Local News
MFP ၊ ဇန်နဝါရီ – ၁၂
ရေစကြိုမြို့နယ် လဝကရုံးကို ပကဖ က မီးရှို့ဖျက်ဆီး၊
MFP ၊ ဇန်နဝါရီ – ၁၂
မကွေးတိုင်း ရေစကြိုမြို့နယ် မှတ်ပုံတင်နှင့် လူဝင်မှုကြီးကြပ်ရေး – လဝက ရုံးကို မနေ့ကညပိုင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြို (ပကဖ)က သတင်း ထုတ်ပြန်ပါတယ်။
“လဝက အား ပကဖ မှ ပြာချ။ မှန်ပုံတင်ပြုလုပ်သော ပြည်သူများအား မတရား ငွေကြေးတောင်းခံခြင်း၊ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရန် ပြင်ဆင်နေသော လဝက ရုံးအား ပြာချပေးခဲ့ပါတယ်” လို့ ရေစကြို ပကဖ က ဖော်ပြပါတယ်။
ဒီနေ့ ဇန်နဝါရီ(၁၂)ရက် မနက်(၁)နာရီဝန်းကျင်မှာ ရေစကြိုမြို့နယ် လဝကရုံး မီးလောင်တာ ဖြစ်ပြီး စစ်အုပ်စုကလည်း မြို့အနှံ့ အော်ဟစ်ဆဲဆို ပစ်ခတ်သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ရေစကြိုမြို့ လဝကရုံး ယနေ့ည မနက်(၁)နာရီ ဝန်းကျင်အချိန်က မီးလောင်နေကြောင်း၊ မြို့ပေါ်တွင်လည်း ပစ်ခတ်သံများ ဆူညံလျှက်ရှိကြောင်း သိရှိရပါသည်” လို့ ရေစကြို Info က ဖော်ပြပါတယ်။
ရေစကြိုမြို့ပေါ် အပါအဝင် ရေစကြိုနယ်ထဲ စစ်အုပ်စုနဲ့ ပျူတွေက လက်နက်အားကိုးနဲ့ လူသတ်၊ လုယက်၊ မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
MFP ၊ ဇန်နဝါရီ – ၁၂
ရုပ်သံကြည့်ရန်👇👇