Local News

စစ္ေကာင္စီနဲ႔ အပစ္ရပ္ခုနစ္ဖြဲ႕ရဲ႕ ဖြဲ႕စည္းပုံျပင္ဆင္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲပ်က္

■ အခုရက္ပိုင္းအတြင္း ေနျပည္ေတာ္မွာေတြ႕ဆုံဖို႔ရွိ စစ္ေကာင္စီနဲ႔ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးတားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ ခုနစ္ဖြဲ႕တို႔ရဲ႕ ေတြ႕ဆုံပြဲ ပ်က္သြားၿပီလို႔ အဲဒီအဖြဲ႕ေတြက RFA ကိုေျပာပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႔အတြက္ ဒီလထဲမွာေတြ႕ၾကဖို႔ဆိုၿပီး ဒီဇင္ဘာလ ၁၉ ရက္ေန႔မွာ စစ္ေကာင္စီက အပစ္ရပ္ခုနစ္ဖြဲ႕ထံ အေၾကာင္းၾကားခဲ့တာပါ။

ဒီေဆြးေႏြးမႈဟာ က်ယ္ျပန႔္လြန္းၿပီး အခ်ိန္ေပးဖို႔လိုေနေသးတာေၾကာင့္ ေတြ႕ဆုံဖို႔ မျဖစ္ႏိုင္တဲ့အေၾကာင္း ခုနစ္ဖြဲ႕က စစ္ေကာင္စီဘက္ကို အေၾကာင္းျပန္ခဲ့တယ္လို႔ အလြတ္သေဘာေတြ႕ဆုံေရး ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္က RFA ကိုေျပာပါတယ္။

“၂၀၀၈ ဖြဲ႕စည္းပုံမွာ ျပင္ဆင္ဖို႔ ေဆြးေႏြးရမယ့္ အခ်က္ေတြဆိုတာကလည္း ၁၉ ရက္ေန႔မွာ စာပို႔ၿပီးေတာ့ ၂၇ ရက္ေန႔မွာ ေဆြးေႏြးမယ္ဆိုတာ မျဖစ္ႏိုင္ဘူးေလ။ ဒီေလာက္တစ္ႏိုင္ငံလုံးနဲ႔ လြမ္းၿခဳံတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ျပင္ဆင္မယ့္ အခ်က္အလက္ေတြဆိုတာ ေတာ္ေတာ္ေလး က်ယ္ျပန႔္တယ္ေလ။

တစ္ကယ္ပဲ က်ေနာ္တို႔အတြက္ အဆင္မေျပဘူးဗ်။ တရားဝင္ေတြ႕ဆုံပြဲေတြမလုပ္ခင္ အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးေရးကေန တစ္ဆင့္ ေဆြးေႏြးမယ့္အေၾကာင္းအရာ၊ ေတြ႕ဆုံမယ့္ေနရာေတြ ႀကိဳတင္ညႇိႏႈိင္းရင္ေတာ့ ႏွစ္ဖက္စလုံးအတြက္ လူးသာလြန႔္သာရွိတာေပါ့ဗ်ာ”

အပစ္ရပ္ ခုနစ္ဖြဲ႕ကေတာ့ အခုလို တရားဝင္မေတြ႕ဆုံခင္ အလြတ္သေဘာေတြ႕ဆုံ ေဆြးေႏြးမႈေတြ လိုအပ္တယ္လို႔ အခုလ အေစာပိုင္းကတည္းက စစ္ေကာင္စီကို အေၾကာင္းၾကားခဲ့တာပါ။

စစ္ေကာင္စီဘက္ကေတာ့ ဒီဇင္ဘာလ ၂၇ ရက္ကေန ၂၉ ရက္ေန႔အထိ ေနျပည္ေတာ္မွာ ေတြ႕ဆုံမယ္လို႔ အပစ္ရပ္ ခုနစ္ဖြဲ႕ကို အေၾကာင္းၾကားလာတာဟာ အလြတ္သေဘာ ေတြ႕ဆုံမႈမလုပ္ဘဲ တရားဝင္ေတြ႕ဆုံမႈသာ လုပ္ခ်င္ေနတဲ့ သေဘာျဖစ္တယ္လို႔ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ေျပာပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ခုနစ္ဖြဲ႕ဟာ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ခန႔္အပ္ထားတဲ့ အမ်ိဳးသား စည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ကို အလြတ္သေဘာ ေတြ႕ဆုံဖို႔ အပါအဝင္ အခ်က္ေလးခ်က္နဲ႔ ဒီဇင္ဘာလ ၇ ရက္မွာ အေၾကာင္းၾကားခဲ့ပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ေတြ႕ဆုံဖို႔ အဆင္မေျပေသးတဲ့အေၾကာင္း အဲဒီအခ်ိန္က အပစ္ရပ္ခုနစ္ဖြဲ႕ကို တုံ႔ျပန္ခဲ့ပါတယ္။

