Local News

လုံၿခဳံေရးအရ ဝန္ထမ္းေတြ ႐ုံးမတက္ဖို႔ စစ္ေကာင္စီၫႊန္ၾကား

လုံၿခဳံေရးအရ ဝန္ထမ္းေတြ ႐ုံးမတက္ဖို႔ စစ္ေကာင္စီၫႊန္ၾကား

DeltaNewsAgency

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္အတြင္းက ဝန္ထမ္းေတြကို ႐ုံးမတက္ဘဲ ေနအိမ္ကပဲ အလုပ္လုပ္ဖို႔၊ မျဖစ္မေန႐ုံးတက္ဖို႔ လိုသူေတြ အရပ္ဝတ္နဲ႔ ႐ုံးတက္ဖို႔ စစ္ေကာင္စီက ၫႊန္ၾကားထားတယ္လို႔ စစ္ေကာင္စီလက္ေအာက္ခံ ဝန္ထမ္းအသိုင္းအဝိုင္းက စုံစမ္းသိရွိရပါတယ္။

ေပါင္ၿမိဳ႕နယ္အတြင္းမွာ ၿမိဳ႕နယ္ေထြအုပ္႐ုံး၊ ၿမိဳ႕မရဲစခန္းနဲ႔ ဇင္းက်ိဳက္နယ္ေျမရဲစခန္း တိုက္ခိုက္ခံရတာ၊ ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕ ပစ္သတ္ခံရတာေတြ ျဖစ္ၿပီးေနာက္ စစ္ေကာင္စီ လက္ေအာက္ခံ ျပည္နယ္အႀကီးအကဲေတြနဲ႔ တပ္အႀကီးအကဲေတြ အစည္းအေဝးျပဳလုပ္ခဲ့ၿပီး အခုလတတိယပတ္အတြင္း အဲ့ဒီလို ၫႊန္ၾကားလိုက္တာလို႔ သိရပါတယ္။

“ရဲစခန္းက်ေတာ့ သူတို႔႐ုံးတက္ရမယ္၊ အရပ္ဝတ္နဲ႔ေပါ့၊ က်န္တဲ့ဌာနဆိုင္ရာ ႐ုံးေတြကေတာ့ ေနအိမ္ကေန အလုပ္လုပ္ၾကဖို႔ဆိုၿပီး ၫႊန္ၾကားထားတာ၊ ဒီ ဒီဇင္ဘာလ တတိယအပတ္ထဲမွာပဲ၊ အခုတေလာ ရဲစခန္းတို႔ ဌာနဆိုင္ရာ ႐ုံးေတြ၊ ဝန္ထမ္းေတြ ပစ္မွတ္တိုက္ခိုက္ခံရေတာ့ေလ၊ အဓိက ဝန္ထမ္းေတြရဲ႕ လုံၿခဳံေရးအတြက္ဆိုၿပီး သက္ဆိုင္ရာ ဌာနဆိုင္ရာ အႀကီးအကဲေတြကို ဖုန္းဆက္ၫႊန္ၾကားထားတယ္” လို႔ ေပါင္ၿမိဳ႕နယ္ေထြအုပ္႐ုံးနဲ႔ နီးစပ္သူတဦးက DNA ကိုေျပာပါတယ္။

ျပည္နယ္စစ္ေကာင္စီရဲ႕ ၫႊန္ၾကားခ်က္အရ ၿမိဳ႕မရဲစခန္း၊ နယ္ေျမရဲစခန္း၊ ရဲကင္းစခန္းေတြက ရဲတပ္ဖြဲ႕ဝင္ေတြ အေနနဲ႔ အရပ္ဝတ္နဲ႔ ႐ုံးတက္ၾကဖို႔၊ ၿမိဳ႕နယ္ေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန႐ုံးနဲ႔တျခားဌာနဆိုင္ရာ ႐ုံးအားလုံးကေတာ့ ေနအိမ္ကေန အလုပ္လုပ္ၾကဖို႔ ျဖစ္တယ္လို႔ သူကေျပာပါတယ္။

စစ္ေကာင္စီလက္ေအာက္ခံ ဝန္ထမ္းေတြအေနနဲ႔ ေနအိမ္ကေန အလုပ္လုပ္ေပးရမယ္ ဆိုေပမယ့္ လိုအပ္လာပါက ႐ုံးကိုခ်က္ခ်င္းလာေရာက္ၿပီး အလုပ္လုပ္ေပးရမယ္ဆိုတဲ့ ၫႊန္ၾကားခ်က္မ်ိဳးလည္း ထည့္သြင္းထားတယ္လို႔ ဆိုပါတယ္။

