Local News

ထိုက္တန္ပါတယ္ မမပန္ congratulations❤

ဒီမိုကေရစီအေရး လႈပ္ရွားမႈႏွင့္ ပတ္သက္သည့္ ကင္မ္ဂြန္းထယ္ဆု မပန္ဆယ္လိုရရွိ

CJ Platform

ဒီမိုကေရစီအေရး လႈပ္ရွားမႈႏွင့္ ပတ္သက္သည့္ ကင္မ္ဂြန္းထယ္ဆုကို ယင္းဆု ေပးအပ္သည့္ အဖြဲ႕က ယခုႏွစ္အတြက္ မပန္ဆယ္လိုကို ေပးအပ္ေၾကာင္း ေၾကညာထားသည္။

ကင္မ္ဂြန္းထယ္ဆုေကာ္မတီသည္ ဒီဇင္ဘာ ၂၅ ရက္တြင္ ၇ ႀကိမ္ေျမာက္ ဒီမိုကေရစီအေရးလႈပ္ရွားသူ ကင္မ္ဂြန္းထယ္အထိမ္းအမွတ္ဆုရရွိသူအျဖစ္ ျမန္မာ့ဒီမိုကေရစီအေရးလႈပ္ရွားသူ မပန္ဆယ္လိုကို ေ႐ြးခ်ယ္လိုက္ေၾကာင္း ေၾကညာခဲ့ျခင္းျဖစ္သည္။

ဖမ္းဝရမ္းႏွင့္ စစ္ေကာင္စီ ေႏွာက္ယွက္မႈၾကားမွ တိုင္းတစ္ပါးသို႔ ထြက္ေျပာင္းတိမ္းေရွာင္ခဲ့ေသာ္လည္း၊ တိုင္းတစ္ပါးသို႔ေရာက္ရွိခ်ိန္တြင္လည္း မိမိတိုင္းျပည္အတြက္ ဒီမိုကေရစီ ရရွိေရး ႀကိဳးပမ္းေနသည့္ စာေရးဆရာမ ပန္ဆယ္လိုကို ျမင္ရသည္မွာ လြန္ခဲ့သည့္ ဆယ္စုႏွစ္မ်ားက ဖမ္းဝရမ္းကို ၂၆ ႀကိမ္တိုင္ ႀကံ့ႀကံ့ခံၿပီး ေတာင္ကိုရီးယားစစ္အစိုးရ၏ ဖိႏွိပ္မႈၾကားမွ တိုက္ပြဲဝင္ခဲ့သည့္ ေတာင္ကိုရီးယားဒီမိုကေရစီ လႈပ္ရွားသူ ကင္မ္ဂြန္းထယ္ကို သတိရမိေၾကာင္း ယင္းဆုခ်ီးျမႇင့္ေကာ္ မတီ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါ ဆုရရွိျခင္းႏွင့္ပတ္သက္ၿပီး ပန္ဆယ္လိုက ကင္မ္ဂြန္းထယ္ဆုေကာ္မတီႏွင့္ ဆုေ႐ြးခ်ယ္ေရးေကာ္မတီသို႔ ဗီဒီ႐ိုျဖင့္ေပးပို႔သည့္ ေက်းဇူတင္စကား၌ “ ျမန္မာႏိုင္ငံသည္ ယေန႔အခ်ိန္ထိ အိပ္ မက္ဆိုးႀကီးမွ မလြတ္ေျမာက္ႏိုင္ေသးသလို အရိပ္မည္းႀကီးထဲ ပိတ္မိေနပါတယ္။

ထို႔ေၾကာင့္ အဆုံးတိုင္ တိုက္ပြဲဝင္သြားရမယ့္ ျမန္မာျပည္သူတို႔ရဲ႕ ေတာ္လွန္ေရး ရည္႐ြယ္ခ်က္မ်ား ဆႏၵမ်ားကို အဆုံးတိုင္ သတိရေပးၿပီး အတူတကြရပ္တည္ေပးပါ” ဟု ေျပာၾကားခဲ့သည္။

