Local News




MFP ၊ ဇန်နဝါရီ – ၎






MFP

စစ်အုပ်စုရဲ့ ရိက္ခာပို့ ရေယာဉ်ကို သိမ်းပိုက်ရရှိပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ ကနီနယ် တိုက်ပွဲ မေးမြန်းချက်၊

တစ်နေ့တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ရိက္ခာပို့ နွားလှည်းတွေကိုလည်း တိုက်ခိုက်နိုင်ခဲ့၊

MFP ၊ ဇန်နဝါရီ – ၄

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းမှာ မနေ့က တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုရဲ့ ရိက္ခာပို့ အမြန်ရေယာဉ်တစ်စီး သိမ်းပိုက် ရရှီပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့သလို နွားလှည်းတွေကိုလည်း တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကနီနယ် ကျောက်လုံးကြီး KLG တပ်မဟာက MFP ကို ပြောပါတယ်။

မနေ့က ဇန်နဝါရီ(၃)ရက် မနက်(၉)နာရီမှာ ကနီမြို့ပေါ်ကနေ အလယ်ကျွန်းရွာ ပျူစခန်းဘက် နွားလှည်းတွေနဲ့ ရိက္ခာလာပို့တဲ့ စစ်အုပ်စုကို ကြားဖြတ် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ နွားလှည်းသုံးစီး လွင့်စင်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ညနေပိုင်းမှာ ချင်းတွင်းမြစ်ကြောင်း၊ မုဌောရွာ ပျူစခန်းကနေ ညောင်ပင်ဝန်းရွာဘက် ရိက္ခာလာပို့တဲ့ စစ်အုပ်စုရဲ့ အမြန်ရေယာဉ်တစ်စီးကို ထပ်မံတိုက်ခိုက်ခဲ့ရာ နှစ်နာရီကြာ တိုက်ပွဲဖြစ်ပြီးနောက် အမြန်ရေယာဉ်နဲ့အတူ ရိက္ခာတွေပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာ က ပြောပါတယ်။

ကျောက်လုံးကြီး KLG တပ်မဟာနှင့် DRPA တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သိမ်းပိုက်ရရှိတဲ့ အမြန်ရေယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ရိက္ခာပို့ ရေယာဉ်ကို သိမ်းပိုက်ရရှိပြီး မီးရှို့ဖျက်ဆီးနိုင်ခဲတဲ့ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ကနီနယ်၊ ကျောက်လုံးကြီး KLG တပ်မဟာ က တာဝန်ရှိသူတစ်ဦးကို MFP က ဆက်သွယ် မေးမြန်းထားပါတယ်။