Local News

ဟာ…ဒါႀကီးကေတာ့ ေဂၚတာေပါ့။ ခဲတစ္လုံးနဲ႔ ငွက္ႏွစ္ေကာင္ပဲ…

ဟာ…ဒါႀကီးကေတာ့ ေဂၚတာေပါ့။ ခဲတစ္လုံးနဲ႔ ငွက္ႏွစ္ေကာင္ပဲ…

ရန္ကုန္တြင္ အုပ္ခ်ဳပ္ေရးမႉးမ်ားကို ႀကံ့ဖြတ္ပါတီဝင္မ်ားျဖင့္ အစားထိုးရန္ စတင္လုပ္ေဆာင္

ရန္ကုန္၊ ဒီဇင္ဘာ ၁၈

ရန္ကုန္တိုင္းအတြင္းတြင္ ရပ္ကြက္ႏွင့္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ားကို ႀကံ့ဖြတ္ ပါတီဝင္မ်ားျဖင့္ အစားထိုးရန္ စတင္လုပ္ေဆာင္မႈမ်ားရွိေနေၾကာင္း မဂၤလာဒုံ ႏွင့္လွည္းကူးေဒသခံမ်ား၏ ေျပာဆိုခ်က္အရ သိရွိရသည္။

မဂၤလာဒုံၿမိဳ႕နယ္တြင္ သက္ဆိုင္ရာ ႀကံ့ဖြတ္ၿမိဳ႕နယ္ပါတီအဖြဲ႕မ်ားက ရပ္ကြက္ မ်ားအလိုက္ ေနရာေဒသကြၽမ္းက်င္ၿပီး ပါတီဝင္ျဖစ္ေနသူမ်ား စာရင္း ေကာက္ခံ ကာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားအျဖစ္ ခန႔္အပ္ရန္ ျပင္ဆင္လ်က္ရွိၿပီး တခ်ိဳ႕ ကို စတင္ခန႔္အပ္ေနၿပီျဖစ္ေၾကာင္း သိရွိရသည္။

“မဂၤလာဒုံၿမိဳ႕နယ္၊ ႀကံခင္းစုရပ္ကြက္ဘက္မွာ အုပ္ခ်ဳပ္ေရးမႉး အသစ္က ႀကံ့ခိုင္ ေရးပါတီဝင္ ဦးျမင့္စိုး ျဖစ္သြားပါၿပီ။ အျခားေနရာေတြမွာလည္း အဲဒါ တစ္ခါတည္း အေျပာင္းအလဲလုပ္မယ္ေျပာတယ္။ မဂၤလာဒုံမွာ ရွိတဲ့ ရပ္ကြက္ ၁၄ ခုလုံးမွာ အုပ္ႀကီးေတြ အကုန္လဲမယ္ေျပာတယ္။ ေလာေလာဆယ္ ၃/က ရပ္ကြက္လည္း လဲသြားၿပီ” ဟု မဂၤလာဒုံေဒသခံတစ္ဦးက ေျပာသည္။

ႀကံ့ဖြတ္ပါတီ ဥကၠ႒ ခင္ရီက ပါတီဝင္မ်ား၏ လုံၿခဳံေရးအတြက္ စီမံခ်က္မ်ား ေရးဆြဲ ထားၿပီျဖစ္ကာ မ်က္ရည္ကိုသုတ္၊ ဓားကို ဆုပ္ၿပီး ေရွ႕တစ္လွမ္းတိုးရ မည္ ဟု ေျပာဆိုၿပီးေနာက္ ေအာက္ေျခ ရပ္ကြက္အုပ္ခ်ဳပ္ေရးယႏၲရားကို ႀကံ့ဖြတ္ပါတီ ဝင္တခ်ိဳ႕ျဖင့္ အစားထိုးလာျခင္းျဖစ္ေၾကာင္း စုံစမ္းသိရွိရသည္။

“မဂၤလာဒုံဘက္မွာေတာ့ စစ္တပ္နဲ႔ အဆင္ေျပတဲ့ အုပ္ခ်ဳပ္ေရးမႉးျဖစ္ရင္ေတာင္ ႀကံ့ခိုင္ေရးပါတီကမဟုတ္ရင္ မထားေတာ့ဘူးေျပာတယ္။ စိတ္ပါ လက္ပါ ရွိမယ့္ အုပ္ခ်ဳပ္ေရးမႉးေတြပဲ ထားမယ္ေျပာတယ္” ဟု မဂၤလာဒုံၿမိဳ႕ခံ တစ္ဦးက ဆို သည္။

