Local News

မင္းေအာင္လႈိင္ သားသမီးမ်ား ပိုင္ဆိုင္မႈ မ်ား ထိုင္း ရဲအဖြဲ႕မွ ေဖၚထုတ္

မင္းေအာင္လႈိင္ သားသမီးမ်ား ပိုင္ဆိုင္မႈ မ်ား ထိုင္း ရဲအဖြဲ႕မွ ေဖၚထုတ္

ႏိုင္ငံေတာ္ အတိုင္ပင္ခံ အား အက်င့္ပ်က္ ျခစားသည္ ဆိုကာ ေခါင္းစဥ္ အမ်ိဳးမ်ိဳး တပ္ကာ လုပ္ႀကံစြပ္စြဲၿပီး ေထာင္ဒဏ္ ၃၃ ႏွစ္ အက်ဥ္းခ်ထားေသာ္လည္း သူမ၏ သားျဖစ္သူ ကိုထိန္လင္း ကေတာ့ လန္ဒန္ တြင္ တဝမ္းတခါး အတြက္ သူ တတ္ကြၽမ္းသည့္ လက္မႈပညာျဖင့္ ႐ိုးသားစြာ လုပ္ကိုင္စားေသာက္ေနရဆဲ ပင္ ျဖစ္သည္ကို တႏိုင္ငံလုံး အသိပင္ ျဖစ္သည္။

ထိုင္းတြင္ မူးယစ္ေဆးဝါး ႏွင့္ လက္နက္ေမွာင္ခိုမႉ မ်ား ႏွင့္ ဖမ္းဆီး ခံေနရေသာ စီးပြားေရး လုပ္ငန္းရွင္ ထြန္းမင္းလတ္ ဆိုသူ၏ ဘန္ေကာက္ရွိ တိုက္ခန္းအား ရဲအဖြဲ႕မွ ဝင္ေရာက္ စီးနင္းစဥ္ အတြင္း ျမန္မာ အာဏာသိမ္း ေခါင္းေဆာင္ မင္းေအာင္လႈိင္ သားသမီးမ်ား ၏ ပိုင္ဆိုင္မႈမ်ားကို ေတြ႕ရွိခဲ့သည္ဟု အမႈ ကိုင္ ထိုင္းအရာရွိ မ်ား မွ ရရွိသည့္ သတင္း အခ်က္အလက္မ်ားကို ႐ိုက္တာ သတင္းဌာနႀကီးမွ ကမာၻသိ ဖြင့္ခ်လိုက္ၿပီ ျဖစ္သည္။

ထိုသတင္း အေပၚ မင္းေအာင္လႈိင္သည္ ထုံးစံ အတိုင္း သတင္းအလိမ္အညာမ်ားဟု သူ၏ လက္ညိဳး‌ ေထာင္ ေခါင္းၿငိမ့္ စစ္ဗိုလ္ခ်ဳပ္ မ်ားကို ေျပာမည္ေလာ၊ တကယ္တမ္းတြင္ မူ မည္သို႔မွ် ေျဖရွင္းခ်က္ ထုတ္ေနစရာပင္ မလိုေပ၊ သူတို႔ေလာကသည္ လည္သူ စားစတမ္းပင္ မဟုတ္ပါေလာ၊ ထို႔အတြက္ ကြယ္ရာတြင္ ေၾကာင္ခ်ီးေတာ့ ခံလိုက္ရၿပီဟုသာ အရက္ဝိုင္း တြင္ အခ်င္းခ်င္း လက္တို႔ ေျပာဆို ရယ္ေမာေနၾကမည္သာ ျဖစ္သည္။ သို႔ေသာ္ အခ်င္းခ်င္းေကာ ထိုသို႔ ေျပာရဲၾကမည္လား ဆိုသည္ကလည္း တပ္အပ္ေသခ်ာ ေျပာ၍ကား မရျပန္ေပ။

