Local News



တအောင်း ( ပလောင် )TNLA တွေ တန်ချက်တို-က်ပွဲကြီး တခါဖြစ်တာစစ်တပ် တပ်ရင်းတခုနီးပါးပျေ-ာက်သွားတဲ့အပြင်ဟော် စစ်ကိုင်း မကွေးမှာဖို-က်တာလုပ်နေကြတဲ့စစ်တပ် ရဟတ်ယာဉ် ၂ စီးမိုးမိတ်မှာ ရပ်နားထားရတစီးက ပျ-က်စီး မိုးကာနဲ့အုပ်ထားရလို့ ရွှေဖီမြေမီဒီယာမှာ ဖော်ပြတယ်












လဘက်ကောင်း စားချင် ပလောင် တောက်တက်နှေးတယ်ဆိုလား ကြားဖူး

တအောင်း ( ပလောင် )TNLA တွေ တန်ချက်တို-က်ပွဲကြီး တခါဖြစ်တာစစ်တပ် တပ်ရင်းတခုနီးပါးပျေ-ာက်သွားတဲ့အပြင်ဟော် စစ်ကိုင်း မကွေးမှာဖို-က်တာလုပ်နေကြတဲ့စစ်တပ် ရဟတ်ယာဉ် ၂ စီးမိုးမိတ်မှာ ရပ်နားထားရတစီးက ပျ-က်စီး မိုးကာနဲ့အုပ်ထားရလိ့ု ရွှေဖီမြေမီဒီယာမှာ ဖော်ပြတယ်

နမ့်ဆန် တိုက်ပွဲအတွင်း စစ်ကောင်စီအသုံးပြုခဲ့တဲ့ လေယာဉ်တွေ မိုးမိတ်မှာ ရပ်နားထား၊ တစ်စီး ပျက်စီးပြီး မိုးကာနဲ့ အုပ်ထားရ

ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၇ ရက်၊ မိုးမိတ်

တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ အသုံးပြုခဲ့တဲ့ လေယာဉ္ကို မိုးမိတ်မြို့ဘက်မှာ လာရပ်နားထားပြီး တအာင်းတပ်မတော် TNLA ရဲ့ ပစ်ခတ်မှုကြောင့် ထိမှန်ပျက်စီးခဲ့တဲ့ တစ်စီးကို မိုးကာနဲ့ အုပ်ထားရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ အသုံးပြုတဲ့ လေယာဉ်ဟာ မိုးမိတ်မြို့နယ် လေယာဉ်ကွင်းဟောင်းမှာ လာချထားပြီး တစ်စီးက လက်နက်တွေ ထိမှန်ထားတာပဲ ဖြစ်ပါတယ်။

အမည်မဖော်လိုသူ မိုးမိတ်မြို့ခံတစ်ဦးက “ပြီးခဲ့တဲ့ နမ့်ဆန်တိုက်ပွဲမှာ အသုံးပြုတဲ့လေယာဉ် လေယာဉ္ကွင်းဟောင်းဘက်မှာ လာချထားတာ။ တစ်စီးက လက်နက်ကြီး ထိတာတော့ မဟုတ်ဘူး။ လက်နက်ငယ်တွေထိပြီး ပျက်စီးကုန်တယ်။ သူတို့က မိုးကာနဲ့ အုပ်ထားတာ” လို့ ပြောပါတယ်။

နမ့်ဆန် တိုက်ပွဲအတွင်း စစ်ကောင်စီက မိုးမိတ် လေယာဉ်ကွင်းဟောင်းကနေ လူအင်အားဖြည့်တာ စားနပ်ရိက္ခာ ပို့တာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ၎င်းကပြောပါတယ်။

“နမ့်ဆန် တိုက်ပွဲက ၇ ရက်ကစတာ အဲနေ့ကတည်းက သူတို့အဲလေယာဉ်နဲ့ပဲ လူသွားချတယ်။ ရိက္ခာတွေ ပို့တာတွေလုပ်တာ။ လက်နက်ကြီးတွေ လေယာဉ္နဲ့ပစ်တဲ့ဟာ ဒီကနေပဲ တက်သွားကြတာတွေ့တယ်။ အခုကြားမိတာက သူတို့ဘက် ကျတာများတယ်။

ဒီမြို့ကပဲ တိုက်ပွဲအတွင်း ကျတဲ့ဟာက ဘယ်သူ့သား၊ ဘယ်သူ့အဖေဆိုပြီး ကြားတာတော့ရှိတယ်။ ဘယ်လောက်ရှိလဲဆိုတာအတည်တော့ မပြုနိုင်သေးဘူး” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက် နေ့လယ် ၂ နာရီကနေ ဒီဇင်ဘာ ၁၄ ရက်အထိ နမ့်ဆန်ဒေသ ကုန်းသာရွာအနီးရှိ TNLA ရဲ့ တပ်စခန်းအနီးသို့ စစ်ကောင်စီက လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြပါတယ်။

ကုန်းသာကျေးရွာတိုက်ပွဲအတွင်းက ပြည်သူများဘဝ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ရက်နေ့ ကနေ ၁၃ရက်နေ့အထိ စစ်ကောင်စီနဲ့TNLAတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာအတွင်းက ပြည်သူလူထုတွေ တွေ့ကြုံခဲ့ရတဲ့ ဘဝအခြေအခြေအနေကို ရိုက်ကူးတင်ဆက်ထားပါတယ်။