Local News

ေမွာ္ဘီေလတပ္စခန္း

ေမွာ္ဘီေလတပ္စခန္းကို ေရွာ့တိုက္ဒုံး ၃ လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္၊ အင္းစိန္ အၾကမ္း ဖက္ ႏွိမ္နင္းေရးတပ္၊ မဂၤလာဒုံ ႏွင့္ ေမွာ္ဘီေလတပ္မ်ားကို ၃ ရက္ ဆက္တိုက္ ေရွာ့တိုက္ဒုံးျဖင့္ ဆက္တိုက္ ပစ္ခတ္

ရန္ကုန္၊ ဒီဇင္ဘာ ၁၉

ရန္ကုန္တိုင္း၊ ေမွာ္ဘီေလတပ္စခန္းကို ဒီဇင္ဘာလ ၁၇ ရက္ေန႔တြင္ ေရွာ့တိုက္ ဒုံး ၃ လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း People Defense Force – Hmawbi တပ္က ေျပာသည္။

ဒီဇင္ဘာ ၁၇ ရက္ေန႔ ည ၈ နာရီ ၅၈ မိနစ္ ေမွာ္ဘီ ေလတပ္စခန္းကို ေရွာ့တိုက္ ဒုံး ၃ လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ေရွာ့တိုက္ဒုံး ၂ လုံးမွာ ေလတပ္နံရံကို ထိ မွန္ခဲ့ၿပီး က်န္ တစ္လုံးမွာ အဓိက ေနရာကို ထိမွန္သြားေၾကာင္း၊ ထိခိုက္ မႈမ်ား ကို အတိအက်မသိရေသးေပမယ့္ ထိခိုက္မႈရွိသည္ဟု သိရွိရေၾကာင္း ၊ PDF-Hmawbiႏွင့္ Yangon UG Group မ်ားက ပူးေပါင္းေဆာင္ ႐ြက္ခဲ့ျခင္း ျဖစ္ ေၾကာင္း သိရွိရသည္။

“ဒီဇင္ဘာ ၁၇ ရက္ေန႔ညပိုင္း ေပါက္ကြဲမႈ ေတြျဖစ္ခဲ့တယ္။ ဒါေပမယ့္ ဘယ္ ေန ရာ ကိုေတာ့ မသိခဲ့ဘူး” ဟု ေမွာ္ဘီ ေဒသခံတစ္ဦးက ေျပာသည္။

ရန္ကုန္တိုင္းတြင္ ဒီဇင္ဘာ ၁၅ ရက္ေန႔မွ ဒီဇင္ဘာ ၁၇ ရက္ေန႔ အထိ အၾကမ္း ဖက္ စစ္တပ္၏ တပ္ေနရာမ်ားကို ၃ ရက္ ဆက္တိုက္ ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္ တိုက္ခိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။

ဒီဇင္ဘာလ ၁၅ ရက္ေန႔ ည ၈ နာရီ ၃၀ မိနစ္အခ်ိန္တြင္ အင္းစိန္ BPI ေဆးဝါး စက္႐ုံအနီးရွိ အၾကမ္းဖက္ႏွိမ္နင္းေရး စစ္တပ္ထဲသို႔ ၁၀၇ မမ ေရွာ့တိုက္ဒုံး ၂ လုံး ျဖင့္ ပစ္ခတ္ခဲ့ျခင္း ျဖစ္ ေၾကာင္း၊ အဆိုပါ စစ္တပ္သည္ ရန္ကုန္တြင္ စစ္ အာ ဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈ မ်ား ကို အဓိက ထားႏွိမ္နင္းၿပီး ေက်ာင္း သား လူငယ္မ်ားႏွင့္ျပည္သူ မ်ား ကို သတ္ျဖတ္သည့္ တပ္ျဖစ္ေၾကာင္း၊

အင္း စိန္ ေထာင္အတြင္း ဆႏၵျပမႈမ်ား ကို အၾကမ္းဖက္ ဝင္ေရာက္ႏွိမ္နင္းသည့္ ဗဟိုတပ္ျဖစ္ေၾကာင္း၊ BPI အနီးရွိ စစ္တပ္ထဲတြင္ အထိုင္ခ်ထားသည့္ တပ္ ျဖစ္ ေၾကာင္း သိရွိရသည္။

