Local News

အမူးသမား တစ္အုပ္သာ မရွိရင္ နယူးရီးယား ပြဲႀကီးက သရဲ ေျခာက္မွာေတာင္ စိုးရိမ္ေနရပါၿပီ

အမူးသမား တစ္အုပ္သာ မရွိရင္ နယူးရီးယား ပြဲႀကီးက သရဲ ေျခာက္မွာေတာင္ စိုးရိမ္ေနရပါၿပီ

စစ္ေကာင္စီက ယခုည ပုဒ္မ ၁၄၄ ညမထြက္ရ အမိန႔္ ႐ုပ္သိမ္းထားေၾကာင္း ေလာ္စပီကာမ်ားျဖင့္ ရပ္ကြက္မ်ားတြင္ လိုက္ေအာ္ေန

ရန္ကုန္၊ ဒီဇင္ဘာ ၃၁

စစ္ေကာင္စီက ယခု ည ပုဒ္မ ၁၄၄ ညမထြက္ရ အမိန႔္ ႐ုပ္သိမ္းထားေၾကာင္း အသိေပးသည့္ ေၾကညာခ်က္မ်ားကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ရဲတပ္ဖြဲ႕ မ်ားက ေလာ္စပီကာမ်ားျဖင့္ လိုက္ေအာ္ေနေၾကာင္း ရန္ကုန္ၿမိဳ႕ခံမ်ားက ရန္ကုန္ ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

“ရန္ကုန္တိုင္းစစ္ေကာင္စီက ထုတ္တဲ့ ပုဒ္မ ၁၄၄ ႏွစ္သစ္ကူးည ညမထြက္ရ အမိန႔္ ႐ုပ္သိမ္း တာကို တစ္ညတာ ပယ္ဖ်က္ထားတယ္ဆိုတာ ေလာ္စပီ ကာနဲ႔ လိုက္ေအာ္ေနတယ္။ ခဏခဏ လွည့္ပတ္ေအာ္ေနတာ။ ညေန ၆ နာရီ ေလာက္ ကတည္းက။ အျပင္ထြက္ခိုင္းတဲ့သေဘာေပါ့။ အမိန႔္စာကိုပဲ ေအာ္ေနတာပါ” ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ရန္ကုန္ၿမိဳ႕၊ ျပည္သူ႔ရင္ျပင္ ေနရာ တြင္ ႏိုင္ငံတကာ ႏွစ္သစ္ကူးပြဲေတာ္ (Count-Down Party) ကို စည္ကားသိုက္ ၿမိဳက္စြာ က်င္းပျပဳလုပ္ရန္ စီစဥ္ ထား ေၾကာင္း၊ ယင္းပြဲေတာ္က်င္းပမည့္ ဒီဇင္ ဘာလ ၃၁ ရက္ေန႔တြင္ မီးရႉး မီးပန္းမ်ား ပစ္ေဖာက္ျခင္းႏွင့္ စတိတ္ရႈိးပြဲမ်ားျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း၊

ထို႔ေၾကာင့္ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၁၄၄ အရ ထုတ္ျပန္ခဲ့သည့္ ညမထြက္ ရ အမိန႔္ကို ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္ေန႔ ည ၁၂ နာရီ မွ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္ နံနက္ ၄ နာရီအထိ တစ္ရက္တာ ေခတၱ ပယ္ဖ်က္ေၾကာင္း ရန္ကုန္တိုင္းစစ္ေကာင္စီက အမိန႔္ ထုတ္ျပန္ထားသည္။

အလားတူ မႏၲေလးတိုင္းႏွင့္ ေနျပည္တာ္တို႔တြင္လည္း ညမထြက္ရ အမိန႔္မ်ား ကို ႏွစ္သစ္ကူးညအတြက္ ႐ုပ္သိမ္းထား ေၾကာင္း ေၾကညာခ်က္မ်ား အသီးသီး ထုတ္ျပန္ထားသည္။

ရန္ကုန္တိုင္း၊ မႏၲေလးတိုင္းႏွင့္ ေနျပည္ေတာ္ရွိ ဝန္ထမ္းမ်ား အားလုံး အေန ျဖင့္ ယေန႔ ညျပဳလုပ္မည့္ ႏွစ္သစ္ကူးည ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားကို မိသားစုႏွင့္ အတူ မျဖစ္မေန တက္ေရာက္ရမည္ျဖစ္ၿပီး ႐ုပ္ျမင္သံၾကားမွ တိုက္႐ိုက္ ထုတ္ လႊင့္ ခ်ိန္တြင္ လူမရွိသကဲ့သို႔ လုံး၀ (လုံး၀) မျဖစ္ေစရန္၊ စည္ကားေနမႈကို ျပသ ၾက ရန္ သက္ဆိုင္ရာ ဝန္ႀကီးဌာန အလိုက္ ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ ထား ေၾကာင္း သိရွိရသည္။

ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားကိုလည္း ျပည္သူ႔ရင္ျပင္တြင္ က်င္းပ မည့္ ရန္ကုန္တိုင္းစစ္ေကာင္စီ၏ ႏွစ္သစ္ကူးညပြဲသို႔ တစ္ရပ္ကြက္လွ်င္ လူဦး ေရ ၅၀ မျဖစ္မေန လာေရာက္ရန္၊ ႀကိဳ/ပို႔ကားမ်ား စီစဥ္ထားၿပီး လာေရာက္ သူမ်ားကို ေငြက်ပ္ ၁၀၀၀၀ ေပးမည္ဟု ေျပာဆို စည္း႐ုံးခိုင္းေနေၾကာင္း သိရွိရ သည္။

မႏၲေလးတြင္လည္း တိုင္းစစ္ေကာင္စီက စီစဥ္ထားသည့္ ႏွစ္သစ္ကူးည ေပ်ာ္ပြဲ ႐ႊင္ပြဲ ကို မႏၲေလး မႏၲလာသီရိ အားကစားကြင္းတြင္ က်င္းပမည္ ျဖစ္ၿပီး ယင္းပြဲ သို႔ တက္ေရာက္ၾကရန္ ေလာ္စပီကာျဖင့္ ရပ္ကြက္မ်ားသို႔ လိုက္လံ အသိေပး ေအာ္ဟစ္ေနေၾကာင္း သိရွိရသည္။

စစ္ေကာင္စီက ေနျပည္ေတာ္ ေရပန္းဥယ်ာဥ္ တြင္ ႏွစ္သစ္ကူးပြဲ စီစဥ္ထားၿပီး ျမန္မာျပည္သိန္းတန္၊ D ၿဖိဳး၊ ေဂ်မိုင္းမိုင္တို႔ကို ေဖ်ာ္ေျဖရန္ ငွားရမ္းထား ေၾကာင္း၊ ရန္ကုန္ ျပည္သူ႔ရင္ျပင္တြင္ ႏွစ္သစ္ကူးပြဲကို ရန္ေအာင္၊ ရဲေအာင္၊ ေမသန္းႏု၊ ဂ်က္ျမေသာင္း၊ ျပည္မိုး၊ စိန္လင္း၊

ဘုန္းလွ်ံ၊ လွမ်ိဳးသၪၨာႏြယ္၊ ပြင့္နဒီေမာင္၊ သၪၨာျမင့္မိုရ္၊ စိုးသီဟ၊ ေဝလွ်ံ၊ ဂ်င္းနီ၊ ဆူဇီ၊ စိုးထက္ေအာင္၊ ထြန္းပပေအာင္၊ ပူတူးႏွင့္ ၿပဳံးအသေခ်ၤ၊ ယြန္းသီရိေက်ာ္တို႔ကို ေဖ်ာ္ေျဖရန္ ငွားရမ္းထားေၾကာင္း၊ မႏၲေလး မႏၲလာသီရိအားကစားကြင္းတြင္ ႏွစ္သစ္ကူးပြဲ က်င္းပမည္ျဖစ္ၿပီး

ခ်စ္ေကာင္း၊ သားစိုး၊ခ်ယ္ရီသင္းအပါအဝင္ အဆိုေတာ္ မ်ားကို ေဖ်ာ္ေျဖရန္ ငွားရမ္းထားေၾကာင္း၊ ႏွစ္သစ္ကူးပြဲ အားလုံးကို စစ္ေကာင္ စီ၏ ဝါဒျဖန႔္ ႐ုပ္ျမင္သံၾကားလိုင္းအားလုံးမွ တိုက္႐ိုက္ ထုတ္လႊင့္ေနေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ရန္ကုန္တိုင္း၊ ျပည္သူ႔ရင္ျပင္တြင္ ျပဳလုပ္ေနေသာ ႏွစ္သစ္ကူးည Countdown ပြဲ ယခု ၉ နာရီေက်ာ္ ျမင္ကြင္း။

အမူးသမား တစ်အုပ်သာ မရှိရင် နယူးရီးယား ပွဲကြီးက သရဲ ခြောက်မှာတောင် စိုးရိမ်နေရပါပြီ

စစ်ကောင်စီက ယခုည ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ရုပ်သိမ်းထားကြောင်း လော်စပီကာများဖြင့် ရပ်ကွက်များတွင် လိုက်အော်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

