Local News

ေမတၱာ တရားထားၾကရန္ အာဏာသိမ္းေခါင္းေဆာင္ေျပာ

ေမတၱာ တရားထားၾကရန္ အာဏာသိမ္းေခါင္းေဆာင္ေျပာ

ဧရာဝတီ၊ ဒီဇင္ဘာ ၂၅၊ ၂၀၂၂

ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းဘဲတန္းၿမိဳ႕နယ္ရွိ Holy Cathedral Church ၌ ယမန္ေန႔က ျပဳလုပ္ေသာ ခရစ္ေတာ္ေမြးေန႔ ေက်းဇူးေတာ္ခ်ီးမႊမ္းျခင္း အခမ္းအနားတြင္ အာဏာသိမ္းၿပီးေနာက္ ျပည္သူ ၂၆၀၀ ေက်ာ္အား သတ္ျဖတ္ထားသည့္ အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေမတၱာတရားထားၾကရန္ ေျပာဆိုသြားသည္။

အာဏာသိမ္းေခါင္းေဆာင္က “ခရစၥမတ္ပြဲေတာ္ ဝတ္ျပဳကိုးကြယ္မႈ ေဆာင္႐ြက္ျခင္း၏ အႏွစ္သာရသည္ လူသားမ်ိဳးႏြယ္မ်ား အေပၚ ဘုရားရွင္၏ ႀကီးမားလွသည့္ ေမတၱာတရားမ်ား၊ ခ်စ္ျခင္း တရားမ်ား၊ က႐ုဏာတရားမ်ားကို မွ်ေဝေပးျခင္း၊ ျပသေပးျခင္းျဖစ္ပါေၾကာင္း၊ တဦးအေပၚတဦး ေမတၱာတရား၊ ခ်စ္ျခင္းတရားမ်ားျဖင့္ ခရစၥမတ္၏ အႏွစ္သာရကို လူသားအားလုံးက တည္ေဆာက္ၾကရမည္ ျဖစ္ပါေၾကာင္း၊ သို႔မွသာ ၿငိမ္းခ်မ္းသာယာ ဝေျပာသည့္ လူ႔အဖြဲ႕အစည္း၊ အသိုက္အဝန္းမွသည္ ေအးခ်မ္းသာယာသည့္ ကမာၻႀကီး အျဖစ္ ေရာက္ရွိလာႏိုင္မွာ” ဟု ေျပာသြားသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဦးေဆာင္သည့္ စစ္တပ္သည္ ၂၀၂၁ အာဏာသိမ္းၿပီးေနာက္ ဗုဒၶဘာသာဝင္မ်ား၊ ခရစ္ယာန္ဘာသာဝင္မ်ား၊ အစၥလာမ္ဘာသာဝင္မ်ားႏွင့္ ဟိႏၵဴဘာသာဝင္မ်ားကို ေထာင္ႏွင့္ခ်ီ သတ္ျဖတ္ထားသလို ေသာင္းႏွင့္ခ်ီ ေသာ ေနအိမ္ႏွင့္ ဘာသာေရး အေဆာက္အဦး မ်ားကိုလည္း တိုက္ခိုက္ဖ်က္ဆီးထားသည္။

ယခုႏွစ္ထဲတြင္ပင္ ကက္သလစ္သာသနာပိုင္ ကာဒီနယ္လ္ခ်ားလ္စ္ဘို၏ ဇာတိ႐ြာျဖစ္ေသာ ခင္ဦးၿမိဳ႕နယ္က အိမ္ေျခ ၇၀၀ ေက်ာ္ရွိ မုံလွ႐ြာကိုလည္း ႏိုဝင္ဘာ ၂၃ ရက္၌ အင္အား ၈၀ ခန႔္ပါေသာ စစ္ေကာင္စီတပ္က ဝင္ေရာက္ စီးနင္း မီးရႈိ႕ခဲ့သည့္အျပင္ ယင္းေဒသခံ ၃ ဦးကိုလည္း သတ္ျဖတ္သြားခဲ့ေသးသည္။

