Local News

ဂ်ီနို ၾကင္စိုး ရန္ကုန္ေရာက္ေနခ်ိန္ ေနရာစံု ၀ုန္းဒိုင္းက်ဲကုန္ၿပီ

အၾကမ္းဖက္ မင္းေအာင္လႈိင္ ရန္ကုန္ေရာက္ရွိခ်ိန္ တာေမြႏွင့္ ေတာင္ဒဂုံတြင္ စစ္တပ္ဂိတ္ႏွင့္ ကင္းလွည့္ေနသည့္ အဖြဲ႕ကို ဗုံးခြဲတိုက္ခိုက္မႈမ်ား ျဖစ္ပြား

ရန္ကုန္၊ ဒီဇင္ဘာ ၂၂

အၾကမ္းဖက္ မင္းေအာင္လႈိင္သည္ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွ စတင္၍ ရန္ကုန္ တြင္ ေရာက္ေနရွိခ်ိန္ တာေမြႏွင့္ ဒဂုံၿမိဳ႕သစ္ ေတာင္ပိုင္း ၿမိဳ႕နယ္တြင္ စစ္တပ္ ဂိတ္ႏွင့္ ကင္းလွည့္ေနသည့္ အဖြဲ႕ကို ဗုံးခြဲတိုက္ခိုက္မႈမ်ား ျဖစ္ပြားေၾကာင္း သိရွိရသည္။

ယေန႔ ဒီ ဇင္ဘာ ၂၂ ရက္ေန႔ နံနက္ ၆ နာရီ ၀န္းက်င္အခ်ိန္ ရန္ကုန္တိုင္း၊ တာေမြ ၿမိဳ႕နယ္၊ တာေမြႀကီး (ခ) ရပ္ကြတ္ အေရွ႕ျမင္းၿပိဳင္ကြင္းႏွင့္ ေတာင္ျမင္း ၿပိဳင္ ကြင္းလမ္းေထာင့္ ျမႇားပစ္ကြင္းအမွတ္ ၆ ဂိတ္ေရွ႕ အၾကမ္းဖက္ စစ္ ေကာင္စီ ကင္းတဲကို ၿမိဳ႕ျပေပ်ာက္က်ားတပ္ဖြဲ႕က ဗုံးပစ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါတိုက္ခိုက္မႈကို ႏိုင္ငံေရးအက်ဥ္းသားမ်ား ကိုယ္စားျပဳ တိုက္ခိုက္ ေရး အဖြဲ႕ Freeland Attack Force (FLA)ႏွင့္မဟာမိတ္အဖြဲ႕မ်ားျဖစ္သည့္ Emerald Girls Army (EGA) , Revolution of 21 Century အဖြဲ႕မွ မဟာ မိတ္ အဖြဲ႕သားမ်ားက လက္ပစ္ဗုံးတစ္လုံး ျဖင့္တိုက္ခိုက္ခဲ့ျခင္း ျဖစ္ ေၾကာင္း သိရ သည္။

ယင္းတိုက္ခိုက္မႈေၾကာင့္ အၾကမ္းဖက္စစ္တပ္မွ တပ္သားမ်ား ထိခိုက္ေသဆုံးမႈ ရွိႏိုင္ေၾကာင္း၊ ျပည္သူ႔ ကာကြယ္ေရး ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ဝင္မ်ား အားလုံး ေဘးကင္း စြာဆုတ္ခြာႏိုင္ခဲ့ေၾကာင္း သိရသည္။

အလားတူ ဒီဇင္ဘာလ ၂၁ ရက္ ည ၉ နာရီ၅၅ မိနစ္ အခ်ိန္ ရန္ကုန္ၿမိဳ႕၊ ဒဂုံ ၿမိဳ႕သစ္ ေတာင္ပိုင္း ၿမိဳ႕နယ္၊ အမွတ္ ၂၂ ရက္ကြက္၊ ရတနာပုံ ၄ လမ္းႏွင့္ စက္မႈဇုန္ လမ္း ေထာင့္ တြင္ ကင္းေစာင့္ရွိေနၾကသည့္ အၾကမ္းဖက္စစ္သား၊ ရပ္ကြက္ အုပ္ခ်ဳပ္ ေရးမႉးႏွင့္ အဖြဲ႕ကို ခ်ိန္ကိုက္ ဗုံးျဖင့္ ေဖာက္ခြဲတိုက္ ခိုက္ခဲ့ေၾကာင္း Mother Son Yangon Force မွ ဗိုလ္ႏိုင္က ေျပာသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအဖြဲ႕ဝင္မ်ား ကင္းပုန္းခ်ေနသည့္ ေနရာကို ရန္ကုန္ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕တစ္ခုျဖစ္သည့္ Mother Son Yangon Force အဖြဲ႕မွ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ား ထိခိုက္ဒဏ္ရာရရွိမႈအေျခအေန မသိရေသးေၾကာင္း အဆိုပါအဖြဲ႕က ထုတ္ျပန္ထားသည္။