စစ်ကောင်စီက ယခု ည ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ရုပ်သိမ်းထားကြောင်း အသိပေးသည့် ကြေညာချက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ များက လော်စပီကာများဖြင့် လိုက်အော်နေကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ရန်ကုန်တိုင်းစစ်ကောင်စီက ထုတ်တဲ့ ပုဒ်မ ၁၄၄ နှစ်သစ်ကူးည ညမထွက်ရ အမိန့် ရုပ်သိမ်း တာကို တစ်ညတာ ပယ်ဖျက်ထားတယ်ဆိုတာ လော်စပီ ကာနဲ့ လိုက်အော်နေတယ်။ ခဏခဏ လှည့်ပတ်အော်နေတာ။ ညနေ ၆ နာရီ လောက် ကတည်းက။ အပြင်ထွက်ခိုင်းတဲ့သဘောပေါ့။ အမိန့်စာကိုပဲ အော်နေတာပါ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် နေရာ တွင် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော် (Count-Down Party) ကို စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ် ထား ကြောင်း၊ ယင်းပွဲတော်ကျင်းပမည့် ဒီဇင် ဘာလ ၃၁ ရက်နေ့တွင် မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်းနှင့် စတိတ်ရှိုးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊

ထို့ကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့သည့် ညမထွက် ရ အမိန့်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီ မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက် ၄ နာရီအထိ တစ်ရက်တာ ခေတ္တ ပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီက အမိန့် ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်းနှင့် နေပြည်တာ်တို့တွင်လည်း ညမထွက်ရ အမိန့်များ ကို နှစ်သစ်ကူးညအတွက် ရုပ်သိမ်းထား ကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ရှိ ဝန်ထမ်းများ အားလုံး အနေ ဖြင့် ယနေ့ ညပြုလုပ်မည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများကို မိသားစုနှင့် အတူ မဖြစ်မနေ တက်ရောက်ရမည်ဖြစ်ပြီး ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ် လွှင့် ချိန်တွင် လူမရှိသကဲ့သို့ လုံး၀ (လုံးဝ) မဖြစ်စေရန်၊ စည်ကားနေမှုကို ပြသ ကြ ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ညွှန်ကြားချက်များ ထုတ်ပြန် ထား ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း ပြည်သူ့ရင်ပြင်တွင် ကျင်းပ မည့် ရန်ကုန်တိုင်းစစ်ကောင်စီ၏ နှစ်သစ်ကူးညပွဲသို့ တစ်ရပ်ကွက်လျှင် လူဦး ရေ ၅၀ မဖြစ်မနေ လာရောက်ရန်၊ ကြို/ပို့ကားများ စီစဉ်ထားပြီး လာရောက် သူများကို ငွေကျပ် ၁၀၀၀၀ ပေးမည်ဟု ပြောဆို စည်းရုံးခိုင်းနေကြောင်း သိရှိရ သည်။

မန္တလေးတွင်လည်း တိုင်းစစ်ကောင်စီက စီစဉ်ထားသည့် နှစ်သစ်ကူးည ပျော်ပွဲ ရွှင်ပွဲ ကို မန္တလေး မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ယင်းပွဲ သို့ တက်ရောက်ကြရန် လော်စပီကာဖြင့် ရပ်ကွက်များသို့ လိုက်လံ အသိပေး အော်ဟစ်နေကြောင်း သိရှိရသည်။

စစ်ကောင်စီက နေပြည်တော် ရေပန်းဥယျာဉ် တွင် နှစ်သစ်ကူးပွဲ စီစဉ်ထားပြီး မြန်မာပြည်သိန်းတန်၊ D ဖြိုး၊ ဂျေမိုင်းမိုင်တို့ကို ဖျော်ဖြေရန် ငှားရမ်းထား ကြောင်း၊ ရန်ကုန် ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူးပွဲကို ရန်အောင်၊ ရဲအောင်၊ မေသန်းနု၊ ဂျက်မြသောင်း၊ ပြည်မိုး၊ စိန်လင်း၊

ဘုန်းလျှံ၊ လှမျိုးသဉ္ဇာနွယ်၊ ပွင့်နဒီမောင်၊ သဉ္ဇာမြင့်မိုရ်၊ စိုးသီဟ၊ ဝေလျှံ၊ ဂျင်းနီ၊ ဆူဇီ၊ စိုးထက်အောင်၊ ထွန်းပပအောင်၊ ပူတူးနှင့် ပြုံးအသင်္ချေ၊ ယွန်းသီရိကျော်တို့ကို ဖျော်ဖြေရန် ငှားရမ်းထားကြောင်း၊ မန္တလေး မန္တလာသီရိအားကစားကွင်းတွင် နှစ်သစ်ကူးပွဲ ကျင်းပမည်ဖြစ်ပြီး

ချစ်ကောင်း၊ သားစိုး၊ချယ်ရီသင်းအပါအဝင် အဆိုတော် များကို ဖျော်ဖြေရန် ငှားရမ်းထားကြောင်း၊ နှစ်သစ်ကူးပွဲ အားလုံးကို စစ်ကောင် စီ၏ ဝါဒဖြန့် ရုပ်မြင်သံကြားလိုင်းအားလုံးမှ တိုက်ရိုက် ထုတ်လွှင့်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တိုင်း၊ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်နေသော နှစ်သစ်ကူးည Countdown ပွဲ ယခု ၉ နာရီကျော် မြင်ကွင်း။