Local News

႐ုပ္သံကိုရႈိးလိုက္…အဝစားပဲ…အားရပါးရကို ေႂကြးတာ

ဆားလင္းႀကီးရဲ ၄ ဦးေသ လက္နက္မ်ားဆုံးရႈံး

ပါခြီး

မဇၥ်ိမ ။ ။ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဆားလင္းႀကီးၿမိဳ႕နယ္တြင္ စကစ လက္ေအာက္ခံ ရဲတပ္ဖြဲ႕ဝင္မ်ားတိုက္ခိုက္ခံရၿပီး ဒုရဲအုပ္အပါအဝင္ ေလးဦးေသဆုံးခဲ့ကာ အူဇီေသနတ္ သုံးလက္ကိုပါရရွိခဲ့ေၾကာင္း ခ်င္းတြင္းဂဠဳန္ရာဇာ ေျပာက္က်ားတပ္ဖြဲ႕ထံမွ သိရသည္။

ဒီဇင္ဘာလ ၁၈ ရက္၊ နံနက္ ၈ နာရီ ၅၀ မိနစ္ခန႔္တြင္ ဆားလင္းႀကီးၿမိဳ႕နယ္တစ္ေနရာ၌ အိမ္စီးကားျဖင့္ ကင္းလွည့္ထြက္လာသည့္ စစ္ေကာင္စီလက္ေအာက္ခံ ရဲမ်ားႏွင့္ PDF တပ္ေပါင္းစုတို႔ အျပန္အလွန္ပစ္ခဲ့မႈျဖစ္ခဲ့ျခင္း ျဖစ္သည္။

“ အဲဒီရဲေတြ လာေနက် အခ်ိန္ကို ေစာင့္ၾကည့္ခဲ့ၿပီး က်ေနာ္တို႔အဖြဲ႕ေတြ ကင္းပတ္တဲ့အခ်ိန္မွာ တည့္တည့္တိုးလာတဲ့အတြက္ တိုက္ခိုက္ခဲ့တာပါ” ဟု ခ်င္းတြင္ဂဠဳန္ရာဇာ ေျပာက္က်ားတပ္ဖြဲ႕ တာဝန္ရွိသူတစ္ဦးက မဇၥ်ိမ သို႔ေျပာသည္။

ရဲငါးဦး လိုက္ပါလာေသာကားကို တိုက္ခိုက္ခဲ့ရာ ဒုရဲအုပ္ သန႔္စင္ဝင္း ကိုယ္ပိုင္အမွတ္ (လ ၁၉၈၂၄၇) အပါအဝင္ ေလးဦးေသဆုံးၿပီး ၎တို႔ကိုင္ေဆာင္ေသာ အူဇီေသနတ္ သုံးလက္ သိမ္းဆည္းရရွိကာ ရဲတစ္ဦးမွာ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း ၎က ဆိုသည္။

ယင္းတိုက္ခိုက္မႈကို ခ်င္းတြင္းဂဠဳန္ရာဇာ ေျပာက္က်ားတပ္ဖြဲ႕ (Chindwin Galone Yazar Guerrilla Defense Force ) ၊ Triple Two Task Force ၊ Salingyi People’s Defense Force ၊ Alpha Special Force ၊ Yinmarbin Local Defense Force ၊ Monywa Trust of Force တို႔မွ ပူးေပါင္းခဲ့ျခင္းျဖစ္သည္။

အျပန္အလွန္ပစ္ခတ္ခ်ိန္အတြင္း ရဲမ်ားဘက္မွပစ္ခတ္မႈေၾကာင့္ ျပည္သူတစ္ဦး အသက္ဆုံးရႈံးခဲ့ရေၾကာင္းႏွင့္ သို႔ျဖစ္ပါ၍ အထူးဝမ္းနည္းေၾကကြဲရပါေၾကာင္း ကာကြယ္ေရးတပ္ဘက္မွ ထုတ္ျပန္ထားသည္။

မိဘျပည္သူမ်ားအေနျဖင့္ ထိေတြ႕ပစ္ခတ္သံမ်ား ႀကဳံေတြ႕ရပါက ေဘးလြတ္ရာသို႔ အျမန္ဆုံးတိမ္းေရွာင္ၾကပါရန္ႏွင့္ ျဖစ္စဥ္ကို ၾကည့္ရႈျခင္း၊ စူးစမ္းျခင္း၊ အျပင္သို႔ထြက္ျခင္းမ်ား မျပဳလုပ္ၾကပါရန္ ေမတၱာရပ္ခံေၾကာင္းဆိုသည္။

