Local News

ကနီသတင္းေကာင္း စခ (၃၅)ေကာင္ တာ့တာျပ

ကနီသတင္းေကာင္း စခ (၃၅)ေကာင္ တာ့တာျပ

ကနီၿမိဳ႕နယ္အေျခစိုက္ ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ ထိေတြ႕တိုက္ပြဲျဖစ္၊ စစ္ေကာင္စီဘက္က အနည္းဆုံး ၃၅ ဦးေသဆုံးတယ္လို႔ ဆို

BVJ၊ ဒီဇင္ဘာ၂၁၊ ၂၀၂၂

ဒီဇင္ဘာ ၂၁ ၊ မနက္ ၇ နာရီေလာက္ကစတင္ၿပီး မု‌ေဌါ႐ြာအနီးကေနစတင္ကာ ေတာ္လွန္ေရးပူးေပါင္းမဟာမိတ္ တပ္ေတြနဲ႔ အင္အား ၁၃၀ခန႔္ရွိတဲ့ စစ္ေကာင္စီတပ္ေတြ ထိပ္တိုက္ထိေတြ႕တိုက္ပြဲျဖစ္ခဲ့တယ္လို႔ ကနီအေျခစိုက္ ေဒါင္းမ်ိဳးဆက္ ကနီ PDF အဖြဲ႕က တာဝန္ရွိသူကေျပာပါတယ္။

“မေန႔ည၈ နာရီ က ေက်ာင္းေပၚေက်း႐ြာကေန ခ်င္းတြင္းျမစ္အတိုင္းလာတဲ့ စစ္သေဘၤာေတြကို ကြၽန္ေတာ္က လက္နက္ႀကီးေတြနဲ႔ပစ္လိုက္တယ္။ ဒီမနက္ေတာ့ စခေတြက ကုန္းေၾကာင္းပတ္ဝင္လာတယ္။ မုေဌာအနီးမွာ ကြၽန္ေတာ္တို႔တပ္ဖြဲ႕ေတြနဲ႔ ထိပ္တိုက္ေတြ႕တာ။ ပြိဳင့္ကေတာ့ ၂ ပြိဳင့္ပဲ၊ စခေတြ ပထမပြိဳင့္မွာ ၁၅ ေယာက္က်တယ္၊ ဒုတိယပြိဳင့္မွာ ၂၀ ေလာက္က်တယ္” လို႔ေျပာပါတယ္။

စစ္ေကာင္စီတပ္ဖက္က ေလေၾကာင္းပစ္ကူကိုေခၚတဲ့အတြက္ ေလေၾကာင္းကေန Mi 35 နဲ႔ လာတိုက္ခိုက္ခဲ့ေပမဲ့ စစ္ေကာင္စီတပ္ေတြရွိတဲ့ေနရာကိုသာ မွားယြင္းပစ္ခတ္ခဲ့တယ္လို႔ ေဒါင္းမ်ိဳးဆက္ ကနီ PDF အဖြဲ႕က တာဝန္ရွိသူက Burma VJ ကို ေျပာပါတယ္။

“သူတို႔ဘာေတြမွားလဲမသိဘူး။ ေလေၾကာင္းလာတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔လည္း ေစာင့္ၾကည့္ေနတာ၊ သူတို႔ပစ္တဲ့ ေနရာက သူတို႔တပ္ေတြရွိတဲ့ေနရာကို မွားပစ္ၿပီး ျပန္လွည့္သြားတယ္” လို႔ ေျပာပါတယ္။