ထိုင္း ရဲ အဖြဲ႕ ရွာေဖြ ေတြ႕ရွိခဲ့သည္ ဆိုသည္မ်ားက မင္းေအာင္လႈိင္ သားသမီးမ်ား အမည္ေပါက္ အိမ္ဂရံမ်ား ႏွင့္ ဘဏ္ စာအုပ္မ်ားပင္ ျဖစ္သည္။အသက္ ၅၃ ႏွစ္ရွိ ထြန္းမင္းလတ္သည္ မင္းေအာင္လႈိင္ ႏွင့္ လြန္စြာ နီးစပ္ေသာ က႐ိုနီ တဦး ျဖစ္ၿပီး ျမန္မာစစ္တပ္ အတြက္ အစၥေရးကင္း‌ ေထာက္ ဒ႐ုန္းမ်ား၊ ေလယာဥ္ အစိတ္အပိုင္းမ်ားကို ၾကားမွ ဝယ္ယူေပးေနသူ ျဖစ္သည္၊ ၂၀၁၉ ခုႏွစ္ ဘန္ေကာက္တြင္ ျပဳလုပ္သည့္ လက္နက္ျပပြဲတြင္ မင္းေအာင္လႈိင္ႏွင့္ အတူ ရွိေနသည့္ ဓါတ္ပုံမ်ား ထြက္ေပၚလာခဲ့သည္။ ၎ပိုင္ Star Sapphire Group သည္ ဦးပိုင္ ကုမၸဏီႀကီး ႏွစ္ခု ၏ ပါတနာလည္း ျဖစ္သည္။

မင္းေအာင္လႈိင္ သားသမီးမ်ား၏ ပိုင္ဆိုင္မႈမ်ား အား ထြန္းမင္းလတ္ အိမ္တြင္ ေတြ႕ရွိခဲ့ေသာ္လည္း တရားဥပေဒေၾကာင္းအရ အေရးယူစရာ မရွိဟု အဆိုပါ သတင္း အရင္းအျမစ္မ်ား က ေျပာေၾကာင္း ႐ိုက္တာ သတင္းတြင္ ေဖၚျပထားသည္။

လက္ရွိတြင္ ထြန္းမင္းလတ္သည္ အမႈ ကို အခ်ဳပ္ႏွင့္ ရင္ဆိုင္ေနရၿပီး ထုံးစံ အတိုင္းဆိုက ၎၏ ေရွ႕ေနမ်ားက တရားခံ၏ character witness မ်ား အျဖစ္ မင္းေအာင္လႈိင္ သားသမီး ႏွစ္‌ဦးစလုံးအား ႐ုံးေတာ္သို႔ ဆင့္ေခၚပိုင္ခြင့္ ရွိေနေသာ္လည္း ထိုင္းအစိုးရက အမႈ ႏွင့္ သက္ဆိုင္ျခင္း မရွိဆိုကာ ပိတ္ပင္လိုက္ျခင္းသာ ျဖစ္ေပမည္။

Justice for Myanmar (JFM) မွ မင္းေအာင္လႈိင္၏ မိသားစုသည္ ၎တို႔၏ ပိုင္ဆိုင္မႈမ်ားကို ထိုင္းတြင္ လ်ိဳ႕ဝွက္ သိမ္းဆည္းထားသည္ ဆိုေသာ အေထာက္အထားမ်ား ျဖစ္သျဖင့္ ထိုင္းအစိုးရ အေနျဖင့္ ၾကပ္ၾကပ္မတ္မတ္ ကာကြယ္သြားရန္ လိုသည္ဟု‌ ေထာက္ျပလာခဲ့သည္။ ယင္းသည္ ျမန္မာ ျပည္သူမ်ား၏ ပိုင္ဆိုင္မႈမ်ား ကို ခိုးယူထားျခင္း ျဖစ္သည္ဟု ဆိုသည္။ထိုင္းအစိုးရ မွ ထိုကိစၥ အေပၚ တစုံတရာ ေဝဖန္ ခ်က္ ေပးရန္ ျငင္းဆိုထားသည္။

ထြန္းမင္းလတ္ ပိုင္ Belle Grand Rama 9 ကြန္ဒိုမီနီယံ သို႔ ထိုင္း ရဲ အဖြဲ႕မွ ၂၀၂၂ စက္တင္ဘာ ၁၇ ရက္ေန႔တြင္ ဝင္ေရာက္ စီးနင္းရွာေဖြရာတြင္ ေဒၚလာ ၅.၄ သန္း တန္ မူးယစ္ေဆးဝါးမ်ား၊ ဇိမ္ခံကားမ်ား၊ အဖိုးတန္ နာရီမ်ား၊ တန္ဖိုးႀကီး ပိုက္ဆံအိတ္ အေျမာက္အျမား ႏွင့္ ေငြသား ၂၃၉,၀၉၁ ေဒၚလာ အပါအဝင္ စုစုေပါင္း ေဒၚလာ ၈.၉၁ သန္း တန္ေၾကးရွိ ပစၥည္းမ်ားကို သိမ္းဆည္းရမိခဲ့သည္။

