Local News

ေကာ့ကရိတ္တြင္ စစ္ေကာင္စီတပ္က ေလေၾကာင္းကင္းေထာက္ျခင္းႏွင့္ လက္နက္ႀကီးပစ္ခတ္မႈဆက္လုပ္ေန

ထိုက္ထိုက္/People’s Spring

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္တြင္ တိုက္ပြဲမ်ား တစ္ပတ္ေက်ာ္ၾကာ ဆက္တိုက္ျဖစ္ပြားခဲ့ရာ ယေန႔ နံနက္တြင္လည္း စစ္ေကာင္စီတပ္က လက္နက္ႀကီးမ်ားျဖင့္ ရမ္းသမ္းပစ္ခတ္ေနေၾကာင္း ေဒသခံက ေျပာသည္။

ဒီဇင္ဘာ ၁၆ရက္တြင္ ေကာ့ကရိတ္အေျခစိုက္ စစ္ေကာင္စီတပ္ကို ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU)ဦးေဆာင္သည့္ ေတာ္လွန္ေရးပူးေပါင္းတပ္က တိုက္ခိုက္ခဲ့ရာ ယမန္ေန႔အထိ ေျမျပင္တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားကာ စစ္ေကာင္စီတပ္က အရာရွိမ်ားအပါအဝင္ ေသဆုံးထိခိုက္မ်ားခဲ့သည္။

“ဒီေန႔ေတာ့ ထိေတြ႕မႈ မရွိေသးဘူး။ မနက္ပိုင္းေတာ့ေတာက္ေလွ်ာက္ေလယာဥ္ဝဲေသးတယ္။ ေနာက္ သူတို႔ဘက္က အလုံးႀကီး (လက္နက္ႀကီး) ေတြ ပုံမွန္ပဲ လွမ္းထုေနတယ္။ အခုအခ်ိန္ထိ လွမ္းထုေနတုန္းပဲ”ဟု ေဒသခံက ယေန႔ (ဒီဇင္ဘာ ၂၅ရက္)နံနက္ ၁၁နာရီခြဲခန႔္တြင္ ေျပာသည္။

တစ္ပတ္ေက်ာ္ၾကာျမင့္ခဲ့သည့္ တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္က ေလေၾကာင္းမွ အႀကိမ္ႀကိမ္ ဗုံးႀကဲတိုက္ခိုက္ခဲ့ၿပီး လက္နက္ႀကီးပစ္ကူမ်ား၊တင့္ကားမ်ား အသုံးျပဳတိုက္ခိုက္လာေၾကာင္း ေဒသခံက ေျပာသည္။

ယမန္ေန႔ တိုက္ပြဲတြင္ စစ္ေကာင္စီတပ္မွ တင့္ကား ႏွစ္စီးကို ေတာ္လွန္ေရးတပ္ဖြဲ႕ဘက္က ဒ႐ုန္းျဖင့္ ဗုံးႀကဲတိုက္ခိုက္ခဲ့ရာ တင့္ကားပ်က္စီးမႈရွိခဲ့သည္ဟု ဆိုသည္။ ထို႔ျပင္ စစ္ေကာင္စီတပ္မွ ေသဆုံးထိခိုက္မႈရွိခဲ့ေၾကာင္း ေဒသခံက ေျပာသည္။

တိုက္ပြဲကာလအတြင္း စစ္ေကာင္စီတပ္၏ လက္နက္ႀကီး ရမ္းသမ္းပစ္ခတ္မႈ၊ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အရပ္သားမ်ား ေသဆုံးထိခိုက္မႈ အခ်ိဳ႕ရွိခဲ့ၿပီး ကြၽဲႏွင့္ ႏြားမ်ားအပါအဝင္ အိမ္ေမြးတိရိစာၦန္မ်ား ေသဆုံးမႈ၊

ေနအိမ္ပ်က္စီးမႈမ်ား ရွိခဲ့သည္။ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့သည့္ ေကာ့ႏြဲ႕ေက်း႐ြာအပါအဝင္ ေဒသတြင္းရွိ ေက်း႐ြာမ်ားမွ ျပည္သူမ်ားလည္း စစ္ေဘးတိမ္းေရွာင္ေနၾကရသည္။

ကော့ကရိတ်တွင် စစ်ကောင်စီတပ်က လေကြောင်းကင်းထောက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုဆက်လုပ်နေ

ထိုက်ထိုက်/People’s Spring

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲများ တစ်ပတ်ကျော်ကြာ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ယနေ့ နံနက်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံက ပြောသည်။

ဒီဇင်ဘာ ၁၆ရက်တွင် ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ယမန်နေ့အထိ မြေပြင်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ကောင်စီတပ်က အရာရှိများအပါအဝင် သေဆုံးထိခိုက်များခဲ့သည်။

“ဒီနေ့တော့ ထိတွေ့မှု မရှိသေးဘူး။ မနက်ပိုင်းတော့တောက်လျှောက်လေယာဉ်ဝဲသေးတယ်။ နောက် သူတို့ဘက်က အလုံးကြီး (လက်နက်ကြီး) တွေ ပုံမှန်ပဲ လှမ်းထုနေတယ်။ အခုအချိန်ထိ လှမ်းထုနေတုန်းပဲ”ဟု ဒေသခံက ယနေ့ (ဒီဇင်ဘာ ၂၅ရက်)နံနက် ၁၁နာရီခွဲခန့်တွင် ပြောသည်။

တစ်ပတ်ကျော်ကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးပစ်ကူများ၊တင့်ကားများ အသုံးပြုတိုက်ခိုက်လာကြောင်း ဒေသခံက ပြောသည်။

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တင့်ကား နှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တင့်ကားပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံက ပြောသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးထိခိုက်မှု အချို့ရှိခဲ့ပြီး ကျွဲနှင့် နွားများအပါအဝင် အိမ်မွေးတိရိစ္ဆာန်များ သေဆုံးမှု၊

နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကော့နွဲ့ကျေးရွာအပါအဝင် ဒေသတွင်းရှိ ကျေးရွာများမှ ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်နေကြရသည်။