အဲ့ဒီလို ၫႊန္ၾကားမႈမ်ိဳးကို မြန္ျပည္နယ္အတြင္းက ေရးၿမိဳ႕နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ ဘီးလင္းၿမိဳ႕နယ္နဲ႔ သထုံၿမိဳ႕နယ္တို႔မွာ အရင္ကတည္းက ၫႊန္ၾကားထားတာျဖစ္ၿပီး ေပါင္ၿမိဳ႕နယ္အေနနဲ႔ေတာ့ အခုလတတိယအပတ္မွာ စတင္ၫႊန္ၾကားခဲ့တာ ျဖစ္တယ္လို႔ ျပည္နယ္အစိုးရအဖြဲ႕က အရာရွိဝန္ထမ္းတဦးကေျပာပါတယ္။

အဲ့ဒီလိုၫႊန္ၾကားမႈေတြေၾကာင့္ စစ္ေကာင္စီလက္ေအာက္ခံ ဝန္ထမ္းေတြအၾကားမွ စိုးရိမ္မႈေတြ ရွိေနၾကသလို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြရဲ႕ ဖမ္းဆီးသတ္ျဖတ္ခံရမွာနဲ႔ လုပ္ႀကံသတ္ျဖတ္ခံရမွာကို ေၾကာက္လန႔္မႈေတြ ရွိေနၾကတယ္လို႔ သူကဆိုပါတယ္။

လုံခြုံရေးအရ ဝန်ထမ်းတွေ ရုံးမတက်ဖို့ စစ်ကောင်စီညွှန်ကြား

DeltaNewsAgency

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက ဝန်ထမ်းတွေကို ရုံးမတက်ဘဲ နေအိမ်ကပဲ အလုပ်လုပ်ဖို့၊ မဖြစ်မနေရုံးတက်ဖို့ လိုသူတွေ အရပ်ဝတ်နဲ့ ရုံးတက်ဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။

ပေါင်မြို့နယ်အတွင်းမှာ မြို့နယ်ထွေအုပ်ရုံး၊ မြို့မရဲစခန်းနဲ့ ဇင်းကျိုက်နယ်မြေရဲစခန်း တိုက်ခိုက်ခံရတာ၊ ရဲတပ်ဖွဲ့ဝင်တချို့ ပစ်သတ်ခံရတာတွေ ဖြစ်ပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်အကြီးအကဲတွေနဲ့ တပ်အကြီးအကဲတွေ အစည်းအဝေးပြုလုပ်ခဲ့ပြီး အခုလတတိယပတ်အတွင်း အဲ့ဒီလို ညွှန်ကြားလိုက်တာလို့ သိရပါတယ်။

“ရဲစခန်းကျတော့ သူတို့ရုံးတက်ရမယ်၊ အရပ်ဝတ်နဲ့ပေါ့၊ ကျန်တဲ့ဌာနဆိုင်ရာ ရုံးတွေကတော့ နေအိမ်ကနေ အလုပ်လုပ်ကြဖို့ဆိုပြီး ညွှန်ကြားထားတာ၊ ဒီ ဒီဇင်ဘာလ တတိယအပတ်ထဲမှာပဲ၊ အခုတလော ရဲစခန်းတို့ ဌာနဆိုင်ရာ ရုံးတွေ၊ ဝန်ထမ်းတွေ ပစ်မှတ်တိုက်ခိုက်ခံရတော့လေ၊ အဓိက ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက်ဆိုပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲတွေကို ဖုန်းဆက်ညွှန်ကြားထားတယ်” လို့ ပေါင်မြို့နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။

ပြည်နယ်စစ်ကောင်စီရဲ့ ညွှန်ကြားချက်အရ မြို့မရဲစခန်း၊ နယ်မြေရဲစခန်း၊ ရဲကင်းစခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ အရပ်ဝတ်နဲ့ ရုံးတက်ကြဖို့၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့တခြားဌာနဆိုင်ရာ ရုံးအားလုံးကတော့ နေအိမ်ကနေ အလုပ်လုပ်ကြဖို့ ဖြစ်တယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ နေအိမ်ကနေ အလုပ်လုပ်ပေးရမယ် ဆိုပေမယ့် လိုအပ်လာပါက ရုံးကိုချက်ချင်းလာရောက်ပြီး အလုပ်လုပ်ပေးရမယ်ဆိုတဲ့ ညွှန်ကြားချက်မျိုးလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ညွှန်ကြားမှုမျိုးကို မွန်ပြည်နယ်အတွင်းက ရေးမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ အရင်ကတည်းက ညွှန်ကြားထားတာဖြစ်ပြီး ပေါင်မြို့နယ်အနေနဲ့တော့ အခုလတတိယအပတ်မှာ စတင်ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့က အရာရှိဝန်ထမ်းတဦးကပြောပါတယ်။

အဲ့ဒီလိုညွှန်ကြားမှုတွေကြောင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအကြားမှ စိုးရိမ်မှုတွေ ရှိနေကြသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှာနဲ့ လုပ်ကြံသတ်ဖြတ်ခံရမှာကို ကြောက်လန့်မှုတွေ ရှိနေကြတယ်လို့ သူကဆိုပါတယ်။