ထို႔အျပင္ ယခုလ တတိယပတ္ထဲတြင္လည္း စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕နယ္အတြင္းရွိ နဝမေျမာက္ ေ႐ႊက်င္သာသနာပိုင္ စံကင္းဆရာေတာ္၊ စုဒၵသမ ေ႐ႊက်င္သာသနာပိုင္ ဝါဆိုဆရာေတာ္တို႔၏ ေမြးရပ္ေျမျဖစ္ေသာ မိုးေသာက္ (ေဘာက္ေသာက္) ေက်း႐ြာအုပ္စု လင္းယဥ္ ၅ ႐ြာ (ေဒသအေခၚ) ကို မီးရႈိ႕ဖ်က္ဆီးခဲ့ေသးသည္။

အခမ္းအနားတြင္ အာဏာသိမ္းေခါင္းေဆာင္က ၎တို႔လက္ထက္အတြင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားခ်မွတ္၍ အားသြန္ခြန္စိုက္လုပ္ေနသည္ဟု ေျပာသြားေသးသည္။ အာဏာသိမ္းေခါင္းေဆာင္က “ဘာသာ တရားတိုင္းသည္ ၿငိမ္းခ်မ္းမႈကို အေျချပဳထားသျဖင့္ လူ႔အဖြဲ႕အစည္းတိုင္းတြင္ လည္း ၿငိမ္းခ်မ္းမႈလိုအပ္သည္ကို ေတြ႕ရွိရမည္ ျဖစ္ပါေၾကာင္း၊ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရး ေကာင္စီအေနျဖင့္ ၿငိမ္းခ်မ္းေရးတံခါးမ်ား အၿမဲဖြင့္လွစ္ထားသကဲ့သို႔ တပ္မေတာ္ အေနျဖင့္လည္း ၿငိမ္းခ်မ္းေရးအတြက္ အၿမဲအသင့္ရွိေနေၾကာင္း” ေျပာသည္။

ခရစ္ေတာ္ေမြးေန႔ (ခရစၥမတ္) ေက်းဇူးေတာ္ခ်ီးမႊမ္းျခင္း အခမ္းအနားကို ျမန္မာႏိုင္ငံခရစ္ယာန္အသင္းေတာ္မ်ားေကာင္စီ၊ ကတ္သလစ္ ဆရာေတာ္ႀကီးမ်ား၊ ဧဝံေဂလိခရစ္ ယာန္မဟာမိတ္အဖြဲ႕ခ်ဳပ္၊ ခရစ္ေတာ္သာသနာျပန႔္ပြားမႈ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕တို႔က စုေပါင္း၍ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

အခမ္းအနားသို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ႏွင့္ အတူ စစ္ေကာင္စီအဖြဲ႕ဝင္မ်ား၊ ကက္သလစ္ သာသနာပိုင္ ကာဒီနယ္လ္ ခ်ားလ္စ္ဘို အပါအဝင္ ျမန္မာႏိုင္ငံ ခရစ္ယာန္ေကာင္စီ၊ ဧဝံေဂလိခရစ္ယာန္မဟာမိတ္အဖြဲ႕ခ်ဳပ္၊ ခရစ္ေတာ္ သာသနာျပန႔္ပြားမႈ ပူးေပါင္း ေဆာင္႐ြက္ေရးအဖြဲ႕ခ်ဳပ္မ်ားမွ ဆရာေတာ္ႀကီးမ်ား၊ ဘာသာေပါင္းစုံခ်စ္ၾကည္ေရးအဖြဲ႕မွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ ၾကသည္။

အာဏာသိမ္းေခါင္းေဆာင္က ၿငိမ္းခ်မ္းေရးလုပ္ေဆာင္ေနေၾကာင္းႏွင့္ ေမတၱာထားၾကရန္ ေျပာဆိုအၿပီး ဒီဇင္ဘာ ၂၄ ရက္ေန႔တြင္ စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္အတြင္းက ေက်း႐ြာမ်ားကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက မီးတိုက္ရႈိ႕ခဲ့ၾကသျဖင့္ ေဒသခံမ်ား အိုးမဲ့၊ အိမ္မဲ့ ျဖစ္ခဲ့ၾကရသည္။

ဓာတ္ပုံ – CINCDS

မေတ္တာ တရားထားကြရန် အာဏာသိမ်းခေါင်းဆောင်ပြော

ဧရာဝတီ၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ရှိ Holy Cathedral Church ၌ ယမန်နေ့က ပြုလုပ်သော ခရစ်တော်မွေးနေ့ ကျေးဇူးတော်ချီးမွှမ်းခြင်း အခမ်းအနားတွင် အာဏာသိမ်းပြီးနောက် ပြည်သူ ၂၆၀၀ ကျော်အား သတ်ဖြတ်ထားသည့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေတ္တာတရားထားကြရန် ပြောဆိုသွားသည်။

