Local News

နမ့္ဆန္တိုက္ပြဲသည္ TNLAကို တိုက္ခိုက္လိုျခင္း မဟုတ္ဘဲ PDFမ်ားကို ဦးတည္တိုက္ခိုက္ျခင္းျဖစ္ဟု စစ္ေကာင္စီမွ အရွက္ေျပ ဝါဒျဖန႔္

နမ့္ဆန္တိုက္ပြဲသည္ TNLAကို တိုက္ခိုက္လိုျခင္း မဟုတ္ဘဲ PDFမ်ားကို ဦးတည္တိုက္ခိုက္ျခင္းျဖစ္ဟု စစ္ေကာင္စီမွ အရွက္ေျပ ဝါဒျဖန႔္

CJ Platform

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕နယ္အတြင္းမွာ ရက္သတၱပတ္တစ္ခုၾကာ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားonf တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (TNLA)ကို ဦးတည္ တိုက္ခိုက္ျခင္းမဟုတ္ပဲ ယင္းေဒသအတြင္းရွိ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္(PDF)မ်ားကို ဦးတည္တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း စစ္ေကာင္စီမွ ယင္းတို႔၏ဝါဒျဖန႔္မီဒီယာမ်ားမွ တဆင့္ ယမန္ေန႔ ဒီဇင္ဘာလ ၁၇ ရက္ေန႔ ညပိုင္းတြင္ ထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၇ ရက္ေန႔မွစတင္ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားသည္ နမ့္ဆန္ၿမိဳ႕နယ္အတြင္း လက္နက္မ်ားသယ္ယူလာသည့္ PDFမ်ားရွိသည္ဟု ဆိုကာ စစ္ေကာင္စီတပ္မွ နမ့္ဆန္ၿမိဳ႕နယ္အတြင္းရွိ ကုန္းသာေက်း႐ြာတဝိုက္တြင္ ရဟတ္ယာဥ္မ်ားျဖင့္ လူခ်ကာ ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္။

ထို႔အျပင္ တိုက္ပြဲအစပိုင္းတြင္ TNLA ႏွင့္ နားလည္မႈလြဲၿပီး ပစ္ခတ္မႈမ်ား ျဖစ္ခဲ့ေသာ္လည္း NUG၊ CRPH၊ PDF တို႔ ႏွင့္သာ သက္ဆိုင္ေၾကာင္း စစ္ေကာင္စီတပ္မွ ရွင္းလင္းအသိေပးသည့္ ေနာက္တြင္TNLAက သေဘာေပါက္ နားလည္ လက္ခံခဲ့ေၾကာင္းလည္း စစ္ေကာင္စီတပ္၏ ဝါဒျဖန႔္မႈတြင္ပါရွိသည္။

ထိုသို႔ စစ္ေကာင္စီတပ္မွ ေျပာဆိုမႈအေပၚ အတည္ျပဳေမးျမန္းႏိုင္ရန္ TNLA သတင္းႏွင့္ ျပန္ၾကားေရးဌာနမွ ဒုဗိုလ္မႉးႀကီး တာအိုက္ေက်ာ္ကို CJ Platformမွ ဆက္သြယ္ေမးျမန္းရန္ ႀကိဳးစားခဲ့ေပမယ့္ ဖုန္းလိုင္း အခက္အခဲမ်ားေၾကာင့္ ဆက္သြယ္လို႔မရရွိခဲ့ပါဘူး။

တစ္ပတ္ၾကာတို က္ပြဲမ်ားအတြင္း စစ္ေကာင္စီတပ္မွ ေပါင္ ၅၀၀ ဗုံးမ်ား ႀကဲခ်မႈအပါအဝင္ေလ ေၾကာင္း တိုက္ခိုက္မႈ ၄၀ ထက္မနည္း ျပဳလုပ္ခဲ့ၿပီး တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္မွ ၅၀ ဦးထက္မနည္း ေသဆုံးကာ ၂၀ ထက္မနည္း ကို TNLA မွ ဖမ္းဆီးရမိခဲ့ေၾကာင္း TNLA၏ ေျမျပင္တပ္ဖြဲ႕ဝင္တခ်ိဳ႕မွ ေျပာဆိုမႈမ်ားရွိခဲ့ေပမယ့္ ဒုဗိုလ္မႉးႀကီးတာအိုက္ေက်ာ္မွ ႏွစ္ဖက္အက်အဆုံးအေသးစိတ္ကို ၎အေနျဖင့္ မသိရွိရေသးေၾကာင္း CJ Platform အား ဒီဇင္ဘာလ ၁၇ ရက္ေန႔မနက္ပိုင္းမွာ ေျဖၾကားထားသည္။

