MFP ၊ ဒီဇင်ဘာ – ၁၅
မန္တလေး (၆၂) လမ်းပေါ်က အဆင့်မြင့်ရဲစခန်းကို လျက်ဆားကျွေး
MFP ၊ ဒီဇင်ဘာ – ၁၅
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၆၂) လမ်းနဲ့ (၁၁၅) လမ်းအနီး၊ (၅၂)လမ်းပေါ်က အဆင့်မြင့်ရဲစခန်းခေါ် ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းကို ဒီနေ့ ညနေပိုင်း လျက်ဆားကျွေး (ဗုံးထုတိုက်ခိုက်) ခဲ့ရာ ရဲနှစ်ယောက် ထိတယ်လို့ မန္တလေးမြို့ပြပြောက်ကျား Anonymous Force Mandalay က သတင်း ထုတ်ပြန်ပါတယ်။
Anonymous Force MDY ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီနေ့ ဒီဇင်ဘာ(၁၅)ရက်၊ ညနေ(၄)နာရီကျော်က မန္တလေးမြို့ (၆၂)လမ်း အဆင့်မြင့်ရဲစခန်း ဂိတ်ပေါက်က စစ်အုပ်စုကို Anonymous Force MDY နှင့်အတူ မဟာမိတ်တွေဖြစ်တဲ့ NGU:FF (မြေခွေးတပ်ဖွဲ့)၊ VOMDY-Front Warrior ၊ Truthkepping Force AMA တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မွေးနေ့လက်ဆောင်အဖြစ် လျက်စားတစ်လုံး ပစ်သွင်းတိုက်ခိုက်ခဲ့ရာ ဂိတ်ပေါက်ကို ကျရောက်ခဲ့ပြီး အစောင့် စကစ နှစ်ယောက် ထိခိုက်ခဲ့တယ်”လို့ Anonymous Force MDY က ထုတ်ပြန်ပါတယ်။
ထိခိုက်သွားတဲ့ စကစ နှစ်ယောက် သေ၊မသေဆိုတာ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်က UG ပြောက်ကျားလူငယ်တွေ၊ သပိတ်လူငယ်တွေကို ပိုက်စိပ်တိုက် လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ တော်လှန်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုနဲ့ လက်ဝေခံ ထောက်တိုင်တွေကို ဆက်လက် တိုက်ခိုက်နေပါတယ်။
မန္တလေးမြို့၊ (၆၂)လမ်းပေါ်က ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းကို စစ်အုပ်စုက ခြံခတ်ကာရံထားစ/Photo – CJ