Local News

ဧည့္စာရင္းဝင္စစ္ၿပီး လူငယ္ ၂၀ ေက်ာ္ကို စစ္ေကာင္စီဖမ္းဆီး

ဧည့္စာရင္းဝင္စစ္ၿပီး လူငယ္ ၂၀ ေက်ာ္ကို စစ္ေကာင္စီဖမ္းဆီး

ေဝဟင္စိုး

(မဇၩိမ)။ ။ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္တြင္ ဒီဇင္ဘာလ ၁၆ ရက္ေန႔ ည ၁၀ နာရီေက်ာ္ခန႔္တြင္ စစ္ေကာင္စီက ဧည့္စာရင္းဝင္စစ္ၿပီး လူငယ္ ၂၀ ေက်ာ္ကို ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ေဒသတြင္း သတင္းအရင္းျမစ္တစ္ဉီးက ေျပာသည္။

ဖမ္းဆီးေခၚေဆာင္ခံရသူ လူငယ္အမ်ားစုသည္ သာေကတၿမိဳ႕နယ္ ထူပါ႐ုံ(၁၄)လမ္း အေနာက္လမ္းတြင္ ေနထိုင္သူမ်ားျဖစ္ေၾကာင္း ဆိုသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ဧည့္စာရင္းမစစ္မီအေစာပိုင္းတြင္ ကားငါးစီးခန႔္ျဖင့္ပတ္ေနၿပီး ည ၁၀ နာရီ မိနစ္ ၄၀ အခ်ိန္ခန႔္မွ ၁၁ နာရီ‌ေက်ာ္အခ်ိန္အထိ မိနစ္ ၃၀ ခန႔္စစ္ေဆးခဲ့သည့္ဟု ေဒသခံတစ္ဦးက ဆိုသည္။

“ဘာ့ေၾကာင့္ဖမ္းတယ္ဆိုတာေတာ့ မသိဘူး။ အားလုံးကလည္း ဧည့္စာရင္းစစ္တယ္ဆိုေတာ့ ကိုယ့္အပူနဲ႔ ကိုယ္ေပါ့။ ဖမ္းခံရတာလူငယ္အမ်ားစုျဖစ္ၿပီး အမ်ိဳးသားေတြလို႔သိရတယ္။ အခုလည္း အဲ့ဒီလမ္းအနီး တဝိုက္မွာ ရပ္ကြက္ထဲတစ္ခါမွမျမင္ဘူးတဲ့ လူစိမ္းအခ်ိဳ႕ရွိေနတာကို ေတြ႕ေနရတယ္။ ရပ္ကြက္သားအခ်ိဳ႕ ေတာ့ ဘာ့ေၾကာင့္ဖမ္းသြားတာလည္းဆိုတာစုံစမ္းေနတုန္းပဲ” ဟု ထူပါ႐ုံရပ္ကြက္တြင္ ေနထိုင္သူတစ္ဉီး က ေျပာသည္။

ဒီဇင္ဘာလ ၁၆ ရက္ေန႔ ည ၉ နာရီ ဝန္းက်င္အခ်ိန္ခန႔္တြင္ စစ္ေကာင္စီ၏ မဂၤလာဒုံ အနန္းပင္ေလတပ္ စခန္းဝန္းအား ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕က ပစ္ခတ္တိုက္ခိုက္မႈျဖစ္စဥ္ျဖစ္ပြားအၿပီး စပ္ဆက္ၿမိဳ႕နယ္မ်ား အပါအဝင္ အျခားၿမိဳ႕နယ္မ်ားအတြင္း ဧည့္စာရင္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၾကျခင္းျဖစ္သည္။

ပုံစာ – ရန္ကုန္ၿမိဳ႕တြင္ ညအခ်ိန္ ဧည့္စာရင္းဝင္ေရာက္စစ္ေဆးေနသည့္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား(ပုံအေဟာင္း)

စာတည္း။ ။ေစာေဖ

စာမူတည္းျဖတ္။ ။ေစာေဖ

ဧည့်စာရင်းဝင်စစ်ပြီး လူငယ် ၂၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး

ဝေဟင်စိုး

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ပြီး လူငယ် ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်း သတင်းအရင်းမြစ်တစ်ဉီးက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ လူငယ်အများစုသည် သာကေတမြို့နယ် ထူပါရုံ(၁၄)လမ်း အနောက်လမ်းတွင် နေထိုင်သူများဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧည့်စာရင်းမစစ်မီအစောပိုင်းတွင် ကားငါးစီးခန့်ဖြင့်ပတ်နေပြီး ည ၁၀ နာရီ မိနစ် ၄၀ အချိန်ခန့်မှ ၁၁ နာရီ‌ကျော်အချိန်အထိ မိနစ် ၃၀ ခန့်စစ်ဆေးခဲ့သည့်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“ဘာ့ကြောင့်ဖမ်းတယ်ဆိုတာတော့ မသိဘူး။ အားလုံးကလည်း ဧည့်စာရင်းစစ်တယ်ဆိုတော့ ကိုယ့်အပူနဲ့ ကိုယ်ပေါ့။ ဖမ်းခံရတာလူငယ်အများစုဖြစ်ပြီး အမျိုးသားတွေလို့သိရတယ်။ အခုလည်း အဲ့ဒီလမ်းအနီး တဝိုက်မှာ ရပ်ကွက်ထဲတစ်ခါမှမမြင်ဘူးတဲ့ လူစိမ်းအချို့ရှိနေတာကို တွေ့နေရတယ်။ ရပ်ကွက်သားအချို့ တော့ ဘာ့ကြောင့်ဖမ်းသွားတာလည်းဆိုတာစုံစမ်းနေတုန်းပဲ” ဟု ထူပါရုံရပ်ကွက်တွင် နေထိုင်သူတစ်ဉီး က ပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၉ နာရီ ဝန်းကျင်အချိန်ခန့်တွင် စစ်ကောင်စီ၏ မင်္ဂလာဒုံ အနန်းပင်လေတပ် စခန်းဝန်းအား မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားအပြီး စပ်ဆက်မြို့နယ်များ အပါအဝင် အခြားမြို့နယ်များအတွင်း ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ပုံစာ – ရန်ကုန်မြို့တွင် ညအချိန် ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ(ပုံအဟောင်း)

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