Articles

ရဲတပ္ သားအခ်င္းခ်င္း ပစ္ခတ္မႈျဖစ္ၿပီး

ရဲတပ္ သားအခ်င္းခ်င္း ပစ္ခတ္မႈျဖစ္ၿပီး ရဲတစ္ဦးေသ

ေလာင္းလုံး၊ ဇန္နဝါရီ ၂

လူငယ့္ေခတ္

တနသၤာရီတိုင္း၊ ထားဝယ္ခ႐ိုင္ ေလာင္းလုံးၿမိဳ႕နယ္ရဲစခန္းတြင္ ဇန္နဝါရီ ၁ ရက္ ေန႔ညပိုင္းကစစ္ေကာင္စီလက္ေအာက္ ခံရဲတပ္ဖြဲ႕က ခ်င္းခ်င္းပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ရဲတပ္သားတစ္ဦးေသဆုံးခဲ့ေၾကာင္း ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ ေလာင္းလုံးၿမိဳ႕နယ္မွ သိရသည္။

ထားဝယ္ခ႐ိုင္၊ ေလာင္းလုံးၿမိဳ႕နယ္ ရဲစခန္းတြင္ တာဝန္က်ရဲတပ္သား ၂ ဦး မွာ ဇန္နဝါရီလ ၁ ရက္၊ ည ၈ နာရီခန္႔တြင္ အခ်င္းအခ်င္း စကားႏိုင္လု၍ ေသနတ္ ျဖင့္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

” စကားမ်ားရန္ျဖစ္ၿပီး သူတို႔အခ်င္းခ်င္းပစ္တာ ရဲတစ္ဦးေသတယ္။ ႏွစ္ဦးထက္မနည္းစိုးရိမ္ရတယ္” ဟု ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕၊ ေလာင္းလုံၿမိဳ႕နယ္မွ တာဝန္ရွိသူတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္။

အဆိုပါ ပစ္ခတ္မႈတြင္ ေသဆုံးထိခိုက္ခဲ့သည့္ရဲတပ္သား၏ အခ်က္လက္မ်ားကို စုံစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေသနတ္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ မိနစ္အနည္းငယ္အ ၾကာတြင္ အေရးေပၚလူနာတင္ယာဥ္ျဖင့္ ရဲတပ္ သားတစ္ဦးကို လာေရာက္ေခၚယူသြားေၾကာင္း ထားဝယ္ေတာ္လွန္ေရးသတင္းမ်ားေဖာ္ျပေနသည့္ Dawei Information Centre တြင္ ေဖာ္ျပထားသည္။

“ေသနတ္အသံေတြၾကားတယ္။ အဲဒီညက ထုံးစံအတိုင္းရဲစခန္းက ေျခာက္ပစ္ တယ္ထင္တာ။ ၿပီးေတာ့ မွ ရဲစခန္းထဲအခ်င္းခ်င္းပစ္တာလို႔ သိရတယ္ ” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလအေစာပိုင္းကလည္း ေလာင္းလုံးၿမိဳ႕မရဲစခန္းမွ ရဲတပ္ သား (၃)ဥဦးစိတ္ဓာတ္က်ဆင္း၍ လက္နက္မ်ားယူကာထြက္ေျပးမႈျဖစ္ပြါးခဲ့ေၾကာင္းေဒသခံမ်ားထံမွ သိရသည္။

Lungekhit

ရဲတပ် သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ရဲတစ်ဦးသေ

လောင်းလုံး၊ ဇန်နဝါရီ ၂

လူငယ့်ခေတ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရဲစခန်းတွင် ဇန်နဝါရီ ၁ ရက် နေ့ညပိုင်းကစစ်ကောင်စီလက်အောက် ခံရဲတပ်ဖွဲ့က ချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လောင်းလုံးမြို့နယ်မှ သိရသည်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ရဲစခန်းတွင် တာဝန်ကျရဲတပ်သား ၂ ဦး မှာ ဇန်နဝါရီလ ၁ ရက်၊ ည ၈ နာရီခန့်တွင် အချင်းအချင်း စကားနိုင်လု၍ သေနတ် ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” စကားများရန်ဖြစ်ပြီး သူတို့အချင်းချင်းပစ်တာ ရဲတစ်ဦးသေတယ်။ နှစ်ဦးထက်မနည်းစိုးရိမ်ရတယ်” ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် သေဆုံးထိခိုက်ခဲ့သည့်ရဲတပ်သား၏ အချက်လက်များကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မိနစ်အနည်းငယ်အ ကြာတွင် အရေးပေါ်လူနာတင်ယာဉ်ဖြင့် ရဲတပ် သားတစ်ဦးကို လာရောက်ခေါ်ယူသွားကြောင်း ထားဝယ်တော်လှန်ရေးသတင်းများဖော်ပြနေသည့် Dawei Information Centre တွင် ဖော်ပြထားသည်။

“သေနတ်အသံတွေကြားတယ်။ အဲဒီညက ထုံးစံအတိုင်းရဲစခန်းက ခြောက်ပစ် တယ်ထင်တာ။ ပြီးတော့ မှ ရဲစခန်းထဲအချင်းချင်းပစ်တာလို့ သိရတယ် ” ဟု ဒေသခံအမျိုးသားတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်းကလည်း လောင်းလုံးမြို့မရဲစခန်းမှ ရဲတပ် သား (၃)ဥဦးစိတ်ဓာတ်ကျဆင်း၍ လက်နက်များယူကာထွက်ပြေးမှုဖြစ်ပွါးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

Lungekhit