Local News

ႏွစ္သစ္ကူးညမွာ ကာလ္ဖ်ဴးစ္ ႐ုတ္ေပးမယ္ဆိုတာ

ႏွစ္သစ္ကူးညမွာ ကာလ္ဖ်ဴးစ္ ႐ုတ္ေပးမယ္ဆိုတာကို ေသြး႐ိုးသား႐ိုးလို႔ လုံးဝယုံၾကည္လို႔ မရဘူး။

USက NDAA လက္မွတ္ထိုးထားတဲ့ကိစၥ သံ႐ုံးေရွ႕ထိ ငါးေထာင္စားေတြလႊတ္တာမ်ိဳး ကတုန္ကရင္ ေသြး႐ူးေသြးတန္း ျဖစ္ေနခ်ိန္မွာ USဘက္က ကူညီဖို႔ တြန္႔ေအာင္ PDFေတြက ျပည္သူေတြကို အၾကမ္းဖက္ ဗုံးခြဲပါတယ္လို႔ ပုံဖ်က္ဖို႔ ႀကံစည္ေနမွာပဲ။

သြားသတိ၊ လာသတိနဲ႔ အသက္ကို ဥာဏ္ေစာင့္ၾကပါ။ ေဘးမသီ ရန္မခ၊ မအဘအသုဘအထိ ရွင္သန္ေအာင္ ေနထိုင္ၾကရေအာင္ပါ။

ရန္ကုန္မွာ New Year ညအတြက္ စစ္တပ္က ညမထြက္ရအမိန္႔ ေခတၱ႐ုတ္သိမ္းတာ မူမမွန္ဘူးလို႔ ေတာ္ လွန္ေရးအင္အားစုေတြ သုံးသပ္

▪︎လူစုလူ​ေဝးနဲ႔ ​​ေပ်ာ္ပါးတဲ့​ေနရာ​ေတြကို စစ္​ေကာင္စီက​ေဖာက္ခြဲလုပ္ႀကံပုံဖ်က္ႏိုင္လို႔ ျပည္သူ​ေတြ​ေနအိမိမွာပဲမိသားစုနဲ႔​​ေနၾကဖို႔ တိုက္တြန္း

ေက်ာ္ေဇာ/People’s Spring

စစ္ေကာင္စီတပ္က ရန္ကုန္ၿမိဳ႕မွာ လာမဲ့ႏိုင္ငံတကာ ႏွစ္သစ္ကူး(New Year)ညအတြက္ရည္႐ြယ္ၿပီး ညမထြက္ရအမိန္႔ ပုဒ္မ ၁၄၄ ကို ေခတၱ႐ုတ္သိမ္းလိုက္တာဟာ မူမွန္တဲ့ လုပ္ရပ္မဟုတ္ဘူးလို႔ ရန္ကုန္အေျခစိုက္ ေတာ္လွန္ေရးအင္အားစုေတြက သုံးသပ္ပါတယ္။

အရပ္သားျပည္သူေတြ စုေဝးေပ်ာ္ပါးၾကမယ့္ ဒီလိုညမ်ိဳးမွာ စစ္အုပ္စုက ​အရပ္သားေတြကိုပစ္မွတ္ထားၿပီး မိုင္းေထာင္ေဖာက္ခြဲတာေတြ လုပ္လာႏိုင္တယ္လို႔ ေတာ္လွန္ေရးအင္အားစုေတြက ဆိုပါတယ္။

“အရပ္သား လူစုလူေဝးေနရာေတြကို ပစ္မွတ္ထားဗုံးေထာင္ေဖာက္ခြဲၿပီး ေဝာာ္လွန္ေရးအဖြဲ႕အစည္းက လုပ္တာပါလို႔ ပုံေဖာ္ခ်င္လာႏိုင္တယ္။ တကယ္လည္း စစ္ တပ္က ယုတ္မာမွာ။ သတို႔အာဏာတည္ၿမဲဖို႔အတြက္ဆို မလုပ္ရဲတာ ဘာမွမရွိတဲ့ အၾကမ္းဖက္စစ္တပ္ျဖစ္တယ္” လို႔ စမ္းေခ်ာင္းပင္မသပိတ္စစ္ေၾကာင္းမွ ရဲေဘာ္ပီတာက မွတ္ခ်က္ေပးပါတယ္။

