Local News
CJ Platform
🖋စကားဝါ
ဩစတြေလျ ပြန်ရောက်နေသည့် မစ္စတာ ရှောင်တာနယ်လ်ကို လွတ်ငြိမ်းအမိန့် ပယ်ဖျက်လို့ စစ်ကောင်စီ ထုတ်ပြန်
CJ Platform
ဩစတြေလျနိုင်ငံသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည့် ဩစတြေလျနိုင်ငံသား စီပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်လ်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့် ပြန်လည်ပယ်ဖျက်သည်ဟု စစ်ကောင်စီမှ ဇန်နဝါရီလ ၆ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ စီးပွားရေးအကြံပေးတာဝန်ယူခဲ့သူ မစ္စတာ ရှောင်တာနယ်လ်ကို စစ်ကောင်စီမှ အာဏာသိမ်းပြီး ၅ရက်အကြာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်။
မစ္စတာ ရှောင်တာနယ်လ်သည် ဩစတြေးလျနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် စစ်ကောင်စီ၏ ထောင်တွင်း ရက်စက်ဖိနှိပ်မှုများ ၊ ပြည်သူအများအပေါ် အကြမ်းဖက်လုပ်ရပ်များအား နိုင်ငံတကာ မီဒီယာများတွင် ထုတ်ဖော် ဖြေကြားခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ လွတ်ငြိမ်းသက်သာခွင့်အား ပြန်လည် ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။
“ဥပဒေအရ မပြောချင်ဘူး၊ အတော်ကို ရူးချာတဲ့ အလုပ်ပဲ၊ ဟိုက ဩဇီနိုင်ငံသား အဓိက ပြည်တွင်းပြန်ပြီး ဝင်လာလို့မရအောင် လုပ်တာပါ၊ သူတို့ပဲ တစ်သက်လုံး အာဏာတည်မြဲနေတယ်လို့များ ထင်လားမသိဘူး၊ အတော်ကို ရီဖို့ကောင်းတဲ့ လုပ်ဆောင်ချက်ပါပဲ”ဟု ရန်ကုန်မြို့နေ အသက် ၅၀ဝန်းကျင်အရွယ် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။
မစ္စတာရှောင်တာနယ်သည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီးနောက် ယင်း၏ လူမှုကွန်ယက်စာမျက်နှာနှင့် သတင်းမီဒီယာများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုခြင်းများကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးစဉ်က သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်သည်ဟုဆိုကာ စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို ပြန်လည်ရုတ်သိမ်းသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားခြင်းဖြစ်သည်။
မစ္စတာရှောင်တာနယ်သည် စစ်ကောင်စီ၏ မတရားဖမ်းဆီးမှုမှ လွတ်မြောက်လာပြီးနောက် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ပကတိအခြေအနေများကို နိုင်ငံတကာသို့ ချပြခဲ့ခြင်း၊ သြစတြေးလျအစိုးရနှင့် လွှတ်တော်သို့ တင်ပြခြင်းများ ပြုလုပ်ခဲ့သည်။