အလားတူ ျပည္သူမ်ားတြင္ အခက္အခဲမ်ိဳးစုံရွိေနေသာ္ျငား စစ္တပ္ကိုအျမစ္ျပတ္ ေခ်မႈန္းေရးအတြက္ ဝင္ေငြမရွိေသာ ကာကြယ္ေရးတပ္မ်ားကို လက္နက္ခဲယမ္းျဖည့္တင္းႏိုင္ေရး ကူညီၾကပါရန္ အေလးအနက္ပန္ၾကားလိုေၾကာင္း ခ်င္းတြင္ဂဠဳန္ရာဇာ ေျပာက္က်ားတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

စာတည္း ။ ။ စိုးသူေအာင္

စာမူတည္းျဖတ္။ ။သန႔္ေဇာ္(သန္လ်င္)

ဆားလင်းကြီးရဲ ၄ ဦးသေ လက်နက်များဆုံးရှုံး

ပါခွီး

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်တွင် စကစ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် လေးဦးသေဆုံးခဲ့ကာ အူဇီသေနတ် သုံးလက်ကိုပါရရှိခဲ့ကြောင်း ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၈ ရက်၊ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်တစ်နေရာ၌ အိမ်စီးကားဖြင့် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲများနှင့် PDF တပ်ပေါင်းစုတို့ အပြန်အလှန်ပစ်ခဲ့မှုဖြစ်ခဲ့ခြင်း ဖြစ်သည်။

“ အဲဒီရဲတွေ လာနေကျ အချိန်ကို စောင့်ကြည့်ခဲ့ပြီး ကျနော်တို့အဖွဲ့တွေ ကင်းပတ်တဲ့အချိန်မှာ တည့်တည့်တိုးလာတဲ့အတွက် တိုက်ခိုက်ခဲ့တာပါ” ဟု ချင်းတွင်ဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ သို့ပြောသည်။

ရဲငါးဦး လိုက်ပါလာသောကားကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် သန့်စင်ဝင်း ကိုယ်ပိုင်အမှတ် (လ ၁၉၈၂၄၇) အပါအဝင် လေးဦးသေဆုံးပြီး ၎င်းတို့ကိုင်ဆောင်သော အူဇီသေနတ် သုံးလက် သိမ်းဆည်းရရှိကာ ရဲတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ၎င်းက ဆိုသည်။

ယင်းတိုက်ခိုက်မှုကို ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့ (Chindwin Galone Yazar Guerrilla Defense Force ) ၊ Triple Two Task Force ၊ Salingyi People’s Defense Force ၊ Alpha Special Force ၊ Yinmarbin Local Defense Force ၊ Monywa Trust of Force တို့မှ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

အပြန်အလှန်ပစ်ခတ်ချိန်အတွင်း ရဲများဘက်မှပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်းနှင့် သို့ဖြစ်ပါ၍ အထူးဝမ်းနည်းကြေကွဲရပါကြောင်း ကာကွယ်ရေးတပ်ဘက်မှ ထုတ်ပြန်ထားသည်။

မိဘပြည်သူများအနေဖြင့် ထိတွေ့ပစ်ခတ်သံများ ကြုံတွေ့ရပါက ဘေးလွတ်ရာသို့ အမြန်ဆုံးတိမ်းရှောင်ကြပါရန်နှင့် ဖြစ်စဉ်ကို ကြည့်ရှုခြင်း၊ စူးစမ်းခြင်း၊ အပြင်သို့ထွက်ခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံကြောင်းဆိုသည်။

အလားတူ ပြည်သူများတွင် အခက်အခဲမျိုးစုံရှိနေသော်ငြား စစ်တပ်ကိုအမြစ်ပြတ် ချေမှုန်းရေးအတွက် ဝင်ငွေမရှိသော ကာကွယ်ရေးတပ်များကို လက်နက်ခဲယမ်းဖြည့်တင်းနိုင်ရေး ကူညီကြပါရန် အလေးအနက်ပန်ကြားလိုကြောင်း ချင်းတွင်ဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)