၇ ႀကိမ္ေျမာက္ ကင္မ္ဂြန္းထယ္ဆု ေ႐ြးခ်ယ္မႈကို ေ႐ြးခ်ယ္ေရးေကာ္မတီ အဖြဲ႕ဝင္ ၉ ဦးျဖင့္ ဖြဲ႕စည္းကာ အသင္းဥကၠထျဖစ္သူ ဒီမိုကေရစီးအေရးလႈပ္ရွားသူ၊ စာေရးဆရာဘန္းေဟာင္ေးေဆာ့မွ တာဝန္ယူကာ၊ ႐ုပ္ရွင္မင္းသား၊ စာနယ္ဇင္းသမားမ်ားႏွင့္ အႏုပညာရွင္မ်ား၊

တကၠသိုလ္ပါေမာကၡ၊ ယြန္အမ္းေဒသ အုပ္ခ်ဳပ္ေရးမႉး၊ ႐ုပ္ရွင္ဒါ႐ိုက္တာ၊ လႊတ္ေတာ္အမတ္တို႔ျဖင့္ ေ႐ြးခ်ယ္မႈမ်ားျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

ပထမ ၆ ႀကိမ္တြင္ ခ်ီးျမႇင့္ခဲ့သည့္ ကင္မ္ဂြန္းထယ္ဆုကို ေတာင္ကိုရီးယားႏိုင္ငံသားမ်ားကိုသာ ခ်ီးျမႇင့္ခဲ့ၿပီး၊ ယခု ၇ ႀကိမ္ေျမာက္တြင္ ႏိုင္ငံျခား သား မပန္ဆယ္လိုက ရရွိခဲ့ျခင္းလည္းျဖစ္သည္။

ကင္မ္ဂြန္းထယ္ဆု ခ်ီးျမႇင့္ေငြအျဖစ္ ကိုရီးယား ဝမ္ေငြ သိန္းတစ္ရာ(ျမန္မာေငြ သိန္း ႏွစ္ရာခန႔္) ေပး အပ္သြားမည္ျဖစ္ကာ၊ ကင္မ္ဂြန္းထယ္ ပုံစံတူ ထုလုပ္ထားသည့္ ဆုတံဆိပ္ကိုလည္း ဒီဇင္ဘာ ၂၉ ရက္တြင္ ကင္မ္ဂြန္းထယ္ကြန္လြန္ျခင္း ၁၁ ႏွစ္ျပည့္ အထိမ္းအမွတ္ႏွင့္အတူ ဆိုးလ္ၿမိဳ႕ ၌ က်င္းပျပဳ လုပ္သြားမည္ျဖစ္သည္။

အဆိုပါ ဆုေပးပြဲအခမ္းအနားသို႔ မပန္ဆယ္လိုမွ တက္ေရာက္ႏိုင္ျခင္းမရွိသျဖင့္ မပန္ဆယ္လို ကိုယ္ စား မေ႐ႊမိုးမွ တက္ေရာက္ ဆုယူမည္ျဖစ္သည္။

🖋️လင္းခိုင္

ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ပတ်သက်သည့် ကင်မ်ဂွန်းထယ်ဆု မပန်ဆယ်လိုရရှိ

CJ Platform

ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ပတ်သက်သည့် ကင်မ်ဂွန်းထယ်ဆုကို ယင်းဆု ပေးအပ်သည့် အဖွဲ့က ယခုနှစ်အတွက် မပန်ဆယ်လိုကို ပေးအပ်ကြောင်း ကြေညာထားသည်။

