Local News

မႏၲေလးမွာ ၈ နာရီအတြင္း ငလ်င္ ၃ ႀကိမ္လႈပ္

မႏၲေလးမွာ ၈ နာရီအတြင္း ငလ်င္ ၃ ႀကိမ္လႈပ္

ျပည္ႀကီးတံခြန္ ၊ ျမစ္ငယ္ ၊အမရပူရၿမိဳ႕နယ္ေတြနားမွာ ဗဟိုျပဳၿပီးလႈပ္ခတ္သြား

ဆိုင္းမင္း/People’s Spring

ဒီကေန႔မႏၲေလးမွာ ၈ နာရီအတြင္း ငလ်င္ ၃ ႀကိမ္ လႈပ္ခတ္သြားၿပီး ငလ်င္လႈပ္တာကို သိသိသာသာ ခံစားလိုက္ရတယ္လို႔ ေဒသခံေတြ ကေျပာပါတယ္။

မနက္ ၆ နာရီ ၄၅ မိနစ္ ၊ ေန႔ခင္းပိုင္း ၁ နာရီ ခြဲနဲ႔ ေန႔ခင္း၂ နာရီခြဲ အခ်ိန္ေတြမွာ ငလ်င္လႈပ္ခတ္သြားတာလို႔သိရပါတယ္။

အဲဒီ ၃ ႀကိမ္ထဲက ေနာက္ဆုံး ၂ နာရီခြဲ မွာ လႈပ္တဲ့ ငလ်င္ဟာ ပိုျပင္းတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

” ေန႔ခင္း ၂နာရီခြဲကလႈပ္တာ တိုက္ေပၚကဆင္းေျပးရတယ္”လို႔ တိုက္ခန္းနဲ႔ ေနထိုင္တဲ့ အဲဒီေဒသခံက ေျပာျပပါတယ္။

ဒီေန႔လႈပ္တဲ့ ငလ်င္ေတြဟာ မႏၲေလးတိုင္းထဲက ျပည္ႀကီးတံခြန္ ၊ ျမစ္ငယ္ ၊အမရပူရၿမိဳ႕နယ္ေတြနားမွာ ဗဟိုျပဳၿပီးလႈပ္ခတ္သြားတာပါ။

စစ္ေကာင္စီရဲ႕မိုးဇလ ထုတ္ျပန္ခ်က္အရ မနက္ ၆ နာရီ ၄၅ မိနစ္မွာ ငလ်င္ဟာ အင္အား ၃.၆ ရစ္ခ်္တာစေကးရွိၿပီး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ အေရွ႕ေတာင္ဘက္ ၂ မိုင္ခန႔္အကြာကို ဗဟိုျပဳ ကာလႈပ္ခတ္တယ္လို႔သိရပါတယ္။

ေန႔ခင္းပိုင္း ၁ နာခြဲ ခန႔္ က လႈပ္တဲ့ငလ်င္ ဟာလည္း ျမစ္ငယ္ၿမိဳ႕ရဲ႕အေရွ႕ဘက္ ၃ မိုင္ခန႔္ ကို ဗဟိုျပဳၿပီး လႈပ္ကာ အင္အား ရစ္ခ်္တာစေကး ၃.၃ ရွိပါတယ္။

ေနာက္ဆုံး လႈပ္တဲ့ ၂ နာရီခြဲ ငလ်င္ ကေတာ့ အင္အားရစ္ခ်္တာစေကး ၄.၇ ရွိၿပီး အမရပူရ ၿမိဳ႕ရဲ႕အေနာက္ေတာင္ဘက္ ၃ မိုင္အကြာကို ဗဟိုျပဳၿပီးလႈပ္သြားတာလို႔သိရပါတယ္။

မေန႔က လည္း မႏၲေလး တံတားဦးၿမိဳ႕ အနီးကို ဗဟိုျပဳၿပီးလႈပ္တဲ့ အင္အားအသင့္အတင့္ရွိတဲ့ ၅.၂ ရစ္ခ်္တာစေကးငလ်င္ေၾကာင့္ အင္းဝၿမိဳ႕ေဟာင္းနဲ႔ မင္းကြန္းေဒသက ေရွးေဟာင္းသာသနိက အေဆာက္အဦးေတြ ထိခိုက္ပ်က္စီးတာရွိခဲ့ပါတယ္။

