Local News



ရန်ကုန်၊ ဇန်နဝါရီ ၁၀







မြင်းခြံတွင် စစ်သားများ လိုက်ပါလာသော ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ထံမှ သိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မြင်းခြံမြို့နယ် မြို့သာမြို့ တောင်ဘက် နဘူးတောကျေးရွာရှိ စစ်တပ်ဖွင့်လှစ်ထားသော စာသင်ကျောင်း စုံညီပွဲကို Non-CDM ကျောင်းဆရာ၊ ဆရာမများ ဖိတ်ကြားချက်ဖြင့်

လုံခြုံရေး လာယူသည့် စစ်သား ၆၀ ဦးခန့် ပါဝင်သော ဖောကား ၁ စီးနှင့် ခွေးဘီးလူးကား ၂ စီးသည် မြို့သာမှ မြင်းခြံ နဖူးအိုင်ရွာဘက်ကို မောင်းလာစဉ် မြို့သာနှင့် စက်မှုဇုံ အကြား ထန်းတပင်အတက် အနီးတွကိ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ရှေ့က မောင်းလာခဲ့သည့် ဖောကားနှင့် ခွေးဘီလူးကားတို့ ကို မိုင်းကွင်းထဲ အရောက်တွင် မိုင်း ၁၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ခရီးသွား မျက်မြင်တွေ့ရှိခဲ့သူတွေ ပြောကြားချက်အရ စစ်ခွေး ၆ ကောင်သေတယ်လို့ သိရတယ်။ အတိအကျတော့ မသိရသေးဘူး။

အဲ့ခွေးတွေကို နာရေးကာ ၃ စီးပေါ် ထိုးကြိတ် တင်သွားပြီး မြို့သာဘက်ကို မောင်းပြေးသွားတယ်လို့ သိရပါတယ်။ မိုင်းမှန်ပြီး ကြောက်လန့်နေတဲ့ စစ်ခွေးတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာတွေ လုပ်ဆောင်ခဲ့တယ်” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ တာဝနိရှိသူ တစ်ဦးကပြောဆိုသည်။


ရန်ကုန်၊ ဇန်နဝါရီ ၁၀







ရုပ်သံကြည့်ရန်👇👇