“Hello ဗုံးနဲ႔ က်ေနာ္တို႔ တိုက္ခိုက္တာပါ။ အေျခအေန အေသးစိတ္ေတာ့ မသိရ ေသးပါဘူး” ဟု Mother Son Yangon Force မွ ဗိုလ္ႏိုင္က ေျပာဆို သည္။

အၾကမ္းဖက္မင္းေအာင္လႈိင္သည္ မဂၤလာဒုံ စစ္ေဆးတကၠသိုလ္ သင္တန္း ဆင္းပြဲ တက္ေရာက္ၿပီး ေရတပ္ႏွစ္ပတ္လည္ တက္ေရာက္ရန္ ရန္ကုန္တြင္ ေရာက္ရွိ ေနျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ရန္ကုန္တြင္ ယမန္ေန႔ ေရာက္ရွိေနသည့္ အၾကမ္းဖက္ မင္းေအာင္ လႈိင္။

အကြမ်းဖက် မင်းအောင်လှိုင် ရန်ကုန်ရောက်ရှိချိန် တာမွေနှင့် တောင်ဒဂုံတွင် စစ်တပ်ဂိတ်နှင့် ကင်းလှည့်နေသည့် အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

အကြမ်းဖက် မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စတင်၍ ရန်ကုန် တွင် ရောက်နေရှိချိန် တာမွေနှင့် ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်တွင် စစ်တပ် ဂိတ်နှင့် ကင်းလှည့်နေသည့် အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားကြောင်း သိရှိရသည်။

ယနေ့ ဒီ ဇင်ဘာ ၂၂ ရက်နေ့ နံနက် ၆ နာရီ ဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ တာမွေ မြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွတ် အရှေ့မြင်းပြိုင်ကွင်းနှင့် တောင်မြင်း ပြိုင် ကွင်းလမ်းထောင့် မြှားပစ်ကွင်းအမှတ် ၆ ဂိတ်ရှေ့ အကြမ်းဖက် စစ် ကောင်စီ ကင်းတဲကို မြို့ပြပျောက်ကျားတပ်ဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို နိုင်ငံရေးအကျဉ်းသားများ ကိုယ်စားပြု တိုက်ခိုက် ရေး အဖွဲ့ Freeland Attack Force (FLA)နှင့်မဟာမိတ်အဖွဲ့များဖြစ်သည့် Emerald Girls Army (EGA) , Revolution of 21 Century အဖွဲ့မှ မဟာ မိတ် အဖွဲ့သားများက လက်ပစ်ဗုံးတစ်လုံး ဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရ သည်။

ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်မှ တပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း၊ ပြည်သူ့ ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ အားလုံး ဘေးကင်း စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၁ ရက် ည ၉ နာရီ၅၅ မိနစ် အချိန် ရန်ကုန်မြို့၊ ဒဂုံ မြို့သစ် တောင်ပိုင်း မြို့နယ်၊ အမှတ် ၂၂ ရက်ကွက်၊ ရတနာပုံ ၄ လမ်းနှင့် စက်မှုဇုန် လမ်း ထောင့် တွင် ကင်းစောင့်ရှိနေကြသည့် အကြမ်းဖက်စစ်သား၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ကို ချိန်ကိုက် ဗုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း Mother Son Yangon Force မှ ဗိုလ်နိုင်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ကင်းပုန်းချနေသည့် နေရာကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Mother Son Yangon Force အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ မသိရသေးကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

“Hello ဗုံးနဲ့ ကျနော်တို့ တိုက်ခိုက်တာပါ။ အခြေအနေ အသေးစိတ်တော့ မသိရ သေးပါဘူး” ဟု Mother Son Yangon Force မှ ဗိုလ်နိုင်က ပြောဆို သည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ် သင်တန်း ဆင်းပွဲ တက်ရောက်ပြီး ရေတပ်နှစ်ပတ်လည် တက်ရောက်ရန် ရန်ကုန်တွင် ရောက်ရှိ နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ယမန်နေ့ ရောက်ရှိနေသည့် အကြမ်းဖက် မင်းအောင် လှိုင်။