Local News

စစ္ကိုင္း-မုံ႐ြာ-ထီးေဆာင္း လမ္းပိုင္းတြင္ စစ္ကားမ်ားကို ၈ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္(႐ုပ္/သံ)

စစ္ကိုင္း-မုံ႐ြာ-ထီးေဆာင္း လမ္းပိုင္းတြင္ စစ္ကားမ်ားကို ၈ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္(႐ုပ္/သံ)

ရန္ကုန္၊ ဇန္နဝါရီ ၈

စစ္ကိုင္း-မုံ႐ြာ-ထီးေဆာင္း လမ္းပိုင္းတြင္ အၾကမ္းဖက္ စစ္တပ္မွ စစ္ကားမ်ားကို ၈ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္ခဲ့ေၾကာင္း People’s knight Defense Force Myinmu အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးကရန္ကုန္ေခတ္သစ္ သတင္းဌာနသို႔ ေျပာဆိုသည္။

ဇန္နဝါရီလ ၈ ရက္ေန႔ နံနက္ ၆ နာရီ ၅၀ မိနစ္တြင္ စစ္ကိုင္း တပ္မ ၃၃ မွ မုံ႐ြာဘက္သို႔ ထြက္ခြာလာေသာ စစ္ေခြးကား စစ္ကား ၂ စီးကို အနက္ ဝမ္းျပည့္ေက်း႐ြာႏွင့္ အလႅကပၸ ေက်း႐ြာ အၾကားတြင္ ပေဒသာမိုင္း​ ၆ လုံးျဖင့္ မိုင္းဆြဲတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

နံနက္ ၆ နာရီ ၄၅ မိနစ္တြက္ စစ္ကိုင္းမွ မုံ႐ြာသို႔ ထြက္ခြာလာေသာ စစ္ကား ၁ စီးကို ဝမ္းျပည့္ႏွင့္အလႅကပၸၾကားတြင္ ၂ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

နံနက္ ၇ နာရီ ၅၀ မိနစ္တြင္ ထီးေဆာင္းမွ မုံ႐ြာသို႔ ဦးတည္ ထြက္ခြာလာေသာ စစ္သားမ်ား လိုက္ပါလာသည့္ express ကား ၁ စီးကို ၁ ႀကိမ္ မိုင္းဆြဲ တိုက္ခိုက္ခဲ့​ေၾကာင္း သိရသည္။

နံနက္ ၉ နာရီ ၃၀ မိနစ္တြက္ မုံ႐ြာမွ ဝမ္းျပည့္သို႔ ပ်က္စီးေနေသာ စစ္ကားမ်ားကို လာေရာက္ သယ္ေဆာင္ခဲ့သည့္ စစ္ကားမ်ားကို ဝမ္းျပည့္ေက်း႐ြာမွ စစ္ကားမ်ားသည္ မုံ႐ြာသို႔ စစ္ကား အပ်က္မ်ား သယ္ေဆာင္လာစဥ္ ဝမ္းျပည့္ႏွင့္ အလႅကပၸ အၾကားတြင္ မိုင္းဆြဲ တိုက္ခိုက္ခဲ့ၿပီး ကား ၁ စီး ထိမွန္ပ်က္စီးခဲ့​ကာ အဆိုပါ ထိခိုက္ပ်က္စီးသြားေသာ ကားေပၚမွ စစ္သားမ်ား ဆင္းလာစဥ္ ထပ္မံ မိုင္းဆြဲ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျမင္းမူမွ ထြက္လာသည့္ စစ္ကားမ်ားသည္ ဝမ္းျပည့္ႏွင့္ အလႅကပၸ အၾကားတြင္ ပ်က္စီးသြားေသာ စစ္ကားကို လာေရာက္ သယ္ေဆာင္ၿပီး ျမင္းမူဘက္သို႔ ထြက္ခြာလာစဥ္ ထပ္မံ မိုင္းဆြဲ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

” မိုင္းဆြဲတာေတြ အကုန္လုံးက ဒီေန႔ တိုက္ခိုက္ခဲ့တာပါ။ အားလုံးေပါင္း ၈ ႀကိမ္ဆြဲတယ္။ ေနရာေတြေတာ့ မတူဘူး။ စစ္ေခြးေတြ ထိခိုက္ေသဆုံးမႈ မ်ားႏိုင္တယ္။ အေရအတြက္ အတည္မျပဳႏိုင္ေသးဘူး။ စစ္ကားေတြပါ ထိခိုက္ပ်က္စီးတာေတြရွိတယ္” ဟု People’s knight Defense Force Myinmu အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။

