Local News

ေစ်းဝယ္ထြက္လာေသာ စစ္သား ၇ ဦးကို PDF တပ္မ်ားက

ၿမိဳင္တြင္ ေစ်းဝယ္ထြက္လာေသာ စစ္သား ၇ ဦးကို PDF တပ္မ်ားက လမ္းမွ ေစာင့္ႀကိဳ ပစ္ခတ္တိုက္ခိုက္မႈ စစ္သား ၂ ဦးေသဆုံး(႐ုပ္/သံ)

ရန္ကုန္ ၊ ဒီဇင္ဘာ ၂၆

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္တြင္ ယေန႔ နံနက္ပိုင္း ေစ်းဝယ္ထြက္လာေသာ စစ္သား ၇ ဦးကို PDF တပ္မ်ားက လမ္းမွ ေစာင့္ႀကိဳ ပစ္ခတ္တိုက္ခိုက္ရာ စစ္သား ၂ ဦးေသဆုံးေၾကာင္း ျပည္သူ႔အားမာန္ ကာကြယ္ေရးတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ဒီဇင္ဘာလ ၂၆ ရက္ေန႔ နံနက္ ၇ နာရီ ၁၁ မိနစ္အခ်ိန္ ၿမိဳင္ၿမိဳ႕နယ္ ကိုင္းေတာမ ေရစက္ဝင္း (ကိုင္းေတာမ မွ စက္မႈ ၂ သို႔ အဓိက ေရေပးေနေသာေရစက္) အတြင္းမွ စစ္သား ၇ ဦးသည္

ေစ်းဝယ္ရန္အတြက္ အျပင္သို႔ လမ္းေလွ်ာက္ထြက္လာစဥ္ PDF မဟာမိတ္တပ္မ်ားက လမ္းမွ ေစာင့္ႀကိဳတိုက္ခိုက္ရာ စစ္သား ၂ ဦးေသဆုံးေၾကာင္း၊ အျခား စစ္သား ၂ ဦးလည္း ဒဏ္ရာအျပင္းအထန္ရရွိေၾကာင္း ၎က ေျပာဆိုသည္။

” ၂ ေကာင္ေသပါတယ္။ ၂ ေကာင္ဒဏ္ရာရသြားပါတယ္” ဟု ျပည္သူ႔အားမာန္ ကာကြယ္ေရးတပ္ဖြဲ႕မွ တာဝန္ရွိသူက ရန္ကုန္ေခတ္သစ္ထံသို႔ ေျပာဆိုသည္။

အဆိုပါတိုက္ခိုက္မႈကို ျပည္သူ႔အားမာန္ ကာကြယ္ေရးတပ္ဖြဲ႕၊ MUGDF ကာကြယ္ေရးတပ္ဖြဲ႕ ႏွင့္GOBA ကာကြယ္ေရးတပ္ဖြဲ႕တို႔က ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ျပည္သူမ်ားအတြက္ ႏွစ္သစ္ကူး အႀကိဳ လက္ေဆာင္အျဖစ္ တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း ျပည္သူ႔အားမာန္ ကာကြယ္ေရးတပ္ဖြဲ႕မွ တာဝန္ရွိသူက ရွင္းျပသည္။

မြိုင်တွင် ဈေးဝယ်ထွက်လာသော စစ်သား ၇ ဦးကို PDF တပ်များက လမ်းမှ စောင့်ကြို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး(ရုပ်/သံ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း ဈေးဝယ်ထွက်လာသော စစ်သား ၇ ဦးကို PDF တပ်များက လမ်းမှ စောင့်ကြို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၁၁ မိနစ်အချိန် မြိုင်မြို့နယ် ကိုင်းတောမ ရေစက်ဝင်း (ကိုင်းတောမ မှ စက်မှု ၂ သို့ အဓိက ရေပေးနေသောရေစက်) အတွင်းမှ စစ်သား ၇ ဦးသည်

ဈေးဝယ်ရန်အတွက် အပြင်သို့ လမ်းလျှောက်ထွက်လာစဉ် PDF မဟာမိတ်တပ်များက လမ်းမှ စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း၊ အခြား စစ်သား ၂ ဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ၎င်းက ပြောဆိုသည်။

” ၂ ကောင်သေပါတယ်။ ၂ ကောင်ဒဏ်ရာရသွားပါတယ်” ဟု ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့၊ MUGDF ကာကွယ်ရေးတပ်ဖွဲ့ နှင့်GOBA ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအတွက် နှစ်သစ်ကူး အကြို လက်ဆောင်အဖြစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။