“ႏွစ္သစ္ကူးည ၿငိမ္းခ်မ္းစြာေပ်ာ္႐ႊင္ေနသည့္အရပ္သားျပည္သူမ်ားကို အၾကမ္းဖက္သမား PDFမ်ားက ဗုံးခြဲတိုက္ခိုက္”ဆိုတဲ့ ေခါင္းစဥ္မ်ိဳးကို စစ္တပ္က က်ယ္က်ယ္ေလာင္ေလာင္ေအာ္ခ်င္ေနၿပီး ေတာ္လွန္ေရးကိုပုံဖ်က္ခ်င္တာလို႔ ရဲေဘာ္ပီတာက ဆိုပါတယ္။

အလားတူျဖစ္ရပ္မ်ားကို စစ္ေကာင္စီတပ္က ႀကိမ္ဖန္ မ်ားစြာ လုပ္ေဆာင္ခဲ့ဖူးၿပီး အဲဒီထဲက ဒီဇင္ဘာ ၁၈ ရက္
ဒလသေဘၤာေပၚ ဗုံးေပါက္ကြမႈ၊ ဒီဇင္ဘာ ၂၃ ရက္က ေက်ာက္ေျမာင္းပြဲေဈးတန္း ဗုံးေဖာက္မႈ စတဲ့ျဖစ္စဥ္ေတြဟာ UG ေတြနဲ႔ ေတာ္လွန္ေရးအင္အားစုေတြကို စစ္တပ္က ပုံဖ်က္တဲ့လုပ္ရပ္ေတြျဖစ္တယ္လို႔ ျပည္သူေတြက ေထာက္ျပၾကပါတယ္။

အခုလည္း လာမဲ့ ဒီဇင္ဘာ ၃၁ ရက္ေန႔ ႏိုင္ငံတကာႏွစ္သစ္ကူး New Years ညမွာ ညမထြက္ရအမိန္႔အျဖစ္ ထုတ္ျပန္ထားတဲ့ ပုဒ္မ ၁၄၄ ကို ေခတၱ႐ုတ္သိမ္းလိုက္တယ္လို႔ စစ္ေကာင္စီလက္ေအာက္ခံ ရန္ကုန္တိုင္းအစိုးရဆိုသူေတြက ဒီဇင္ဘာ ၂၉ ရက္ေန႔ရက္စြဲနဲ႔ ထုတ္ျပန္ခဲ့တာပါ။

“လူစုလူေဝးနဲ႔လုပ္တဲ့ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားဟာ စစ္တပ္ရဲ႕ပစ္မွတ္ထားဖာက္ခြဲတိုက္ခိုင္ႏိုင္တဲ့အ‌တြက္ေၾကာင့္ အရမ္းအႏၲရာယ္မ်ားပါတယ္။ ရန္ကုန္‌ၿမိဳ႕ေနျပည္သူမ်ားကို အိမ္မွာ မိသားစုနဲ႔ေပ်ာ္ပြဲ႐ႊင္ပြဲလုပ္ၿပီး ျဖတ္သန္းၾကဖို႔ ‌တိုက္တြန္းလိုပါတယ္”လို႔ ရန္ကုန္အေျခစိုက္ ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက ေျပာပါတယ္။

ဒါေၾကာင့္ New Years ညမွာ အရပ္သားျပည္သူေတြ လူစုလူေဝးနဲ႔ ေပ်ာ္ပြဲ႐ႊင္ပြဲလုပ္တာေတြ ေရွာင္က်ည္ရန္လိုအပ္ၿပီး မိသားစုနဲ႔အတူမိမိအိမ္ေတြမွာသာေပ်ာ္ပါးၾကဖို႔ေတာ္လွန္ေရးအင္အားစုေတြက တိုက္တြန္းထားပါတယ္။

နှစ်သစ်ကူးညမှာ ကာလ်ဖျူးစ် ရုတ်ပေးမယ်ဆိုတာကို သွေးရိုးသားရိုးလို့ လုံးဝယုံကြည်လို့ မရဘူး။

USက NDAA လက်မှတ်ထိုးထားတဲ့ကိစ္စ သံရုံးရှေ့ထိ ငါးထောင်စားတွေလွှတ်တာမျိုး ကတုန်ကရင် သွေးရူးသွေးတန်း ဖြစ်နေချိန်မှာ USဘက်က ကူညီဖို့ တွန့်အောင် PDFတွေက ပြည်သူတွေကို အကြမ်းဖက် ဗုံးခွဲပါတယ်လို့ ပုံဖျက်ဖို့ ကြံစည်နေမှာပဲ။

သွားသတိ၊ လာသတိနဲ့ အသက်ကို ဉာဏ်စောင့်ကြပါ။ ဘေးမသီ ရန်မခ၊ မအဘအသုဘအထိ ရှင်သန်အောင် နေထိုင်ကြရအောင်ပါ။

