Local News



MFP ၊ ဒီဇင်ဘာ – ၂၃






ရာအိမ်မှူး၊ ဆယ်အိမ်မှုး များကိုလည်း အလျဉ်းသင့်လျှင် သင့်သလို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်” လို့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်က ဖော်ပြပါတယ်။


တကောင်းနီကယ်စက်ရုံ ဂိတ်အစောင့် ရဲဒု-တပ်ကြပ်တစ်ယောက် ဖမ်းမိခဲ့ပြီး ခုခံထွက်ပြေးလို့ ပစ်ခတ်ရာ သေဆုံး၊

MFP ၊ ဒီဇင်ဘာ – ၂၃

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ တကောင်းနီကယ်စက်ရုံ ဂိတ်အစောင့် စစ်ကောင်စီ သစ္စာခံ ရဲတစ်ယောက် ယမန်နေ့က ဖမ်းမိခဲ့ပြီး စစ်ဆေးနေချိန် ခုခံထွက်ပြေူဖို့ ကြိုးစားလို့ ပစ်ခတ်ရာမှာ သေဆုံးသွားတယ်လို့ သပိတ်ကျင်းနယ် TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ က သတင်း ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ၂၂)ရက် မနေ့က မနက်(၁၀)နာရီကျော်မှာ သပိတ်ကျင်းမြို့နယ် တကောင်း နီကယ်စက်ရုံမှာ ဂိတ်အစောင့်ကျနေပြီး မိသာစုထံ ခေတ္တပြန်လာတဲ့ စစ်ကောင်စီ သစ္စာခံ ရဲဒု-တပ်ကြပ် ဆန်းမင်းဇော် ဆိုသူကို သပိတ်ကျင်းမြို့နယ် တစ်နေမှာ ရပ်ကျေး ကာကွယ်ရေးအဖွဲ့တွေနှင့် TBK တောဆင်ရိုင်း ပြောက်ကျားရဲဘော်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဖမ်းဆီးရရှိခဲ့သော ရဲဒုကြပ်အား စစ်ဆေးမှုများ ပြုလုပ်အပြီးတွင် ထွက်ပြေး လွတ်မြောက်ရန် ခုခံကြိုးစားခဲ့သောကြောင့် မိမိတို့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ အဆိုပါ ရဲဒုတပ်ကြပ်အား (Gun)ဖြင့် ပစ်ခတ် ခဲ့ပါသည်” လို့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်က ဖော်ပြပါတယ်။

ရဲဒု-တပ်ကြပ် ဆန်းမင်းဇော်ဟာ ရဲအဖြစ် လုပ်ကိုင်နေတာ လေးနှစ်ရှိပြီ ဖြစ်ပြီး စစ်အာဏာသိမ်းချိန်မှာလည်း စစ်အုပ်စုကို သ္စစာခံကာ ဆက်လက်လုပ်ကိုင်နေတာလို့ ဆိုပါတယ်။

“စစ်ကောင်စီ အပါအဝင် စစ်ကောင်စီနဲ့ ပူးပေါင်ကာ သတင်းပေး လုပ်ကြသူများ အချိန်မီ နှုတ်ထွက်ကြရန် ကြောညာထားပါလျှက် မလိုက်နာဘဲ ဆက်လက် လုပ်ဆောင်နေသော စစ်ကောင်စီခန့် အုပ်ကြီး၊

ရာအိမ်မှူး၊ ဆယ်အိမ်မှုူး များကိုလည်း အလျဉ်းသင့်လျှင် သင့်သလို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်” လို့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်က ဖော်ပြပါတယ်။

လက်ရှိမှာ စစ်အုပ်စုက သပိတ်ကျင်းမြို့နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်နယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ဖမ်းဆီးငွေညှစ်၊ မီးရှို့တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။