ရန္ကုန္တိုင္းအတြင္းရွိ အျခားေသာ ၿမိဳ႕နယ္မ်ားသို႔ ရန္ကုန္ေခတ္သစ္က ဆက္ သြယ္ေမးျမန္းရာတြင္မူ အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ ေရး အဖြဲ႕မ်ား လဲလွယ္မည္ဆိုေသာ သတင္းမ်ား ရရွိထားၿပီး လက္ရွိတြင္မူ လက္ေတြ႕ လဲ လွယ္ ျခင္းမရွိေသးဟုဆိုၾကသည္။

ဓာတ္ပုံ- ႀကံ့ဖြတ္ပါတီဥကၠ႒ ခင္ရီ။

ဟာ…ဒါကြီးကတော့ ဂေါ်တာပေါ့။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပဲ…

ရန်ကုန်တွင် အုပ်ချုပ်ရေးမှူးများကို ကြံ့ဖွတ်ပါတီဝင်များဖြင့် အစားထိုးရန် စတင်လုပ်ဆောင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းအတွင်းတွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ကြံ့ဖွတ် ပါတီဝင်များဖြင့် အစားထိုးရန် စတင်လုပ်ဆောင်မှုများရှိနေကြောင်း မင်္ဂလာဒုံ နှင့်လှည်းကူးဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် သက်ဆိုင်ရာ ကြံ့ဖွတ်မြို့နယ်ပါတီအဖွဲ့များက ရပ်ကွက် များအလိုက် နေရာဒေသကျွမ်းကျင်ပြီး ပါတီဝင်ဖြစ်နေသူများ စာရင်း ကောက်ခံ ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်ရန် ပြင်ဆင်လျက်ရှိပြီး တချို့ ကို စတင်ခန့်အပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

“မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်ဘက်မှာ အုပ်ချုပ်ရေးမှူး အသစ်က ကြံ့ခိုင် ရေးပါတီဝင် ဦးမြင့်စိုး ဖြစ်သွားပါပြီ။ အခြားနေရာတွေမှာလည်း အဲဒါ တစ်ခါတည်း အပြောင်းအလဲလုပ်မယ်ပြောတယ်။ မင်္ဂလာဒုံမှာ ရှိတဲ့ ရပ်ကွက် ၁၄ ခုလုံးမှာ အုပ်ကြီးတွေ အကုန်လဲမယ်ပြောတယ်။ လောလောဆယ် ၃/က ရပ်ကွက်လည်း လဲသွားပြီ” ဟု မင်္ဂလာဒုံဒေသခံတစ်ဦးက ပြောသည်။

ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီက ပါတီဝင်များ၏ လုံခြုံရေးအတွက် စီမံချက်များ ရေးဆွဲ ထားပြီဖြစ်ကာ မျက်ရည်ကိုသုတ်၊ ဓားကို ဆုပ်ပြီး ရှေ့တစ်လှမ်းတိုးရ မည် ဟု ပြောဆိုပြီးနောက် အောက်ခြေ ရပ်ကွက်အုပ်ချုပ်ရေးယန္တရားကို ကြံ့ဖွတ်ပါတီ ဝင်တချို့ဖြင့် အစားထိုးလာခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“မင်္ဂလာဒုံဘက်မှာတော့ စစ်တပ်နဲ့ အဆင်ပြေတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ရင်တောင် ကြံ့ခိုင်ရေးပါတီကမဟုတ်ရင် မထားတော့ဘူးပြောတယ်။ စိတ်ပါ လက်ပါ ရှိမယ့် အုပ်ချုပ်ရေးမှူးတွေပဲ ထားမယ်ပြောတယ်” ဟု မင်္ဂလာဒုံမြို့ခံ တစ်ဦးက ဆို သည်။

ရန်ကုန်တိုင်းအတွင်းရှိ အခြားသော မြို့နယ်များသို့ ရန်ကုန်ခေတ်သစ်က ဆက် သွယ်မေးမြန်းရာတွင်မူ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ် ရေး အဖွဲ့များ လဲလှယ်မည်ဆိုသော သတင်းများ ရရှိထားပြီး လက်ရှိတွင်မူ လက်တွေ့ လဲ လှယ် ခြင်းမရှိသေးဟုဆိုကြသည်။

ဓာတ်ပုံ- ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီ။