Local News

နာရီစင္အနီးက ေ႐ႊဆိုင္ ေန႔ခင္းေၾကာင္ေတာင္ ဓားျပတိုက္ခံရျပန္

ပုသိမ္ႀကီးၿမိဳ႕အဝင္ နာရီစင္အနီးက ေ႐ႊဆိုင္ ေန႔ခင္းေၾကာင္ေတာင္ ဓားျပတိုက္ခံရျပန္

MFP ၊ ဒီဇင္ဘာ – ၂၂

မႏၲေလးခ႐ိုင္၊ ပုသိမ္ႀကီးၿမိဳ႕အဝင္၊ နာရီစင္အနီးက ေ႐ႊဆိုင္တစ္ဆိုင္ ယမန္ ေန႔လည္ပိုင္း ဓားျပတိုက္ ခံရၿပီး ေ႐ႊ(၅၀)က်ပ္သား ထက္မနည္း ပါသြားတယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္။

ဒီဇင္ဘာ(၂၂)ရက္ ေန႔လည္(၁)နာရီခြဲမွာ ပုသိမ္ႀကီးၿမိဳ႕၊ ၿမိဳ႕အဝင္ နာရီစင္အနီး၊ မႏၲေလး – ရန္ကင္းေတာင္လမ္းေပၚ၊ ၿမိဳသာကုန္း႐ြာက ေ႐ႊဆိုင္ကို ဆိုင္ကယ္ႏွစ္စီးနဲ႔ လူေလးဦးက ေသနတ္ပစ္ေဖာက္ၿပီး လုယက္ဓားျပတိုက္ သြားတာလို႔ ဆိုပါတယ္။

ပုသိမ္ႀကီး ၿမိဳ႕အဝင္က ေ႐ႊဆိုင္ ဓားျပတိုက္ မခံရမီ ဒီမနက္ပိုင္း စစ္အုပ္စုက ပုသိမ္ႀကီးၿမိဳ႕ေပၚက ေ႐ႊဆိုင္ပိုင္ရွင္ေတြကို အစည္းအေဝးေခၚခဲ့သလို လြန္ခဲ့တဲ့ တစ္ပါတ္ကလည္း ယခု ဓားျပတိုက္ခံရတဲ့ ေ႐ႊဆိုင္ကို ဓားျပတိုက္မယ္ဆိုတဲ့ သတင္းၾကားလို႔ ကင္းေစာင့္ ေပးတာဆိုၿပီး ပ်ဴေတြက ေ႐ႊဆိုင္ရဲ႕ အေျခအေနကို လာၾကည့္သြားေသးတယ္လို႔ ပုသိမ္ႀကီးၿမိဳ႕နယ္ ေျမျပင္သတင္းေတြ ေဖာ္ျပေနတဲ့ Patheingyi Information -PIF က ဆိုပါတယ္။

“ေ႐ႊဆြဲႀကိဳး သုံးဗန္းနဲ႔ အထည္အႀကီးေတြ၊ ေငြသားေတြေရာ ပါသြားေၾကာင္း၊ လာတာ ေလးေယာက္ ေသနတ္လည္း ေဖာက္သြားတယ္။ ဆိုင္ရွင္အမ်ိဳးသားနဲ႔ ဆိုင္ေစာင့္ ဦးေလးႀကီးကို ဓားနဲ႔ေထာက္ၿပီး ေအးေအးေဆးေဆး ယူသြားတာလို႔ CCTV record ေတြ ျပန္ၾကည့္ခဲ့သူက ေျပာေၾကာင္းသိရ။

မနက္တုန္းကလည္း ပုသိမ္ႀကီးရွိ ေ႐ႊဆိုင္အကုန္လုံးကို စကစမွ အစည္းအေဝး ေခၚေသးေၾကာင္းသိရ။ ျပည္သူ တစ္ဦးကလည္း လြန္ခဲ့တဲ့ ရက္ေတြက ေအာင္သေျပေ႐ႊဆိုင္ ဓားျပတိုက္မယ္ သတင္းရလို႔ဆိုၿပီး ပ်ဴေခါင္းေဆာင္ အပါအဝင္ စခေတြ၊ ရခေတြ (၁၀)ေယာက္ခန႔္ ဆိုင္အတြင္းအျပင္ လာေစာင့္ေနေသးတယ္၊ သူတို႔(စကစ)က ေကာင္ေတြပဲ ေနမွာပဲ ဆိုၿပီး လာေျပာထားပါသည္” လို႔ PIF က ေဖာ္ျပပါတယ္။

ဒီဇင္ဘာ(၂၀)ရက္ မနက္ပိုင္းကလည္း မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ စက္မႈၿမိဳ႕သစ္မွာ ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦး အိမ္ေရွ႕မွာ ဓားျပတိုက္ခံရလို႔ ေ႐ႊတစ္ပိႆာေက်ာ္ ပါသြားခဲ့ပါေသးတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္အုပ္စုက ႏိုင္ငံတဝန္းရွိ အက်ဥ္းေထာင္ေတြထဲက ခိုး၊ဆိုး၊ လုယက္၊ ဓားျပ၊ မုဒိန္း၊ လူသတ္သမားေတြ အားလုံးကို ေထာင္ကေန အကုန္ လႊတ္ေပးထားသလို မႏၲေလးမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လူသတ္မႈ၊ လုယက္မႈ၊ ဓားျပမႈေတြ ဆက္တိုက္ ျဖစ္ပြားေနပါတယ္။