ဒီဇင္ဘာလ ၁၆ ရက္ေန႔ ည ၈ နာရီ ၄၀ မိနစ္အခ်ိန္မွစတင္၍ မဂၤလာဒုံ ေလ တပ္ စခန္း ဌာနခ်ဳပ္ကို ၁၀၇ မမ ေရွာ့တိုက္ဒုံး ၅ လုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ ခဲ့ ေၾကာင္း၊ ရန္ကုန္ၿမိဳ႕ျပေပ်ာက္က်ား UG တာဝန္ရွိသူကမူ မဂၤလာဒုံေလတပ္ စခန္းဌာန ခ်ဳပ္ ထဲသို႔ ေရွာ့တိုက္ဒုံး ၁၀၇ မမ ၅ လုံး တစ္ၿပိဳင္နက္တည္း ပစ္ခတ္ ခဲ့ျခင္း ျဖစ္ ၿပီး ေရွာ့တိုက္ဒုံး ၅ လုံး တစ္ၿပိဳင္နက္တည္း က်ေရာက္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရွိရသည္။

မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ အင်းစိန် အကြမ်း ဖက် နှိမ်နင်းရေးတပ်၊ မင်္ဂလာဒုံ နှင့် မှော်ဘီလေတပ်များကို ၃ ရက် ဆက်တိုက် ရှော့တိုက်ဒုံးဖြင့် ဆက်တိုက် ပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရှော့တိုက် ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People Defense Force – Hmawbi တပ်က ပြောသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီ ၅၈ မိနစ် မှော်ဘီ လေတပ်စခန်းကို ရှော့တိုက် ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၂ လုံးမှာ လေတပ်နံရံကို ထိ မှန်ခဲ့ပြီး ကျန် တစ်လုံးမှာ အဓိက နေရာကို ထိမှန်သွားကြောင်း၊ ထိခိုက် မှုများ ကို အတိအကျမသိရသေးပေမယ့် ထိခိုက်မှုရှိသည်ဟု သိရှိရကြောင်း ၊ PDF-Hmawbiနှင့် Yangon UG Group များက ပူးပေါင်းဆောင် ရွက်ခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။

“ဒီဇင်ဘာ ၁၇ ရက်နေ့ညပိုင်း ပေါက်ကွဲမှု တွေဖြစ်ခဲ့တယ်။ ဒါပေမယ့် ဘယ် နေ ရာ ကိုတော့ မသိခဲ့ဘူး” ဟု မှော်ဘီ ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းတွင် ဒီဇင်ဘာ ၁၅ ရက်နေ့မှ ဒီဇင်ဘာ ၁၇ ရက်နေ့ အထိ အကြမ်း ဖက် စစ်တပ်၏ တပ်နေရာများကို ၃ ရက် ဆက်တိုက် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် အင်းစိန် BPI ဆေးဝါး စက်ရုံအနီးရှိ အကြမ်းဖက်နှိမ်နင်းရေး စစ်တပ်ထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ် ကြောင်း၊ အဆိုပါ စစ်တပ်သည် ရန်ကုန်တွင် စစ် အာ ဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု များ ကို အဓိက ထားနှိမ်နင်းပြီး ကျောင်း သား လူငယ်များနှင့်ပြည်သူ များ ကို သတ်ဖြတ်သည့် တပ်ဖြစ်ကြောင်း၊

အင်း စိန် ထောင်အတွင်း ဆန္ဒပြမှုများ ကို အကြမ်းဖက် ဝင်ရောက်နှိမ်နင်းသည့် ဗဟိုတပ်ဖြစ်ကြောင်း၊ BPI အနီးရှိ စစ်တပ်ထဲတွင် အထိုင်ချထားသည့် တပ် ဖြစ် ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ မင်္ဂလာဒုံ လေ တပ် စခန်း ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ ကြောင်း၊ ရန်ကုန်မြို့ပြပျောက်ကျား UG တာဝန်ရှိသူကမူ မင်္ဂလာဒုံလေတပ် စခန်းဌာန ချုပ် ထဲသို့ ရှော့တိုက်ဒုံး ၁၀၇ မမ ၅ လုံး တစ်ပြိုင်နက်တည်း ပစ်ခတ် ခဲ့ခြင်း ဖြစ် ပြီး ရှော့တိုက်ဒုံး ၅ လုံး တစ်ပြိုင်နက်တည်း ကျရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။