Local News

ေနရာအႏွံ႔ေလယာဥ္နဲ႔ဗုံးႀကဲေနတဲ့စစ္ေကာင္စီတပ္က ၂၀၂၃ ခု တစ္ႏွစ္လုံးထပ္ၿပီး အပစ္အခတ္ရပ္ေၾကာင္းထုတ္ျပန္

ဧရာဝတီတိုင္းမ္

ဇန္နဝါရီလ ၁ ရက္

အာဏာသိမ္းစစ္တပ္ရဲ႕ ပစ္ခတ္တိုက္ခိုက္မႈနဲ႔စစ္ေရးဆိုင္ရာလႈပ္ရွားမႈေတြကို ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီ လ ၁ ရက္ ေန႔ကေန ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ ထပ္မံတိုးျမႇင့္ရပ္စဲတယ္လို႔ စစ္ေကာင္စီကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ဒီဇင္ဘာလ ၃၁ ရက္ မေန႔ကရက္စြဲနဲ႔ထုတ္ျပန္လာပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က စစ္ေကာင္စီဘက္က ထုတ္ျပန္ခဲ့တဲ့ ၂၀၂၂ ခု ႏွစ္ကုန္အ ထိ အပစ္အခတ္ရပ္ စဲေၾကာင္း ေၾကျငာခ်က္ဟာ မေန႔ကသက္တမ္းကုန္ခဲ့ၿပီးတဲ့ေနာက္ ၂၀၂၃ ခုႏွစ္ တစ္ႏွစ္လုံး ကိုပါ စစ္ေကာင္စီ တပ္ဘက္အပစ္ရပ္မႈကို ထပ္မံတိုးျမႇင့္တယ္လို႔ေၾကျငာခဲ့တာပါ။

စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္ေကာင္စီတပ္ဟာ ၎တို႔နဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖြဲ႕ကလြဲရင္ က်န္တဲ့ ကခ်င္၊ကယား၊ ကရင္၊ခ်င္း၊ ရခိုင္၊ရွမ္း(ေျမာက္) စတဲ့တိုင္းရင္းသားနယ္ေျမ ေတြက EAO ေတြအားလုံးနီးပါးနဲ႔ တိုက္ပြဲေတြျဖစ္ပြားေနခဲ့ပါတယ္။

ဒါ့အျပင္ အာဏာသိမ္းမႈကိုခုခံေတာ္လွန္ေနတဲ့ စစ္ကိုင္း ၊ မေကြး၊ မႏၲေလး၊ တနသၤာရီ၊ ရန္ကုန္၊ ပဲခူး၊ မြန္၊ ဧရာဝတီ စတဲ့ ျပည္နယ္နဲ႔တိုင္းေတြက PDF ၊ UG ေတြရဲ႕တိုက္ခိုက္ေဖာက္ခြဲမႈေတြေၾကာင့္ ႏိုင္ငံအႏွံ႔နီးပါး ေန႔ စဥ္တိုက္ပြဲေတြ ျဖစ္ပြားေနခဲ့တာျဖစ္ပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ အပစ္အခတ္ရပ္စဲေၾကာင္း ထုတ္ျပန္မႈေတြရွိခဲ့ေပမယ့္ တိုင္းရင္းသားနယ္ေျမအမ်ားအျပားအပါအဝင္ စစ္ကိုင္း၊မေကြး စတဲ့ေဒသေတြမွာ EAO၊ PDF ေနရာေတြအျပင္ ေဒသခံေတြရဲ႕ေနအိမ္ေတြကိုပါ လက္နက္ႀကီးေတြအျပင္ ေလေၾကာင္းဗုံးႀကဲပစ္ခတ္တိုက္ခိုက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ေနခဲ့တာပါ။

စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္ေကာင္စီတပ္ဘက္က အပစ္အခတ္ရပ္စဲေၾကာင္းေၾကျငာခ်က္ကို ၂၀၂၁ နဲ႔ ၂၀၂၂ ခုႏွစ္အတြင္း ၂ ႀကိမ္ေၾကျငာခဲ့ၿပီး ၂၀၂၂ ခုႏွစ္ကိုၿငိမ္းခ်မ္းေရးႏွစ္လို႔သတ္မွတ္ေၾကာင္း စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ကေျပာဆိုခဲ့ပါတယ္။

နေရာအနှံ့လေယာဉ်နဲ့ဗုံးကြဲနေတဲ့စစ်ကောင်စီတပ်က ၂၀၂၃ ခု တစ်နှစ်လုံးထပ်ပြီး အပစ်အခတ်ရပ်ကြောင်းထုတ်ပြန်

ဧရာဝတီတိုင်းမ်

ဇန်နဝါရီလ ၁ ရက်

အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လ ၁ ရက် နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်စဲတယ်လို့ စစ်ကောင်စီကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၃၁ ရက် မနေ့ကရက်စွဲနဲ့ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၂ ခု နှစ်ကုန်အ ထိ အပစ်အခတ်ရပ် စဲကြောင်း ကြေငြာချက်ဟာ မနေ့ကသက်တမ်းကုန်ခဲ့ပြီးတဲ့နောက် ၂၀၂၃ ခုနှစ် တစ်နှစ်လုံး ကိုပါ စစ်ကောင်စီ တပ်ဘက်အပစ်ရပ်မှုကို ထပ်မံတိုးမြှင့်တယ်လို့ကြေငြာခဲ့တာပါ။

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ၎င်းတို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ကလွဲရင် ကျန်တဲ့ ကချင်၊ကယား၊ ကရင်၊ချင်း၊ ရခိုင်၊ရှမ်း(မြောက်) စတဲ့တိုင်းရင်းသားနယ်မြေ တွေက EAO တွေအားလုံးနီးပါးနဲ့ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုကိုခုခံတော်လှန်နေတဲ့ စစ်ကိုင်း ၊ မကွေး၊ မန္တလေး၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ဧရာဝတီ စတဲ့ ပြည်နယ်နဲ့တိုင်းတွေက PDF ၊ UG တွေရဲ့တိုက်ခိုက်ဖောက်ခွဲမှုတွေကြောင့် နိုင်ငံအနှံ့နီးပါး နေ့ စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်မှုတွေရှိခဲ့ပေမယ့် တိုင်းရင်းသားနယ်မြေအများအပြားအပါအဝင် စစ်ကိုင်း၊မကွေး စတဲ့ဒေသတွေမှာ EAO၊ PDF နေရာတွေအပြင် ဒေသခံတွေရဲ့နေအိမ်တွေကိုပါ လက်နက်ကြီးတွေအပြင် လေကြောင်းဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့တာပါ။

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က အပစ်အခတ်ရပ်စဲကြောင်းကြေငြာချက်ကို ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်း ၂ ကြိမ်ကြေငြာခဲ့ပြီး ၂၀၂၂ ခုနှစ်ကိုငြိမ်းချမ်းရေးနှစ်လို့သတ်မှတ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောဆိုခဲ့ပါတယ်။