မႏၲေလးမွာ ျဖစ္ပြားခဲ့တဲ့ တခ်ိဳ႕ေသာ ဓားျပတိုက္၊ လုယက္မႈေတြမွာ စစ္ယူနီေဖာင္း ဝတ္ထားသူေတြ ကိုယ္တိုင္ ပါဝင္က်ဴးလြန္ေနၿပီး စစ္အုပ္စုကလည္း ဓားျပတိုက္၊ လုယက္၊ ခိုးယူေနတဲ့ တရားခံေတြကို ေဖာ္ထုတ္ဖမ္းဆီးတာ မရွိပါဘူး။

ပုသိမ်ကြီးမြို့အဝင် နာရီစင်အနီးက ရွှေဆိုင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရပြီး ရွှေ(၅၀)ကျပ်သား ပါသွား၊

MFP ၊ ဒီဇင်ဘာ – ၂၂

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့အဝင်၊ နာရီစင်အနီးက ရွှေဆိုင်တစ်ဆိုင် ယမန် နေ့လည်ပိုင်း ဓားပြတိုက် ခံရပြီး ရွှေ(၅၀)ကျပ်သား ထက်မနည်း ပါသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီဇင်ဘာ(၂၂)ရက် နေ့လည်(၁)နာရီခွဲမှာ ပုသိမ်ကြီးမြို့၊ မြို့အဝင် နာရီစင်အနီး၊ မန္တလေး – ရန်ကင်းတောင်လမ်းပေါ်၊ မြိုသာကုန်းရွာက ရွှေဆိုင်ကို ဆိုင်ကယ်နှစ်စီးနဲ့ လူလေးဦးက သေနတ်ပစ်ဖောက်ပြီး လုယက်ဓားပြတိုက် သွားတာလို့ ဆိုပါတယ်။

ပုသိမ်ကြီး မြို့အဝင်က ရွှေဆိုင် ဓားပြတိုက် မခံရမီ ဒီမနက်ပိုင်း စစ်အုပ်စုက ပုသိမ်ကြီးမြို့ပေါ်က ရွှေဆိုင်ပိုင်ရှင်တွေကို အစည်းအဝေးခေါ်ခဲ့သလို လွန်ခဲ့တဲ့ တစ်ပါတ်ကလည်း ယခု ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်ကို ဓားပြတိုက်မယ်ဆိုတဲ့ သတင်းကြားလို့ ကင်းစောင့် ပေးတာဆိုပြီး ပျူတွေက ရွှေဆိုင်ရဲ့ အခြေအနေကို လာကြည့်သွားသေးတယ်လို့ ပုသိမ်ကြီးမြို့နယ် မြေပြင်သတင်းတွေ ဖော်ပြနေတဲ့ Patheingyi Information -PIF က ဆိုပါတယ်။

“ရွှေဆွဲကြိုး သုံးဗန်းနဲ့ အထည်အကြီးတွေ၊ ငွေသားတွေရော ပါသွားကြောင်း၊ လာတာ လေးယောက် သေနတ်လည်း ဖောက်သွားတယ်။ ဆိုင်ရှင်အမျိုးသားနဲ့ ဆိုင်စောင့် ဦးလေးကြီးကို ဓားနဲ့ထောက်ပြီး အေးအေးဆေးဆေး ယူသွားတာလို့ CCTV record တွေ ပြန်ကြည့်ခဲ့သူက ပြောကြောင်းသိရ။

မနက်တုန်းကလည်း ပုသိမ်ကြီးရှိ ရွှေဆိုင်အကုန်လုံးကို စကစမှ အစည်းအဝေး ခေါ်သေးကြောင်းသိရ။ ပြည်သူ တစ်ဦးကလည်း လွန်ခဲ့တဲ့ ရက်တွေက အောင်သပြေရွှေဆိုင် ဓားပြတိုက်မယ် သတင်းရလို့ဆိုပြီး ပျူခေါင်းဆောင် အပါအဝင် စခတွေ၊ ရခတွေ (၁၀)ယောက်ခန့် ဆိုင်အတွင်းအပြင် လာစောင့်နေသေးတယ်၊ သူတို့(စကစ)က ကောင်တွေပဲ နေမှာပဲ ဆိုပြီး လာပြောထားပါသည်” လို့ PIF က ဖော်ပြပါတယ်။

ဒီဇင်ဘာ(၂၀)ရက် မနက်ပိုင်းကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုမြို့သစ်မှာ ရွှေဆိုင်ပိုင်ရှင်တစ်ဦး အိမ်ရှေ့မှာ ဓားပြတိုက်ခံရလို့ ရွှေတစ်ပိဿာကျော် ပါသွားခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက ခိုး၊ဆိုး၊ လုယက်၊ ဓားပြ၊ မုဒိန်း၊ လူသတ်သမားတွေ အားလုံးကို ထောင်ကနေ အကုန် လွှတ်ပေးထားသလို မန္တလေးမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ တချို့သော ဓားပြတိုက်၊ လုယက်မှုတွေမှာ စစ်ယူနီဖောင်း ဝတ်ထားသူတွေ ကိုယ်တိုင် ပါဝင်ကျူးလွန်နေပြီး စစ်အုပ်စုကလည်း ဓားပြတိုက်၊ လုယက်၊ ခိုးယူနေတဲ့ တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးတာ မရှိပါဘူး။