Local News

ခလရ ၂၃၁ တပ္ရင္းကို ဝင္တိုက္ မႈ တပ္ရင္းမႉးအပါအဝင္ ၇ ဦးေ-သ

ေကာ့ကရိတ္ၿမိဳ႕နယ္တြင္ ယေန႔ နံနက္ အေစာပိုင္း စစ္တပ္က တိုက္ေလယာဥ္ ျဖင့္ ဗုံးက်ဲၿပီး လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္၊ ခလရ ၂၃၁ တပ္ရင္းကို ဝင္တိုက္ မႈ တပ္ရင္းမႉးအပါအဝင္ ၇ ဦးေသ

ရန္ကုန္၊ ဒီဇင္ဘာ ၁၈

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္တြင္ ယေန႔ နံနက္အစာပိုင္းအခ်ိန္ စစ္ တပ္ က တိုက္ေလယာဥ္မ်ားျဖင့္ ဗုံးက်ဲျခင္း၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ ျခင္းမ်ား လုပ္ေဆာင္ေၾကာင္း ေကာ့ကရိတ္ၿမိဳ႕ခံမ်ားက ရန္ကုန္ေခတ္သစ္ သတင္း ဌာနထံသို႔ေျပာဆိုသည္။

ဒီဇင္ဘာလ ၁၈ ရက္ေန႔ နံနက္ ၀၀ နာရီ ၂ မိနစ္အခ်ိန္ တိုက္ေလယာဥ္ မ်ား ျဖင့္ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္း ဗုံးက်ဲျခင္း၊ လက္နက္ႀကိး ၁၂၀ မမမ်ားျဖင့္ ပစ္ခတ္ျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း၊ အဓိကအားျဖင့္ KNU တပ္မဟာ ၆ စခန္းမ်ားဘက္သို႔ က်ဲခ်ျခင္းျဖစ္ႏိုင္ေၾကာင္း ေကာ့ကရိတ္ၿမိဳ႕ခံမ်ားက ဆိုၾက သည္။

“ဒီမနက္ အေစာႀကီး ဗုံးက်ဲခ်တာ။ ၅ လုံး၊ ၆ လုံးေလာက္ရွိမယ္။ အသံေတြၾကား ရ တယ္။ လက္နက္ႀကီး ပစ္တဲ့အသံေတြ လည္း ဆက္တိုက္ပဲ။ ေကာ့ကရိတ္ ၿမိဳ႕ဘက္က အကုန္ၾကားရတယ္။ ဘယ္ေနရာေတြ ပစ္လဲေတာ့ ေသခ်ာမသိဘူး။ ႐ြာဘက္ေတြနဲ႔ KNU စခန္းဘက္ေတြကို ပစ္တယ္လို႔ ထင္တယ္” ဟု ေကာ့ ကရိတ္ ၿမိဳ႕သားတစ္ဦးက ေျပာသည္။

ထို႔ျပင္ ဒီဇင္ဘာလ ၁၆ ရက္ နံနက္ ၅ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္၊ လႈိင္း၀ ခလရ ၂၃၁ စစ္တပ္စခန္းကို က်ားျဖဴစစ္ေၾကာင္း က ဦးေဆာင္ၿပီး မဟာမိတ္တပ္မ်ားက တိုက္ခိုက္ရာ တပ္ရင္းမႉးအပါအဝင္ ၇ ဦးေသကာ ၉ ဦး ဒဏ္ရာအျပင္းအထန္ရရွိခဲ့ေၾကာင္း က်ားျဖဴတပ္ခြဲ ၁ က သ တင္း ထုတ္ျပန္သည္။

အၾကမ္းဖက္ စစ္ေကာင္စီ၏ လႈိင္း၀ ခလရ ၂၃၁ စစ္တပ္စခန္းကို က်ားျဖဴ စစ္ ေၾကာင္း က ဦးေဆာင္ၿပီး KNLA တပ္မ်ား၊ PDF တပ္မ်ား အပါအဝင္ မဟာမိတ္ တပ္မ်ားက ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။

တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္မွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့ သည့္ အျပင္ ေလေၾကာင္းစစ္ကူ တိုက္ခိုက္ေရး ရဟတ္ ယာဥ္ ၃ စင္းႏွင့္ သာလြန္ အင္ အားျဖင့္ လာေရာက္စစ္ကူေပးခဲ့ေသာ္လည္း ေတာ္လွန္ေရးအဖြဲ႕မ်ား ေအာင္ ျမင္စြာ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း၊ က်ားျဖဴစစ္ေၾကာင္းမွ ရဲေဘာ္ ၁ ဦး က်ဆုံးခဲ့ရၿပီး ၂ ဦး ထိခိုက္ဒဏ္ရာ (မစိုးရိမ္ရ) ရရွိခဲ့ကာလက္နက္ ၃ လက္ သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရွိရသည္။

ကော့ကရိတ်မြို့နယ်တွင် ယနေ့ နံနက် အစောပိုင်း စစ်တပ်က တိုက်လေယာဉ် ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်၊ ခလရ ၂၃၁ တပ်ရင်းကို ဝင်တိုက် မှု တပ်ရင်းမှူးအပါအဝင် ၇ ဦးသေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယနေ့ နံနက်အစာပိုင်းအချိန် စစ် တပ် က တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်းများ လုပ်ဆောင်ကြောင်း ကော့ကရိတ်မြို့ခံများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၀၀ နာရီ ၂ မိနစ်အချိန် တိုက်လေယာဉ် များ ဖြင့် ကော့ကရိတ်မြို့နယ်အတွင်း ဗုံးကျဲခြင်း၊ လက်နက်ကြိး ၁၂၀ မမများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ အဓိကအားဖြင့် KNU တပ်မဟာ ၆ စခန်းများဘက်သို့ ကျဲချခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်မြို့ခံများက ဆိုကြ သည်။

“ဒီမနက် အစောကြီး ဗုံးကျဲချတာ။ ၅ လုံး၊ ၆ လုံးလောက်ရှိမယ်။ အသံတွေကြား ရ တယ်။ လက်နက်ကြီး ပစ်တဲ့အသံတွေ လည်း ဆက်တိုက်ပဲ။ ကော့ကရိတ် မြို့ဘက်က အကုန်ကြားရတယ်။ ဘယ်နေရာတွေ ပစ်လဲတော့ သေချာမသိဘူး။ ရွာဘက်တွေနဲ့ KNU စခန်းဘက်တွေကို ပစ်တယ်လို့ ထင်တယ်” ဟု ကော့ ကရိတ် မြို့သားတစ်ဦးက ပြောသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၆ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်း၀ ခလရ ၂၃၁ စစ်တပ်စခန်းကို ကျားဖြူစစ်ကြောင်း က ဦးဆောင်ပြီး မဟာမိတ်တပ်များက တိုက်ခိုက်ရာ တပ်ရင်းမှူးအပါအဝင် ၇ ဦးသေကာ ၉ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ကျားဖြူတပ်ခွဲ ၁ က သ တင်း ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ လှိုင်း၀ ခလရ ၂၃၁ စစ်တပ်စခန်းကို ကျားဖြူ စစ် ကြောင်း က ဦးဆောင်ပြီး KNLA တပ်များ၊ PDF တပ်များ အပါအဝင် မဟာမိတ် တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သည့် အပြင် လေကြောင်းစစ်ကူ တိုက်ခိုက်ရေး ရဟတ် ယာဉ် ၃ စင်းနှင့် သာလွန် အင် အားဖြင့် လာရောက်စစ်ကူပေးခဲ့သော်လည်း တော်လှန်ရေးအဖွဲ့များ အောင် မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ကျားဖြူစစ်ကြောင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ရပြီး ၂ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာလက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။