Local News

ရုပ်သံကိုရှိုးလိုက်


MFP ၊ ဒီဇင်ဘာ – ၂၂









ပခုက္ကူနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို သုံးရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ရာ စကစ လေးယောက်ေ-သ၊ နှစ်ယောက် မေ-သမရှင်ဖြစ်၊

MFP ၊ ဒီဇင်ဘာ – ၂၂

မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲ လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့် ရန်ပြုပြီး လုယက် သတ်ဖြတ် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို သုံးရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စကစ လေးယောက်သေပြီး နှစ်ယောက် မသေမရှင် ဖြစ်သွားတယ်လို့ Southern YSO PDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ(၁၄)ရက်၊ (၁၅)ရက်နှင့် (၁၆)ရက်က ပခုက္ကူမြို့နယ် ကြီးရွာနှင့် ဘုန်းကန်ရွာကြား သိမ်တော်ကုန်း ဇရပ်အနီးမှာ ဒေသတွင်း အကြမ်းဖက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို Southern YSO PDF၊ Yesagyo Revolution Group (YRG)၊ ဒေါင်းညီနောင် (PKU)၊ ဒေါင်းစစ်သည် (PKU)၊ Urban Underground Revolution Force (UURF)၊ Shwe Nyar Myae People’s Defense Force နှင့် King Cobra PDF အဖွဲ့တို့ ပူးပေါင်းပြီး သုံးရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပခုက္ကူမြို့နယ် ကြီးရွာနှင့် ဘုန်းကန်ရွာကြား သိမ်တော်ကုန်းအနီးရှိ ဇရပ်တွင် မဟာမိတ်များ ပူးပေါင်း၍ သုံးရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ရာ စကစမှ စခ လေးကောင် သေဆုံးပြီး နှစ်ကောင် အပြင်းအထန် ဒဏ်ရာရှိ။ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၄)ရက်က ကျနော်တို့ ညီနောင်မဟာမိတ်များက စကစများ ထွက်လာအောင်ဆိုပြီး ကြီးရွာထဲသို့ ဝင်ရောက် စစ်ဆေး၍ စကစများ ကျနော်တို့ မိုင်းပွိုင့်နေရာ ရောက်အောင် စကစမှ ရှေ့ပြေး စခ အနည်းငယ် ရောက်ရှိလာပါတယ်။

(၁၄)ရက်တွင် မိုင်းဆွဲမျှားခေါ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ တိုက်ခိုက်ခဲ့ရာ စကစ မှ စခ နှစ်ကောင် သေဆုံးပြီး တစ်ကောင် အပြင်းထန်ဒဏ်ရာရ ရှိ။ (၁၅)ရက်တွင် စခ ခြောက်ကောင် ရောက်ရှိလာစဉ် ဇရပ်အတွင်းမှ လေးလုံးပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခ နှစ်ကောင် သေဆုံး။

တဖန် (၁၆)ရက်တွင်လည်း ဇရပ်ပြင်ဘက်ရှိ လေးလုံး ပဒေသာမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ မိုင်းအနည်းငယ် ချိုယွင်းချက်ကြောင့် စခ တစ်ကောင်သာလျှင် အပြင်းထန်ဒဏ်ရာရရှိ။ စုစုပေါင်း စခ လေးကောင် သေဆုံးပြီး နှစ်ကောင် အပြင်းထန်ဒဏ်ရာ ရှိခဲ့ပါတယ်” လို့ Southern YSO PDF က ဖော်ပြပါတယ်။

သုံးရက်ဆက် မိုင်းဆွဲတိုက်ခိုက်ရာမှာ ပထမနေ့ တိုက်ခိုက်မှုကို မှတ်တမ်းမယူနိုင်ခဲ့ဘဲ နောက်ရက်တွေမှာတော့ ကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့တာလိုပ ဆိုပါတယ်။

“ဤ လက်တုန့်ပြန်မှုမှာ ဒီဇင်ဘာ(၈)ရက်နေ့တွင် ဒေါင်းစစ်သည်အဖွဲ့မှ ကျဆုံးခဲ့ရသော ရဲဘော် ဗိုက်ခလေး၊ ရဲဘော် ဂျော်ကာနှင့် ရဲမေ မစမိုင်း တို့အတွက် သွေးကြွေးဆပ်နိုင်ခဲ့ပါတယ်” လို့ Southern YSO PDF က ဆိုပါတယ်။

စစ်အုပ်စုဟာ ပခုက္ကူ အပါအဝင် မကွေးတိုင်းထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ဖမ်းဆီးငွေညှစ်၊ ဖောက်ထွင်းခိုးယူ၊ ရွာမီးရှိုပတာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။