ယင္းႏွင့္ အတူ ထိုကြန္ဒို မွာပင္ မင္းေအာင္လႈိင္၏ သားျဖစ္သူ ေအာင္ျပည့္စုံ အမည္ ႏွင့္ ဝယ္ယူထားေသာ အိပ္ခန္း ၄ ခန္းပါ တိုက္ခန္း ပိုင္ စာ႐ြက္စာတမ္းမ်ား၊ သမီး ျဖစ္သူ ခင္သီရိသက္မြန္ အမည္ပါ Siam commercial bank စာအုပ္ ႏွစ္အုပ္ကို ရွာ‌ေဖြေတြ႕ရွိ သြားခဲ့ျခင္း ျဖစ္သည္။

ထို ဘဏ္စာရင္း အား ပိတ္သြားခဲ့ၿပီ ျဖစ္ၿပီး မည္သူ က မည္သည့္ အခ်ိန္တြင္ ပိတ္သြားခဲ့သည္ကို ႐ိုက္တာ မွ အတည္ျပဳႏိုင္ခဲ့ျခင္း မရွိဟု ဆိုသည္။ႏိုင္ငံ တြင္းရွိ ျပည္သူ ေလးပုံတပုံသည္ ဆင္းရဲ ငတ္မြတ္ သည့္ ေဘးႏွင့္ ရင္ဆိုင္ေနရခ်ိန္တြင္ ႏိုင္ငံျခား တြင္ ထားရွိသည့္ မင္းေအာင္လႈိင္ မိသားစု ပိုင္ ဥစၥာဓနမ်ား ရွာေဖြ ေတြ႕ရွိခဲ့သည့္ သတင္းအား ကမာၻသတင္း မီဒီယာ မ်ား တြင္ အလုအယက္ ေဖၚျပေနၾကၿပီ ျဖစ္သည္။

ေနာက္ထပ္ သတင္းတပုဒ္အရ အင္ဒိုနီရွားမွ ျမန္မာ အေရး ႏွင့္ ပတ္သက္ၿပီး ေဆာင္႐ြက္ရမည့္ ကိစၥမ်ား အတြက္ အထူး သံတမန္႐ုံးကို ဖြင့္လွစ္သြားရန္ ရွိေနၿပီး ႏိုင္ငံျခားေရး ဝန္ႀကီး ရက္ႏို မာဆူဒီမွ ဦးစီး သြားမည္ဟု သိရသည္။ မိမိ အေနျဖင့္ ျမန္မာအေရးကို ေျဖရွင္းႏိုင္ေရး အတြက္ အေကာင္းဆုံး ျဖစ္‌ ေအာင္ႀကိဳးစားသြားမည္ဟုလည္း မစၥက္ မာဆူဒီမွ ကတိျပဳသြားခဲ့သည္။

ျပည္သူတို႔၏ ခုခံ တြန္းလွန္စစ္ မုခ် ေအာင္ရမည္!!!

Hla Soewai

ဓါတ္ပုံ – ဧရာဝတီ သတင္း

မင်းအောင်လှိုင် သားသမီးများ ပိုင်ဆိုင်မှု များ ထိုင်း ရဲအဖွဲ့မှ ဖေါ်ထုတ်

နိုင်ငံတော် အတိုင်ပင်ခံ အား အကျင့်ပျက် ခြစားသည် ဆိုကာ ခေါင်းစဉ် အမျိုးမျိုး တပ်ကာ လုပ်ကြံစွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ် အကျဉ်းချထားသော်လည်း သူမ၏ သားဖြစ်သူ ကိုထိန်လင်း ကတော့ လန်ဒန် တွင် တဝမ်းတခါး အတွက် သူ တတ်ကျွမ်းသည့် လက်မှုပညာဖြင့် ရိုးသားစွာ လုပ်ကိုင်စားသောက်နေရဆဲ ပင် ဖြစ်သည်ကို တနိုင်ငံလုံး အသိပင် ဖြစ်သည်။

