Local News

ပခုကၠဴၿမိဳ႕ ၿမိဳ႕အထြက္ရွိ စစ္ေကာင္စီ စစ္ေဆးေရးဂိတ္ကို

ပခုကၠဴၿမိဳ႕ ၿမိဳ႕အထြက္ရွိ စစ္ေကာင္စီ စစ္ေဆးေရးဂိတ္ကို PDF ဝင္တိုက္၊ ၃ ဦးေသ ကားႏွင့္ လက္နက္မ်ားပါ သိမ္းဆည္း

မေကြးတိုင္း ပခုကၠဴၿမိဳ႕ ၿမိဳ႕အထြက္ရွိ စစ္ေကာင္စီတပ္စစ္ေဆးေရးဂိတ္ကို ၿမိဳ႕နယ္အေျခစိုက္ ကာကြယ္ေရးအဖြဲ႕ဝင္(PDF)တစ္ခုက ယေန႔ (ဒီဇင္ဘာ ၁၈ ရက္) မြန္းလြဲပိုင္းတြင္ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၃ ဦး ေသဆုံးသြားသည္ဟု ၿမိဳ႕အေျခစိုက္ PDF ျပန္ၾကားေရးတာဝန္ခံ ကိုပိန္က ေျပာသည္။

ပခုကၠဴ-ၿမိဳင္ၿမိဳ႕ ၿမိဳ႕နယ္ခ်င္းဆက္လမ္းေပၚ၊ ပခုကၠဴတကၠသိုလ္ေျမာက္ဘက္ တစ္မိုင္ေက်ာ္အကြာရွိ ေယာင္းမစြန္ဆီဆိုင္ေရွ႕တြင္ စစ္ေကာင္စီတပ္သားမ်ားက အထိုင္ခ်ေနသည့္ စစ္ေဆးေရးဂိတ္ကို Earthquake People’s Defence Force အမည္ရ ေဒသအေျခစိုက္ PDF အဖြဲ႕က ဝင္တိုက္ခဲ့ျခင္းျဖစ္သည္။

“သူတို႔ ၄ ေယာက္ေလာက္ပဲရွိတယ္။ သူတို႔စစ္ေဆးေရး လုပ္ေနတဲ့အခ်ိန္မွာ ျပည္သူေတြကို မထိခိုက္ေအာင္ ကြၽန္ေတာ္တို႔ ဝင္ရွင္းခဲ့တယ္ စ စခ်င္းေတာ့ သုံးေယာက္က ပြဲခ်င္းၿပီးေသတယ္။ ျပန္ၿပီးခံမတိုက္ႏိုင္ေတာ့ဘူး။ ေနာက္တစ္ေယာက္ကေတာ့ ခံပစ္ေသးတယ္။ က်ည္တစ္ေဘာက္စာေတာင္ မကုန္ဘူး သူလည္း ေသြးအလူးလူးနဲ႔ က်န္ခဲ့တယ္”ဟု ကိုပိန္က ေျပာသည္။

အဆိုပါ စစ္ေဆးေရးဂိတ္ကို Earthquake People’s Defence Force တပ္ဖြဲ႕ဝင္မ်ားက အနီးကပ္ဝင္ပစ္ခဲ့ျခင္းျဖစ္ကာ ေသနတ္ ၂ လက္ႏွင့္ က်ည္ဆန္မ်ားပါ သိမ္းဆည္းႏိုင္ခဲ့သည္ဟုလည္း ကိုပိန္က ေျပာသည္။“သုံးေယာက္က လုံးဝက်ၿပီဆိုတဲ့အခ်ိန္မွာ ေသနတ္ေတြ သြားေကာက္ႏိုင္ခဲ့တယ္”ဟု ကိုပိန္က ေျပာသည္။

MA3 အမ်ိဳးစားေသနတ္တစ္လက္ႏွင့္ အူစီ ေသနတ္တစ္လက္အပါဝင္ G3က်ည္ဆန္ ၅၀၀ႏွင့္ က်ည္ေဘာက္ ၂ ခုကို သိမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ စစ္ေကာင္စီတပ္စစ္ေဆးေရးဂိတ္မွာ ကားတစ္စီး၊ ေငြ သုံးသိန္းႏွင့္ လက္ကိုင္ဖုန္း ႏွစ္လုံးတို႔ကို သိမ္းဆီးႏိုင္ခဲ့သည္ဟု Earthquake People’s Defence Force က ထုတ္ျပန္ထားသည္။

