Local News

ဗိုလ်မှူးတစ်ဦးအပါအ၀င် ကတော်မတွေပါ တာ့တာပြကုန်အောင် ဗျင်းတဲ့ ရုပ်သံ

ကော့ကရိတ် မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးတစ်ဦးအပါအ၀င် ခြောက်ဦးသေဆုံး

CJ Platform

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျုံဒိုး၊ ငါးတိုင်နှင့် လှိုင်ဝအကြား တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို Lion Battalion Commando ဗျူဟာစစ်ကြောင်း၊ KNLA နှင့် PDF များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ဗိုလ်မှူးတစ်ဦးအပါအ၀င် ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ (ဒီဇင်ဘာ ၁၆ရက်) နံနက် ၅ နာရီခွဲမှ နေ့လည် ၁၀ နာရီခွဲအချိန်ထိ ကျုံဒိုး၊ ငါးတိုင်နှင့် လှိုင်ဝ အကြားတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်ဖွဲ့တို့ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ အနီးကပ်တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦး၊ တပ်ရေးဗိုလ်ကြီး တစ်ဦး၊ တပ်သား သုံးဦးနှင့် ရဲမေတစ်ဦး သေဆုံးကာ၊ လက်နက် ၃ လက် သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် Lion Battalion Commando ဗျူဟာစစ်ကြောင်း၊ KNLA နှင့် PDF များဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Lion Battalion Commando ဗျူဟာစစ်ကြောင်း အနေဖြင့် တိုက်ပွဲသတင်းအချက်အလက်များအား အချိန်နှင့် တပြေးညီ ထုတ်ပြန်နိုင်ရန် ကြိုးစားလျက်ရှိပြီး ပြည်သူများအနေဖြင့် တိုက်ပွဲမပြီးခင် သတင်းပေါက်ကြားမှုများ မဖြစ်ပေါ်စေရန် ပူးပေါင်းကူညီပေးရန် မေတ္တာရပ်ခံထားသည်။

အထိနာခဲ့သည့် စစ်ကောင်စီတပ်များ ကော့ကရိတ်မြို့အနီး တံတားကျိုးကျေးရွာနှင့် ဆိပ်ဖူးကုန်း၊ ကမ္မရာကျေးရွာများသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းလည်းသိရသည်။

🖋လင်းခိုင်