသည်။
“စစ်ဥပဒေအရ ရှေ့တန်းထွက်ချိန် အမိန့်မနာခံရင် သာမာန်ရာထူးအဆင့်ဆို သတ်ပစ်မှာ။ ဒါက ရာထူးကြီးနေတဲ့ အရာရှိတွေဖြစ်နေလို့သာ။ လုပ်ထုံး လုပ် နည်းအရတော့ နောက်တန်းကို ချက်ခြင်းပြန်ပို့ခိုင်းမယ်။ ပြီးရင် စုံခုံဖွဲ့ပြီး အမိန့်မနာခံမှုနဲ့ အရေးယူမှာပေါ့။ တခြားလူတွေ လိုက်မလုပ်ရဲအောင် ဒီအရာရှိ ၃ ယောက်ကို စံပြအနေနဲ့ ပြင်းပြင်းထန်ထန် အရေး ယူမယ် ထင်တယ်”ဟု စစ်သက်ရင့် တပ်မတော်သားဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ မဲသလွတ်စခန်းကို KNLA နှင့် PDF တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူး အပါအဝင်စခန်းတစ်ခုလုံးရှိ စစ်ကောင်စီတပ်သားများအားလုံး စခန်းကို စွန့်ခွာ ထွက်ပြေးခဲ့ကြောင်း သိရသည်။
ထိုသို့ စခန်းကို စွန့်ခွာထွက်ပြေးခဲ့သည့် ခမရ ၄၀၃ တပ်မှဒုတပ်ရင်းမှူး ဗိုလ်မှူး သန်းနိုင်အေးကို အာဏာ သိမ်းစစ်တပ်က ရက်အတန်ကြာတွင် တောထဲမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးနောက် စစ်ခုံရုံးဖွဲ့၍ မိမိစခန်းကို စွန့်ခွာ ထွက်ပြေးမှု၊ တာဝန်ပေါ့လျော့မှုတို့ဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။