Local News



ရန်ကုန်၊ ဒီဇင်ဘာ ၂၂





ရေစကြို၊ ထန်းပင်ချောင်းကျေးရွာအနီးတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ထန်းပင်ချောင်းကျေးရွာအနီးတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုထံမှ သိရှိရသည်။

ရေစကြိုမြို့နယ်၊ ထန်းပင်ချောင်းကျေးရွာမှ ရွာသာအေးကျေးရွာဘက်သို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော စစ်တပ်ကို ဒီဇင်ဘာလ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့်မှ စ၍ ညနေ ၄ နာရီခန့် အထိ ၂ နာရီခန့်ကြာအောင် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရေစ ကြို-ပကဖ)၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-မြိုင်(ပကဖ)တပ်ရင်း ၂ ၊ Pakokku People Defense Force (PPDF)၊ King Cobra People Defense Force ၊

Urban Underground Revolution Force (YSO) ၊ ပခုက္ကူမြို့ ပြပြောက် ကျား တပ်ဖွဲ့ (PUGF) ၊ Young Force အဖွဲ့တို့ပူးပေါင်း ကာတိုက် ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။