Local News



ရန်ကုန်၊ ဇန်နဝါရီ ၎




ကရင်နီပြည်နယ်တွင် နှစ်သစ်ကူးနေ့ စစ်ကောင်စီတပ်များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု မစ်ရှင် ထုတ်ပြန်၊ ဗုံးထိသော စစ်သားများကို သယ်ယူပြီး ပြေး လွှားမှုများ တွေ့မြင်ရ (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၄

ကရင်နီပြည်နယ်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးနေ့ စစ် ကောင်စီတပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဗီဒီယိုကို PDF လွိုင်ကော်က တရားဝင်း ထုတ်ပြန်သည်။

လွိုင်ကော် PDF နှင့် Falcon Wings တို့၏ ပူးတွဲ mission တစ်ခုကို ၂၀၂၃ ခုနှစ်၏ ပထမဆုံးနေ့တွင် နှစ်သစ်ကူးလက်ဆောင် အဖြစ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ကြောင်း၊

အဆိုပါတိုက်ခိုက်မှုသည် တောင်တန်းဂီတ ခရီးသွား လက် မှတ် ရောင်းချခြင်း အစီစဉ်မှ ရရှိသော ရန်ပုံငွေများဖြင့်စီစဉ်လျက်ရှိသော စစ် ရေး အစီစဉ်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး ကျန်ရှိသော (လုပ်ဆောင် ပြီး သော) စစ်ရေးအစီစဉ်များကိုလည်း မကြာခင် သတင်းထုတ်ပြန် မည်ဖြစ် ကြောင်း PDF လွိုင်ကော်က သတင်းထုတ်ပြန်ထားသည်။