ကင်မ်ဂွန်းထယ်ဆုကော်မတီသည် ဒီဇင်ဘာ ၂၅ ရက်တွင် ၇ ကြိမ်မြောက် ဒီမိုကရေစီအရေးလှုပ်ရှားသူ ကင်မ်ဂွန်းထယ်အထိမ်းအမှတ်ဆုရရှိသူအဖြစ် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ မပန်ဆယ်လိုကို ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ဖမ်းဝရမ်းနှင့် စစ်ကောင်စီ နှောက်ယှက်မှုကြားမှ တိုင်းတစ်ပါးသို့ ထွက်ပြောင်းတိမ်းရှောင်ခဲ့သော်လည်း၊ တိုင်းတစ်ပါးသို့ရောက်ရှိချိန်တွင်လည်း မိမိတိုင်းပြည်အတွက် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းနေသည့် စာရေးဆရာမ ပန်ဆယ်လိုကို မြင်ရသည်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်များက ဖမ်းဝရမ်းကို ၂၆ ကြိမ်တိုင် ကြံ့ကြံ့ခံပြီး တောင်ကိုရီးယားစစ်အစိုးရ၏ ဖိနှိပ်မှုကြားမှ တိုက်ပွဲဝင်ခဲ့သည့် တောင်ကိုရီးယားဒီမိုကရေစီ လှုပ်ရှားသူ ကင်မ်ဂွန်းထယ်ကို သတိရမိကြောင်း ယင်းဆုချီးမြှင့်ကော် မတီ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆုရရှိခြင်းနှင့်ပတ်သက်ပြီး ပန်ဆယ်လိုက ကင်မ်ဂွန်းထယ်ဆုကော်မတီနှင့် ဆုရွေးချယ်ရေးကော်မတီသို့ ဗီဒီရိုဖြင့်ပေးပို့သည့် ကျေးဇူတင်စကား၌ “ မြန်မာနိုင်ငံသည် ယနေ့အချိန်ထိ အိပ် မက်ဆိုးကြီးမှ မလွတ်မြောက်နိုင်သေးသလို အရိပ်မည်းကြီးထဲ ပိတ်မိနေပါတယ်။

ထို့ကြောင့် အဆုံးတိုင် တိုက်ပွဲဝင်သွားရမယ့် မြန်မာပြည်သူတို့ရဲ့ တော်လှန်ရေး ရည်ရွယ်ချက်များ ဆန္ဒများကို အဆုံးတိုင် သတိရပေးပြီး အတူတကွရပ်တည်ပေးပါ” ဟု ပြောကြားခဲ့သည်။

၇ ကြိမ်မြောက် ကင်မ်ဂွန်းထယ်ဆု ရွေးချယ်မှုကို ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းကာ အသင်းဥက္ကထဖြစ်သူ ဒီမိုကရေစီးအရေးလှုပ်ရှားသူ၊ စာရေးဆရာဘန်းဟောင်ေးဆော့မှ တာဝန်ယူကာ၊ ရုပ်ရှင်မင်းသား၊ စာနယ်ဇင်းသမားများနှင့် အနုပညာရှင်များ၊

တက္ကသိုလ်ပါမောက္ခ၊ ယွန်အမ်းဒေသ အုပ်ချုပ်ရေးမှူး၊ ရုပ်ရှင်ဒါရိုက်တာ၊ လွှတ်တော်အမတ်တို့ဖြင့် ရွေးချယ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပထမ ၆ ကြိမ်တွင် ချီးမြှင့်ခဲ့သည့် ကင်မ်ဂွန်းထယ်ဆုကို တောင်ကိုရီးယားနိုင်ငံသားများကိုသာ ချီးမြှင့်ခဲ့ပြီး၊ ယခု ၇ ကြိမ်မြောက်တွင် နိုင်ငံခြား သား မပန်ဆယ်လိုက ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ကင်မ်ဂွန်းထယ်ဆု ချီးမြှင့်ငွေအဖြစ် ကိုရီးယား ဝမ်ငွေ သိန်းတစ်ရာ(မြန်မာငွေ သိန်း နှစ်ရာခန့်) ပေး အပ်သွားမည်ဖြစ်ကာ၊ ကင်မ်ဂွန်းထယ် ပုံစံတူ ထုလုပ်ထားသည့် ဆုတံဆိပ်ကိုလည်း ဒီဇင်ဘာ ၂၉ ရက်တွင် ကင်မ်ဂွန်းထယ်ကွန်လွန်ခြင်း ၁၁ နှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ ဆိုးလ်မြို့ ၌ ကျင်းပပြု လုပ်သွားမည်ဖြစ်သည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ မပန်ဆယ်လိုမှ တက်ရောက်နိုင်ခြင်းမရှိသဖြင့် မပန်ဆယ်လို ကိုယ် စား မရွှေမိုးမှ တက်ရောက် ဆုယူမည်ဖြစ်သည်။

🖋️လင်းခိုင်