အဆိုပါတိုက္ပြဲမ်ားအတြင္း စစ္ေကာင္စီမွ အရာရွိႏွင့္ အျခားအဆင့္ တပ္သားမ်ား ေသဆုံးမႈရွိေၾကာင္းလည္း ဝါဒျဖန႔္မႈတြင္ ေျပာဆိုခဲ့ေပမယ့္ အေရအတြက္အေသးစိတ္ကိုေတာ့ ထုတ္ေဖာ္ေျပာဆိုျခင္း မရွိခဲ့ေပ။

တစ္ပတ္တာ တိုက္ပြဲမ်ားအတြင္း တိုက္ပြဲျဖစ္ပြားရာ အနီးတဝိုက္ရွိ ေဒသခံ ႏွစ္ေထာင္ေက်ာ္ စစ္ေဘးတိမ္းေရွာင္ခဲ့ရၿပီး အရပ္သား ႏွစ္ဦးလည္း စစ္ေကာင္စီတပ္၏ လက္နက္ႀကီးထိမွန္ကာ ေသဆုံးခဲ့ရသည္။

🖋️ေခတ္နီ

နမ့်ဆန်တိုက်ပွဲသည် TNLAကို တိုက်ခိုက်လိုခြင်း မဟုတ်ဘဲ PDFများကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ဟု စစ်ကောင်စီမှ အရှက်ပြေ ဝါဒဖြန့်

CJ Platform

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းမှာ ရက်သတ္တပတ်တစ်ခုကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများonf တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)ကို ဦးတည် တိုက်ခိုက်ခြင်းမဟုတ်ပဲ ယင်းဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီမှ ယင်းတို့၏ဝါဒဖြန့်မီဒီယာများမှ တဆင့် ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှစတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် နမ့်ဆန်မြို့နယ်အတွင်း လက်နက်များသယ်ယူလာသည့် PDFများရှိသည်ဟု ဆိုကာ စစ်ကောင်စီတပ်မှ နမ့်ဆန်မြို့နယ်အတွင်းရှိ ကုန်းသာကျေးရွာတဝိုက်တွင် ရဟတ်ယာဉ်များဖြင့် လူချကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တိုက်ပွဲအစပိုင်းတွင် TNLA နှင့် နားလည်မှုလွဲပြီး ပစ်ခတ်မှုများ ဖြစ်ခဲ့သော်လည်း NUG၊ CRPH၊ PDF တို့ နှင့်သာ သက်ဆိုင်ကြောင်း စစ်ကောင်စီတပ်မှ ရှင်းလင်းအသိပေးသည့် နောက်တွင်TNLAက သဘောပေါက် နားလည် လက်ခံခဲ့ကြောင်းလည်း စစ်ကောင်စီတပ်၏ ဝါဒဖြန့်မှုတွင်ပါရှိသည်။

ထိုသို့ စစ်ကောင်စီတပ်မှ ပြောဆိုမှုအပေါ် အတည်ပြုမေးမြန်းနိုင်ရန် TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်ကို CJ Platformမှ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့ပေမယ့် ဖုန်းလိုင်း အခက်အခဲများကြောင့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

တစ်ပတ်ကြာတို က်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံးများ ကြဲချမှုအပါအဝင်လေ ကြောင်း တိုက်ခိုက်မှု ၄၀ ထက်မနည်း ပြုလုပ်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၅၀ ဦးထက်မနည်း သေဆုံးကာ ၂၀ ထက်မနည်း ကို TNLA မှ ဖမ်းဆီးရမိခဲ့ကြောင်း TNLA၏ မြေပြင်တပ်ဖွဲ့ဝင်တချို့မှ ပြောဆိုမှုများရှိခဲ့ပေမယ့် ဒုဗိုလ်မှူးကြီးတာအိုက်ကျော်မှ နှစ်ဖက်အကျအဆုံးအသေးစိတ်ကို ၎င်းအနေဖြင့် မသိရှိရသေးကြောင်း CJ Platform အား ဒီဇင်ဘာလ ၁၇ ရက်နေ့မနက်ပိုင်းမှာ ဖြေကြားထားသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီမှ အရာရှိနှင့် အခြားအဆင့် တပ်သားများ သေဆုံးမှုရှိကြောင်းလည်း ဝါဒဖြန့်မှုတွင် ပြောဆိုခဲ့ပေမယ့် အရေအတွက်အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

တစ်ပတ်တာ တိုက်ပွဲများအတွင်း တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ရှိ ဒေသခံ နှစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး အရပ်သား နှစ်ဦးလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ရသည်။

🖋️ခေတ်နီ