အာဏာသိမ်းခေါင်းဆောင်က “ခရစ္စမတ်ပွဲတော် ဝတ်ပြုကိုးကွယ်မှု ဆောင်ရွက်ခြင်း၏ အနှစ်သာရသည် လူသားမျိုးနွယ်များ အပေါ် ဘုရားရှင်၏ ကြီးမားလှသည့် မေတ္တာတရားများ၊ ချစ်ခြင်း တရားများ၊ ကရုဏာတရားများကို မျှဝေပေးခြင်း၊ ပြသပေးခြင်းဖြစ်ပါကြောင်း၊ တဦးအပေါ်တဦး မေတ္တာတရား၊ ချစ်ခြင်းတရားများဖြင့် ခရစ္စမတ်၏ အနှစ်သာရကို လူသားအားလုံးက တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ငြိမ်းချမ်းသာယာ ဝပြောသည့် လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းမှသည် အေးချမ်းသာယာသည့် ကမ္ဘာကြီး အဖြစ် ရောက်ရှိလာနိုင်မှာ” ဟု ပြောသွားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် ၂၀၂၁ အာဏာသိမ်းပြီးနောက် ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များကို ထောင်နှင့်ချီ သတ်ဖြတ်ထားသလို သောင်းနှင့်ချီ သော နေအိမ်နှင့် ဘာသာရေး အဆောက်အဦး များကိုလည်း တိုက်ခိုက်ဖျက်ဆီးထားသည်။

ယခုနှစ်ထဲတွင်ပင် ကက်သလစ်သာသနာပိုင် ကာဒီနယ်လ်ချားလ်စ်ဘို၏ ဇာတိရွာဖြစ်သော ခင်ဦးမြို့နယ်က အိမ်ခြေ ၇၀၀ ကျော်ရှိ မုံလှရွာကိုလည်း နိုဝင်ဘာ ၂၃ ရက်၌ အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်း မီးရှို့ခဲ့သည့်အပြင် ယင်းဒေသခံ ၃ ဦးကိုလည်း သတ်ဖြတ်သွားခဲ့သေးသည်။

ထို့အပြင် ယခုလ တတိယပတ်ထဲတွင်လည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ နဝမမြောက် ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၊ စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်တို့၏ မွေးရပ်မြေဖြစ်သော မိုးသောက် (ဘောက်သောက်) ကျေးရွာအုပ်စု လင်းယဉ် ၅ ရွာ (ဒေသအခေါ်) ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

အခမ်းအနားတွင် အာဏာသိမ်းခေါင်းဆောင်က ၎င်းတို့လက်ထက်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များချမှတ်၍ အားသွန်ခွန်စိုက်လုပ်နေသည်ဟု ပြောသွားသေးသည်။ အာဏာသိမ်းခေါင်းဆောင်က “ဘာသာ တရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားသဖြင့် လူ့အဖွဲ့အစည်းတိုင်းတွင် လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော် အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေကြောင်း” ပြောသည်။

ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွှမ်းခြင်း အခမ်းအနားကို မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ကတ်သလစ် ဆရာတော်ကြီးများ၊ ဧဝံဂေလိခရစ် ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က စုပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် အတူ စစ်ကောင်စီအဖွဲ့ဝင်များ၊ ကက်သလစ် သာသနာပိုင် ကာဒီနယ်လ် ချားလ်စ်ဘို အပါအဝင် မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီ၊ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ခရစ်တော် သာသနာပြန့်ပွားမှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ချုပ်များမှ ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

အာဏာသိမ်းခေါင်းဆောင်က ငြိမ်းချမ်းရေးလုပ်ဆောင်နေကြောင်းနှင့် မေတ္တာထားကြရန် ပြောဆိုအပြီး ဒီဇင်ဘာ ၂၄ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးတိုက်ရှို့ခဲ့ကြသဖြင့် ဒေသခံများ အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။

ဓာတ်ပုံ – CINCDS