ငလ်င္ေၾကာင့္ မႏၲေလး ကိုင္းတန္းေဈး ဆင္ႀကီး ၂ ေကာင္႐ုပ္ထု ပ်က္စီးသြားပုံ

ဓာတ္ပုံ − ဆိုရွယ္မီဒီယာ

မန္တလေးမှာ ၈ နာရီအတွင်း ငလျင် ၃ ကြိမ်လှုပ်

ပြည်ကြီးတံခွန် ၊ မြစ်ငယ် ၊အမရပူရမြို့နယ်တွေနားမှာ ဗဟိုပြုပြီးလှုပ်ခတ်သွား

ဆိုင်းမင်း/People’s Spring

ဒီကနေ့မန္တလေးမှာ ၈ နာရီအတွင်း ငလျင် ၃ ကြိမ် လှုပ်ခတ်သွားပြီး ငလျင်လှုပ်တာကို သိသိသာသာ ခံစားလိုက်ရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

မနက် ၆ နာရီ ၄၅ မိနစ် ၊ နေ့ခင်းပိုင်း ၁ နာရီ ခွဲနဲ့ နေ့ခင်း၂ နာရီခွဲ အချိန်တွေမှာ ငလျင်လှုပ်ခတ်သွားတာလို့သိရပါတယ်။

အဲဒီ ၃ ကြိမ်ထဲက နောက်ဆုံး ၂ နာရီခွဲ မှာ လှုပ်တဲ့ ငလျင်ဟာ ပိုပြင်းတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” နေ့ခင်း ၂နာရီခွဲကလှုပ်တာ တိုက်ပေါ်ကဆင်းပြေးရတယ်”လို့ တိုက်ခန်းနဲ့ နေထိုင်တဲ့ အဲဒီဒေသခံက ပြောပြပါတယ်။

ဒီနေ့လှုပ်တဲ့ ငလျင်တွေဟာ မန္တလေးတိုင်းထဲက ပြည်ကြီးတံခွန် ၊ မြစ်ငယ် ၊အမရပူရမြို့နယ်တွေနားမှာ ဗဟိုပြုပြီးလှုပ်ခတ်သွားတာပါ။

စစ်ကောင်စီရဲ့မိုးဇလ ထုတ်ပြန်ချက်အရ မနက် ၆ နာရီ ၄၅ မိနစ်မှာ ငလျင်ဟာ အင်အား ၃.၆ ရစ်ချ်တာစကေးရှိပြီး ပြည်ကြီးတံခွန်မြို့နယ် အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာကို ဗဟိုပြု ကာလှုပ်ခတ်တယ်လို့သိရပါတယ်။

နေ့ခင်းပိုင်း ၁ နာခွဲ ခန့် က လှုပ်တဲ့ငလျင် ဟာလည်း မြစ်ငယ်မြို့ရဲ့အရှေ့ဘက် ၃ မိုင်ခန့် ကို ဗဟိုပြုပြီး လှုပ်ကာ အင်အား ရစ်ချ်တာစကေး ၃.၃ ရှိပါတယ်။

နောက်ဆုံး လှုပ်တဲ့ ၂ နာရီခွဲ ငလျင် ကတော့ အင်အားရစ်ချ်တာစကေး ၄.၇ ရှိပြီး အမရပူရ မြို့ရဲ့အနောက်တောင်ဘက် ၃ မိုင်အကွာကို ဗဟိုပြုပြီးလှုပ်သွားတာလို့သိရပါတယ်။

မနေ့က လည်း မန္တလေး တံတားဦးမြို့ အနီးကို ဗဟိုပြုပြီးလှုပ်တဲ့ အင်အားအသင့်အတင့်ရှိတဲ့ ၅.၂ ရစ်ချ်တာစကေးငလျင်ကြောင့် အင်းဝမြို့ဟောင်းနဲ့ မင်းကွန်းဒေသက ရှေးဟောင်းသာသနိက အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာရှိခဲ့ပါတယ်။

ငလျင်ကြောင့် မန္တလေး ကိုင်းတန်းဈေး ဆင်ကြီး ၂ ကောင်ရုပ်ထု ပျက်စီးသွားပုံ

ဓာတ်ပုံ − ဆိုရှယ်မီဒီယာ