ထိုင်းတွင် မူးယစ်ဆေးဝါး နှင့် လက်နက်မှောင်ခိုမှူ များ နှင့် ဖမ်းဆီး ခံနေရသော စီးပွားရေး လုပ်ငန်းရှင် ထွန်းမင်းလတ် ဆိုသူ၏ ဘန်ကောက်ရှိ တိုက်ခန်းအား ရဲအဖွဲ့မှ ဝင်ရောက် စီးနင်းစဉ် အတွင်း မြန်မာ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် သားသမီးများ ၏ ပိုင်ဆိုင်မှုများကို တွေ့ရှိခဲ့သည်ဟု အမှု ကိုင် ထိုင်းအရာရှိ များ မှ ရရှိသည့် သတင်း အချက်အလက်များကို ရိုက်တာ သတင်းဌာနကြီးမှ ကမ္ဘာသိ ဖွင့်ချလိုက်ပြီ ဖြစ်သည်။

ထိုသတင်း အပေါ် မင်းအောင်လှိုင်သည် ထုံးစံ အတိုင်း သတင်းအလိမ်အညာများဟု သူ၏ လက်ညိုး‌ ထောင် ခေါင်းငြိမ့် စစ်ဗိုလ်ချုပ် များကို ပြောမည်လော၊ တကယ်တမ်းတွင် မူ မည်သို့မျှ ဖြေရှင်းချက် ထုတ်နေစရာပင် မလိုပေ၊ သူတို့လောကသည် လည်သူ စားစတမ်းပင် မဟုတ်ပါလော၊ ထို့အတွက် ကွယ်ရာတွင် ကြောင်ချီးတော့ ခံလိုက်ရပြီဟုသာ အရက်ဝိုင်း တွင် အချင်းချင်း လက်တို့ ပြောဆို ရယ်မောနေကြမည်သာ ဖြစ်သည်။ သို့သော် အချင်းချင်းကော ထိုသို့ ပြောရဲကြမည်လား ဆိုသည်ကလည်း တပ်အပ်သေချာ ပြော၍ကား မရပြန်ပေ။

ထိုင်း ရဲ အဖွဲ့ ရှာဖွေ တွေ့ရှိခဲ့သည် ဆိုသည်များက မင်းအောင်လှိုင် သားသမီးများ အမည်ပေါက် အိမ်ဂရံများ နှင့် ဘဏ် စာအုပ်များပင် ဖြစ်သည်။အသက် ၅၃ နှစ်ရှိ ထွန်းမင်းလတ်သည် မင်းအောင်လှိုင် နှင့် လွန်စွာ နီးစပ်သော ကရိုနီ တဦး ဖြစ်ပြီး မြန်မာစစ်တပ် အတွက် အစ္စရေးကင်း‌ ထောက် ဒရုန်းများ၊ လေယာဉ် အစိတ်အပိုင်းများကို ကြားမှ ဝယ်ယူပေးနေသူ ဖြစ်သည်၊ ၂၀၁၉ ခုနှစ် ဘန်ကောက်တွင် ပြုလုပ်သည့် လက်နက်ပြပွဲတွင် မင်းအောင်လှိုင်နှင့် အတူ ရှိနေသည့် ဓါတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ ၎င်းပိုင် Star Sapphire Group သည် ဦးပိုင် ကုမ္ပဏီကြီး နှစ်ခု ၏ ပါတနာလည်း ဖြစ်သည်။

မင်းအောင်လှိုင် သားသမီးများ၏ ပိုင်ဆိုင်မှုများ အား ထွန်းမင်းလတ် အိမ်တွင် တွေ့ရှိခဲ့သော်လည်း တရားဥပဒေကြောင်းအရ အရေးယူစရာ မရှိဟု အဆိုပါ သတင်း အရင်းအမြစ်များ က ပြောကြောင်း ရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။

လက်ရှိတွင် ထွန်းမင်းလတ်သည် အမှု ကို အချုပ်နှင့် ရင်ဆိုင်နေရပြီး ထုံးစံ အတိုင်းဆိုက ၎င်း၏ ရှေ့နေများက တရားခံ၏ character witness များ အဖြစ် မင်းအောင်လှိုင် သားသမီး နှစ်‌ဦးစလုံးအား ရုံးတော်သို့ ဆင့်ခေါ်ပိုင်ခွင့် ရှိနေသော်လည်း ထိုင်းအစိုးရက အမှု နှင့် သက်ဆိုင်ခြင်း မရှိဆိုကာ ပိတ်ပင်လိုက်ခြင်းသာ ဖြစ်ပေမည်။