ရန်ကုန်မှာ New Year ညအတွက် စစ်တပ်က ညမထွက်ရအမိန့် ခေတ္တရုတ်သိမ်းတာ မူမမှန်ဘူးလို့ တော် လှန်ရေးအင်အားစုတွေ သုံးသပ်

▪︎လူစုလူဝေးနဲ့ ပျော်ပါးတဲ့နေရာတွေကို စစ်ကောင်စီကဖောက်ခွဲလုပ်ကြံပုံဖျက်နိုင်လို့ ပြည်သူတွေနေအိမိမှာပဲမိသားစုနဲ့နေကြဖို့ တိုက်တွန်း

ကျော်ဇော/People’s Spring

စစ်ကောင်စီတပ်က ရန်ကုန်မြို့မှာ လာမဲ့နိုင်ငံတကာ နှစ်သစ်ကူး(New Year)ညအတွက်ရည်ရွယ်ပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ခေတ္တရုတ်သိမ်းလိုက်တာဟာ မူမှန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက သုံးသပ်ပါတယ်။

အရပ်သားပြည်သူတွေ စုဝေးပျော်ပါးကြမယ့် ဒီလိုညမျိုးမှာ စစ်အုပ်စုက အရပ်သားတွေကိုပစ်မှတ်ထားပြီး မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

“အရပ်သား လူစုလူဝေးနေရာတွေကို ပစ်မှတ်ထားဗုံးထောင်ဖောက်ခွဲပြီး ဝောာ်လှန်ရေးအဖွဲ့အစည်းက လုပ်တာပါလို့ ပုံဖော်ချင်လာနိုင်တယ်။ တကယ်လည်း စစ် တပ်က ယုတ်မာမှာ။ သတို့အာဏာတည်မြဲဖို့အတွက်ဆို မလုပ်ရဲတာ ဘာမှမရှိတဲ့ အကြမ်းဖက်စစ်တပ်ဖြစ်တယ်” လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာက မှတ်ချက်ပေးပါတယ်။

“နှစ်သစ်ကူးည ငြိမ်းချမ်းစွာပျော်ရွှင်နေသည့်အရပ်သားပြည်သူများကို အကြမ်းဖက်သမား PDFများက ဗုံးခွဲတိုက်ခိုက်”ဆိုတဲ့ ခေါင်းစဉ်မျိုးကို စစ်တပ်က ကျယ်ကျယ်လောင်လောင်အော်ချင်နေပြီး တော်လှန်ရေးကိုပုံဖျက်ချင်တာလို့ ရဲဘော်ပီတာက ဆိုပါတယ်။

အလားတူဖြစ်ရပ်များကို စစ်ကောင်စီတပ်က ကြိမ်ဖန် များစွာ လုပ်ဆောင်ခဲ့ဖူးပြီး အဲဒီထဲက ဒီဇင်ဘာ ၁၈ ရက်
ဒလသင်္ဘောပေါ် ဗုံးပေါက်ကွမှု၊ ဒီဇင်ဘာ ၂၃ ရက်က ကျောက်မြောင်းပွဲဈေးတန်း ဗုံးဖောက်မှု စတဲ့ဖြစ်စဉ်တွေဟာ UG တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်တပ်က ပုံဖျက်တဲ့လုပ်ရပ်တွေဖြစ်တယ်လို့ ပြည်သူတွေက ထောက်ပြကြပါတယ်။

အခုလည်း လာမဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ နိုင်ငံတကာနှစ်သစ်ကူး New Years ညမှာ ညမထွက်ရအမိန့်အဖြစ် ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို ခေတ္တရုတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းအစိုးရဆိုသူတွေက ဒီဇင်ဘာ ၂၉ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

“လူစုလူဝေးနဲ့လုပ်တဲ့ ပျော်ပွဲရွှင်ပွဲများဟာ စစ်တပ်ရဲ့ပစ်မှတ်ထားဖာက်ခွဲတိုက်ခိုင်နိုင်တဲ့အ‌တွက်ကြောင့် အရမ်းအန္တရာယ်များပါတယ်။ ရန်ကုန်‌မြို့နေပြည်သူများကို အိမ်မှာ မိသားစုနဲ့ပျော်ပွဲရွှင်ပွဲလုပ်ပြီး ဖြတ်သန်းကြဖို့ ‌တိုက်တွန်းလိုပါတယ်”လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါကြောင့် New Years ညမှာ အရပ်သားပြည်သူတွေ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲလုပ်တာတွေ ရှောင်ကျည်ရန်လိုအပ်ပြီး မိသားစုနဲ့အတူမိမိအိမ်တွေမှာသာပျော်ပါးကြဖို့တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။