အပစ္ရပ္ခုနစ္ဖြဲ႕ထဲမွာ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ(ALP)၊ ဒီမိုကေရစီအက်ိဳးျပဳ ကရင္တပ္မေတာ္(DKBA)၊ ကရင္အမ်ိဳးသား ၿငိမ္းခ်မ္းေရးေကာင္စီ(KNLA – PC)၊ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး(LDU)၊ မြန္ျပည္သစ္ ပါတီ(NMSP)၊ ပအိုဝ္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္(PNLO) နဲ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS) တို႔ပါဝင္ပါတယ္။

စစ္ေကာင္စီဥကၠ႒ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ ေခါင္းေဆာင္အခ်ိဳ႕ ၂၀၂၂ ခုႏွစ္ စက္တင္ဘာလ ၂၆ ရက္ေန႔က ေနျပည္ေတာ္တြင္ ေတြ႕ ဆုံခဲ့စဥ္။ (Photo: Myanmar Military)

စစ်ကောင်စီနဲ့ အပစ်ရပ်ခုနစ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်

■ အခုရက်ပိုင်းအတွင်း နေပြည်တော်မှာတွေ့ဆုံဖို့ရှိ စစ်ကောင်စီနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့တို့ရဲ့ တွေ့ဆုံပွဲ ပျက်သွားပြီလို့ အဲဒီအဖွဲ့တွေက RFA ကိုပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ဒီလထဲမှာတွေ့ကြဖို့ဆိုပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ စစ်ကောင်စီက အပစ်ရပ်ခုနစ်ဖွဲ့ထံ အကြောင်းကြားခဲ့တာပါ။

ဒီဆွေးနွေးမှုဟာ ကျယ်ပြန့်လွန်းပြီး အချိန်ပေးဖို့လိုနေသေးတာကြောင့် တွေ့ဆုံဖို့ မဖြစ်နိုင်တဲ့အကြောင်း ခုနစ်ဖွဲ့က စစ်ကောင်စီဘက်ကို အကြောင်းပြန်ခဲ့တယ်လို့ အလွတ်သဘောတွေ့ဆုံရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကိုပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ဆင်ဖို့ ဆွေးနွေးရမယ့် အချက်တွေဆိုတာကလည်း ၁၉ ရက်နေ့မှာ စာပို့ပြီးတော့ ၂၇ ရက်နေ့မှာ ဆွေးနွေးမယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီလောက်တစ်နိုင်ငံလုံးနဲ့ လွမ်းခြုံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်မယ့် အချက်အလက်တွေဆိုတာ တော်တော်လေး ကျယ်ပြန့်တယ်လေ။

တစ်ကယ်ပဲ ကျနော်တို့အတွက် အဆင်မပြေဘူးဗျ။ တရားဝင်တွေ့ဆုံပွဲတွေမလုပ်ခင် အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးကနေ တစ်ဆင့် ဆွေးနွေးမယ့်အကြောင်းအရာ၊ တွေ့ဆုံမယ့်နေရာတွေ ကြိုတင်ညှိနှိုင်းရင်တော့ နှစ်ဖက်စလုံးအတွက် လူးသာလွန့်သာရှိတာပေါ့ဗျာ”

အပစ်ရပ် ခုနစ်ဖွဲ့ကတော့ အခုလို တရားဝင်မတွေ့ဆုံခင် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုတွေ လိုအပ်တယ်လို့ အခုလ အစောပိုင်းကတည်းက စစ်ကောင်စီကို အကြောင်းကြားခဲ့တာပါ။

စစ်ကောင်စီဘက်ကတော့ ဒီဇင်ဘာလ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ နေပြည်တော်မှာ တွေ့ဆုံမယ်လို့ အပစ်ရပ် ခုနစ်ဖွဲ့ကို အကြောင်းကြားလာတာဟာ အလွတ်သဘော တွေ့ဆုံမှုမလုပ်ဘဲ တရားဝင်တွေ့ဆုံမှုသာ လုပ်ချင်နေတဲ့ သဘောဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခန့်အပ်ထားတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို အလွတ်သဘော တွေ့ဆုံဖို့ အပါအဝင် အချက်လေးချက်နဲ့ ဒီဇင်ဘာလ ၇ ရက်မှာ အကြောင်းကြားခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ တွေ့ဆုံဖို့ အဆင်မပြေသေးတဲ့အကြောင်း အဲဒီအချိန်က အပစ်ရပ်ခုနစ်ဖွဲ့ကို တုံ့ပြန်ခဲ့ပါတယ်။

အပစ်ရပ်ခုနစ်ဖွဲ့ထဲမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီ(KNLA – PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ပါဝင်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က နေပြည်တော်တွင် တွေ့ ဆုံခဲ့စဉ်။ (Photo: Myanmar Military)