Justice for Myanmar (JFM) မှ မင်းအောင်လှိုင်၏ မိသားစုသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိုင်းတွင် လျို့ဝှက် သိမ်းဆည်းထားသည် ဆိုသော အထောက်အထားများ ဖြစ်သဖြင့် ထိုင်းအစိုးရ အနေဖြင့် ကြပ်ကြပ်မတ်မတ် ကာကွယ်သွားရန် လိုသည်ဟု‌ ထောက်ပြလာခဲ့သည်။ ယင်းသည် မြန်မာ ပြည်သူများ၏ ပိုင်ဆိုင်မှုများ ကို ခိုးယူထားခြင်း ဖြစ်သည်ဟု ဆိုသည်။ထိုင်းအစိုးရ မှ ထိုကိစ္စ အပေါ် တစုံတရာ ဝေဖန် ချက် ပေးရန် ငြင်းဆိုထားသည်။

ထွန်းမင်းလတ် ပိုင် Belle Grand Rama 9 ကွန်ဒိုမီနီယံ သို့ ထိုင်း ရဲ အဖွဲ့မှ ၂၀၂၂ စက်တင်ဘာ ၁၇ ရက်နေ့တွင် ဝင်ရောက် စီးနင်းရှာဖွေရာတွင် ဒေါ်လာ ၅.၄ သန်း တန် မူးယစ်ဆေးဝါးများ၊ ဇိမ်ခံကားများ၊ အဖိုးတန် နာရီများ၊ တန်ဖိုးကြီး ပိုက်ဆံအိတ် အမြောက်အမြား နှင့် ငွေသား ၂၃၉,၀၉၁ ဒေါ်လာ အပါအဝင် စုစုပေါင်း ဒေါ်လာ ၈.၉၁ သန်း တန်ကြေးရှိ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

ယင်းနှင့် အတူ ထိုကွန်ဒို မှာပင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ အမည် နှင့် ဝယ်ယူထားသော အိပ်ခန်း ၄ ခန်းပါ တိုက်ခန်း ပိုင် စာရွက်စာတမ်းများ၊ သမီး ဖြစ်သူ ခင်သီရိသက်မွန် အမည်ပါ Siam commercial bank စာအုပ် နှစ်အုပ်ကို ရှာ‌ဖွေတွေ့ရှိ သွားခဲ့ခြင်း ဖြစ်သည်။

ထို ဘဏ်စာရင်း အား ပိတ်သွားခဲ့ပြီ ဖြစ်ပြီး မည်သူ က မည်သည့် အချိန်တွင် ပိတ်သွားခဲ့သည်ကို ရိုက်တာ မှ အတည်ပြုနိုင်ခဲ့ခြင်း မရှိဟု ဆိုသည်။နိုင်ငံ တွင်းရှိ ပြည်သူ လေးပုံတပုံသည် ဆင်းရဲ ငတ်မွတ် သည့် ဘေးနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံခြား တွင် ထားရှိသည့် မင်းအောင်လှိုင် မိသားစု ပိုင် ဥစ္စာဓနများ ရှာဖွေ တွေ့ရှိခဲ့သည့် သတင်းအား ကမ္ဘာသတင်း မီဒီယာ များ တွင် အလုအယက် ဖေါ်ပြနေကြပြီ ဖြစ်သည်။

နောက်ထပ် သတင်းတပုဒ်အရ အင်ဒိုနီရှားမှ မြန်မာ အရေး နှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် ကိစ္စများ အတွက် အထူး သံတမန်ရုံးကို ဖွင့်လှစ်သွားရန် ရှိနေပြီး နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီမှ ဦးစီး သွားမည်ဟု သိရသည်။ မိမိ အနေဖြင့် မြန်မာအရေးကို ဖြေရှင်းနိုင်ရေး အတွက် အကောင်းဆုံး ဖြစ်‌ အောင်ကြိုးစားသွားမည်ဟုလည်း မစ္စက် မာဆူဒီမှ ကတိပြုသွားခဲ့သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soewai

ဓါတ်ပုံ – ဧရာဝတီ သတင်း