တိုက္ပြဲမွာ ကနီတပ္ရင္းၿမိဳ႕နယ္ေတြ ၊ ကနီေဒသခံ local တပ္ေတြအျပင္ ယင္းမာပင္နဲ႔ ဆားလင္းႀကီးၿမိဳ႕နယ္ဘက္က မဟာမိတ္တပ္ေတြ ပူးတိုက္တိုက္ခိုက္ခဲ့ၾကတာျဖစ္ၿပီး ေတာ္လွန္ေရးတပ္ေတြဘက္က အထိအခိုက္ရွိေပမဲ့ က်ဆုံးစာရင္း ကို ေသခ်ာမသိရေသးဘူးလို႔လည္း ေျပာပါတယ္။ ေန႔လည္ ၂နာရီမွာ ၂ ဖက္စလုံးပစ္ခတ္မႈကို ရပ္ဆိုင္းထားပါတယ္။

ကနီသတင်းကောင်း စခ (၃၅)ကောင် တာ့တာပြ

ကနီမြို့နယ်အခြေစိုက် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က အနည်းဆုံး ၃၅ ဦးသေဆုံးတယ်လို့ ဆို

BVJ၊ ဒီဇင်ဘာ၂၁၊ ၂၀၂၂

ဒီဇင်ဘာ ၂၁ ၊ မနက် ၇ နာရီလောက်ကစတင်ပြီး မု‌ဌေါရွာအနီးကနေစတင်ကာ တော်လှန်ရေးပူးပေါင်းမဟာမိတ် တပ်တွေနဲ့ အင်အား ၁၃၀ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေ ထိပ်တိုက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကနီအခြေစိုက် ဒေါင်းမျိုးဆက် ကနီ PDF အဖွဲ့က တာဝန်ရှိသူကပြောပါတယ်။

“မနေ့ည၈ နာရီ က ကျောင်းပေါ်ကျေးရွာကနေ ချင်းတွင်းမြစ်အတိုင်းလာတဲ့ စစ်သင်္ဘောတွေကို ကျွန်တော်က လက်နက်ကြီးတွေနဲ့ပစ်လိုက်တယ်။ ဒီမနက်တော့ စခတွေက ကုန်းကြောင်းပတ်ဝင်လာတယ်။ မုဌောအနီးမှာ ကျွန်တော်တို့တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့တာ။ ပွိုင့်ကတော့ ၂ ပွိုင့်ပဲ၊ စခတွေ ပထမပွိုင့်မှာ ၁၅ ယောက်ကျတယ်၊ ဒုတိယပွိုင့်မှာ ၂၀ လောက်ကျတယ်” လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖက်က လေကြောင်းပစ်ကူကိုခေါ်တဲ့အတွက် လေကြောင်းကနေ Mi 35 နဲ့ လာတိုက်ခိုက်ခဲ့ပေမဲ့ စစ်ကောင်စီတပ်တွေရှိတဲ့နေရာကိုသာ မှားယွင်းပစ်ခတ်ခဲ့တယ်လို့ ဒေါင်းမျိုးဆက် ကနီ PDF အဖွဲ့က တာဝန်ရှိသူက Burma VJ ကို ပြောပါတယ်။

“သူတို့ဘာတွေမှားလဲမသိဘူး။ လေကြောင်းလာတယ်ဆိုတော့ ကျွန်တော်တို့လည်း စောင့်ကြည့်နေတာ၊ သူတို့ပစ်တဲ့ နေရာက သူတို့တပ်တွေရှိတဲ့နေရာကို မှားပစ်ပြီး ပြန်လှည့်သွားတယ်” လို့ ပြောပါတယ်။

တိုက်ပွဲမှာ ကနီတပ်ရင်းမြို့နယ်တွေ ၊ ကနီဒေသခံ local တပ်တွေအပြင် ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ဘက်က မဟာမိတ်တပ်တွေ ပူးတိုက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က အထိအခိုက်ရှိပေမဲ့ ကျဆုံးစာရင်း ကို သေချာမသိရသေးဘူးလို့လည်း ပြောပါတယ်။ နေ့လည် ၂နာရီမှာ ၂ ဖက်စလုံးပစ်ခတ်မှုကို ရပ်ဆိုင်းထားပါတယ်။