အဆိုပါ တိုက္ခိုက္မႈကို People’s knight Defense Force Myinmu (PKDF-MMU) ႏွင့္အတူ People’s Army To Fight Dictatorship အာဏာရွင္စနစ္တိုက္ဖ်က္ေရး ျပည္သူ႔တပ္ဖြဲ႕ (PAFD) ၊ Dog Killers Defense Force ( DKPDF -MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU တို႔မွ ပူးေပါင္း လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

ဝမ္းျပည့္ေက်း႐ြာတြင္ ကားျပင္ေနေသာ စစ္သားမ်ားကိုPeople’s knight Defense Force Myinmu အဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕မ်ားက ဒ႐ုန္းျဖင့္ ဗုံးသီးခ် တိုက္ခိုက္စဥ္ အၾကမ္းဖက္ စစ္တပ္ဘက္မွ ဒ႐ုန္းကို ျပန္လည္ ပစ္ခတ္ခဲ့ေသာေၾကာင့္ ဒ႐ုန္းထိမွန္ပ်က္စီးခဲ့ၿပီး အေရးေပၚ လႉရွင္ လိုအပ္လ်က္ရွိေၾကာင္း People’s knight Defense Force Myinmu အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးကေျပာဆိုသည္။

စစ်ကိုင်း-မုံရွာ-ထီးဆောင်း လမ်းပိုင်းတွင် စစ်ကားများကို ၈ ကြိမ် မိုင်းဆွဲ တိုက်ခိုက်(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၈

စစ်ကိုင်း-မုံရွာ-ထီးဆောင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ စစ်ကားများကို ၈ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်း တပ်မ ၃၃ မှ မုံရွာဘက်သို့ ထွက်ခွာလာသော စစ်ခွေးကား စစ်ကား ၂ စီးကို အနက် ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပ ကျေးရွာ အကြားတွင် ပဒေသာမိုင်း ၆ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နံနက် ၆ နာရီ ၄၅ မိနစ်တွက် စစ်ကိုင်းမှ မုံရွာသို့ ထွက်ခွာလာသော စစ်ကား ၁ စီးကို ဝမ်းပြည့်နှင့်အလ္လကပ္ပကြားတွင် ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နံနက် ၇ နာရီ ၅၀ မိနစ်တွင် ထီးဆောင်းမှ မုံရွာသို့ ဦးတည် ထွက်ခွာလာသော စစ်သားများ လိုက်ပါလာသည့် express ကား ၁ စီးကို ၁ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နံနက် ၉ နာရီ ၃၀ မိနစ်တွက် မုံရွာမှ ဝမ်းပြည့်သို့ ပျက်စီးနေသော စစ်ကားများကို လာရောက် သယ်ဆောင်ခဲ့သည့် စစ်ကားများကို ဝမ်းပြည့်ကျေးရွာမှ စစ်ကားများသည် မုံရွာသို့ စစ်ကား အပျက်များ သယ်ဆောင်လာစဉ် ဝမ်းပြည့်နှင့် အလ္လကပ္ပ အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီး ထိမှန်ပျက်စီးခဲ့ကာ အဆိုပါ ထိခိုက်ပျက်စီးသွားသော ကားပေါ်မှ စစ်သားများ ဆင်းလာစဉ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြင်းမူမှ ထွက်လာသည့် စစ်ကားများသည် ဝမ်းပြည့်နှင့် အလ္လကပ္ပ အကြားတွင် ပျက်စီးသွားသော စစ်ကားကို လာရောက် သယ်ဆောင်ပြီး မြင်းမူဘက်သို့ ထွက်ခွာလာစဉ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” မိုင်းဆွဲတာတွေ အကုန်လုံးက ဒီနေ့ တိုက်ခိုက်ခဲ့တာပါ။ အားလုံးပေါင်း ၈ ကြိမ်ဆွဲတယ်။ နေရာတွေတော့ မတူဘူး။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု များနိုင်တယ်။ အရေအတွက် အတည်မပြုနိုင်သေးဘူး။ စစ်ကားတွေပါ ထိခိုက်ပျက်စီးတာတွေရှိတယ်” ဟု People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ People’s Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) ၊ Dog Killers Defense Force ( DKPDF -MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဝမ်းပြည့်ကျေးရွာတွင် ကားပြင်နေသော စစ်သားများကိုPeople’s knight Defense Force Myinmu အဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်စဉ် အကြမ်းဖက် စစ်တပ်ဘက်မှ ဒရုန်းကို ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် ဒရုန်းထိမှန်ပျက်စီးခဲ့ပြီး အရေးပေါ် လှူရှင် လိုအပ်လျက်ရှိကြောင်း People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ရုပ္သံၾကည့္ရန္👇👇