အဆိုပါစစ္ေဆးေရးဂိတ္ရွိ စစ္သားမ်ားသည္ လမ္းသြားလမ္းလာ ျပည္သူမ်ားအေပၚ ပိုက္ဆံေတာင္းယူသည့္အျပင္ မွတ္ပုံတင္မပါလာသူမ်ားကိုလည္း ႐ိုက္ႏွက္ႏွိပ္စက္ၾကသျဖင့္ ျပည္သူလူထုအတြက္ တိုက္ပြဲဝင္ခဲ့ျခင္းျဖစ္သည္ ကိုပိန္က ဆိုသည္။

(ဓာတ္ပုံ – သိမ္းဆီးရမိသည့္ ေသနတ္မ်ားႏွင့္ ကားတို႔ကို ေတြ႕ရစဥ္)

ပခုက္ကူမြို့ မြို့အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF ဝင်တိုက်၊ ၃ ဦးသေ ကားနှင့် လက်နက်များပါ သိမ်းဆည်း

မကွေးတိုင်း ပခုက္ကူမြို့ မြို့အထွက်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို မြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်(PDF)တစ်ခုက ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) မွန်းလွဲပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးသွားသည်ဟု မြို့အခြေစိုက် PDF ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောသည်။

ပခုက္ကူ-မြိုင်မြို့ မြို့နယ်ချင်းဆက်လမ်းပေါ်၊ ပခုက္ကူတက္ကသိုလ်မြောက်ဘက် တစ်မိုင်ကျော်အကွာရှိ ယောင်းမစွန်ဆီဆိုင်ရှေ့တွင် စစ်ကောင်စီတပ်သားများက အထိုင်ချနေသည့် စစ်ဆေးရေးဂိတ်ကို Earthquake People’s Defence Force အမည်ရ ဒေသအခြေစိုက် PDF အဖွဲ့က ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

“သူတို့ ၄ ယောက်လောက်ပဲရှိတယ်။ သူတို့စစ်ဆေးရေး လုပ်နေတဲ့အချိန်မှာ ပြည်သူတွေကို မထိခိုက်အောင် ကျွန်တော်တို့ ဝင်ရှင်းခဲ့တယ် စ စချင်းတော့ သုံးယောက်က ပွဲချင်းပြီးသေတယ်။ ပြန်ပြီးခံမတိုက်နိုင်တော့ဘူး။ နောက်တစ်ယောက်ကတော့ ခံပစ်သေးတယ်။ ကျည်တစ်ဘောက်စာတောင် မကုန်ဘူး သူလည်း သွေးအလူးလူးနဲ့ ကျန်ခဲ့တယ်”ဟု ကိုပိန်က ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်ကို Earthquake People’s Defence Force တပ်ဖွဲ့ဝင်များက အနီးကပ်ဝင်ပစ်ခဲ့ခြင်းဖြစ်ကာ သေနတ် ၂ လက်နှင့် ကျည်ဆန်များပါ သိမ်းဆည်းနိုင်ခဲ့သည်ဟုလည်း ကိုပိန်က ပြောသည်။“သုံးယောက်က လုံးဝကျပြီဆိုတဲ့အချိန်မှာ သေနတ်တွေ သွားကောက်နိုင်ခဲ့တယ်”ဟု ကိုပိန်က ပြောသည်။

MA3 အမျိုးစားသေနတ်တစ်လက်နှင့် အူစီ သေနတ်တစ်လက်အပါဝင် G3ကျည်ဆန် ၅၀၀နှင့် ကျည်ဘောက် ၂ ခုကို သိမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှာ ကားတစ်စီး၊ ငွေ သုံးသိန်းနှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို သိမ်းဆီးနိုင်ခဲ့သည်ဟု Earthquake People’s Defence Force က ထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆေးရေးဂိတ်ရှိ စစ်သားများသည် လမ်းသွားလမ်းလာ ပြည်သူများအပေါ် ပိုက်ဆံတောင်းယူသည့်အပြင် မှတ်ပုံတင်မပါလာသူများကိုလည်း ရိုက်နှက်နှိပ်စက်ကြသဖြင့် ပြည်သူလူထုအတွက် တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည် ကိုပိန်က ဆိုသည်။

(ဓာတ်ပုံ – သိမ်းဆီးရမိသည့် သေနတ်များနှင့် ကားတို့ကို တွေ့ရစဉ်)