Local News

ေအာင္ျခင္းရွစ္ပါးဖြင့္တဲ့ ခမရ ၄၀၄ တပ္က စစ္ေကာင္စီတပ္သား ၆ ဦး ေရွ႕တန္းစစ္စခန္းကေန ထြက္ေျပး

ေအာင္ျခင္းရွစ္ပါးဖြင့္တဲ့ ခမရ ၄၀၄ တပ္က စစ္ေကာင္စီတပ္သား ၆ ဦး ေရွ႕တန္းစစ္စခန္းကေန ထြက္ေျပးသြားၿပီး လြတ္ေျမာက္ေန

ဟိန္းစံ/ဧရာဝတီတိုင္းမ္

ဇန္နဝါရီလ ၁၃ ရက္

ကရင္ျပည္နယ္၊ KNU တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ ေျမ ၊ ဖာပြန္ခ႐ိုင္ မဲသေလာက္ေရွ႕တန္းစစ္အေျခ စိုက္စခန္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၆ ဦး ဇန္နဝါရီလ ၉ ရက္ညပိုင္းက အဆိုပါအေျခစိုက္စခန္းမွ ထြက္ ေျပးသြားတယ္လို႔ တပ္သတင္းရင္းျမစ္ေတြဆီကသိရပါတယ္။

ထြက္ေျပးသြားတဲ့စစ္ေကာင္စီတပ္သားေတြဟာ ဖာပြန္ခ႐ိုင္အတြင္းကိုတိုက္ခိုက္ေရးဝင္ေရာက္ေနတဲ့ စစ္ ေကာင္စီတပ္ရဲ႕ အမွတ္ ၈ စစ္ဆင္ေရးကြပ္ကဲမႈဌာန ခ်ဳပ္(စကခ ၈) လက္ေအာက္ခံ သရက္ေခ်ာင္းၿမိဳ႕အေျခစိုက္ ခမရ ၄၀၄ တပ္ရင္းက စစ္ေကာင္စီတပ္ သားေတြျဖစ္ၿပီး ယေန႔အထိလြတ္ေျမာက္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

”မဲသေလာက္စခန္းမွာထိုင္တဲ့ ခမရ ၄၀၄ က တပ္ သား ၆ ဦး ၉ ရက္ေန႔ညက ေသနတ္ေတြ ေက်ာပိုး အိတ္ေတြကို ကင္းက်တဲ့ေနရာပုံထားခဲ့ၿပီး ထြက္ ေျပးသြားတယ္လို႔သိရတယ္။ အဲ့ညတြင္းခ်င္းေရာ ေနာက္ရက္ေတြေရာ မေန႔ကေလာက္အထိ အဲ့ဒီနားတဝိုက္ကို ပိတ္ဆို႔ၿပီးလိုက္ရွာတာရွာလို႔မေတြ႕ဘူးလို႔ေျပာၾကတယ္။

အကုန္လုံးက လူပ်ိဳေတြခ်ည္းဘဲလို႔သိရတယ္ ၊ KNU အဖြဲ႕ေတြနဲ႔ခ်ိတ္ၿပီးေျပးတာလား ဘယ္လိုလဲေတာ့မသိဘူး၊ ခုထိျပန္မေတြ႕ေတာ့ဘူး” လို႔ သရက္ေခ်ာင္းၿမိဳ႕အေျခစိုက္ ခမရ ၄၀၄ နဲ႔နီးစပ္တဲ့တပ္သတင္းရင္းျမစ္ တစ္ဦးက ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္။

အဆိုပါ စစ္ေကာင္စီတပ္သားေတြ KNU တပ္မဟာ ၅ နယ္ေျမအတြင္းထြက္ေျပးလြတ္ေျမာက္ေနတာနဲ႔ပတ္ သက္လို႔ အေျခအေနအေသးစိတ္ကိုေတာ့မသိရွိရေသးဘဲ KNU ဘက္က သတင္းထုတ္ျပန္လာတာမ်ိဳးမေတြ႕ ရေသးပါဘူး။

ထားဝယ္အေျခစိုက္ စကခ ၈ နဲ႔လက္ေအာက္ခံတပ္ ရင္းေတြဟာ ကရင္ျပည္နယ္ KNU ထိန္းခ်ဳပ္ တပ္မဟာ ၅ နဲ႔ ၆ နယ္ေျမေတြမွာ တိုက္ခိုက္ေရးဝင္ေရာက္ေနတာ ၂ ႏွစ္ေက်ာ္ကာလျဖစ္ၿပီး တေက်ာ့ျပန္ျဖစ္ပြားေနတဲ့ကရင္ျပည္နယ္တိုက္ပြဲေတြအတြင္း ထိခိုက္၊ေသဆုံး၊ဒဏ္ရာ၊အရွင္မိ၊ဘက္ေျပာင္းပူးေပါင္း မႈေတြ မ်ားျပားေနတဲ့ေရွ႕တန္းတပ္မတစ္ခုျဖစ္တယ္လို႔ ကရင္ျပည္နယ္စစ္သတင္းရင္းျမစ္ေတြဆီကသိရပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၅ ရက္ေန႔ကလည္း ဖာပြန္ခ႐ိုင္အတြင္း စစ္ေကာင္စီမဲဝိုင္စစ္စခန္းကို စစ္ကူသြား ေရာက္ ဖို႔ အမိန႔္ေပးေစခိုင္းမႈကိုျငင္းဆန္ခဲ့တဲ့ သရက္ေခ်ာင္းအေျခစိုက္ ခမရ ၄၀၅ တပ္ရင္းမႉး ဒုဗိုလ္ မႉးႀကီး လႈိင္မင္းထြဋ္အပါအဝင္အႀကီးတန္းအရာရွိ ၃ ဦး ဖမ္းဆီးခံရၿပီးတဲ့ေနာက္

သရက္ေခ်ာင္းၿမိဳ႕ ခမရ ၄၀၃၊ ၄၀၄ နဲ႔ ၄၀၅ ေနာက္တန္းတပ္ရင္းေတြမွာ ၾကာနီကန္ဆရာေတာ္ရဲ႕ ေအာင္ျခင္းရွစ္ပါး၊ပရိတ္၊ပဌာန္းတရားေခြေတြကို ေန႔ေရာညပါ ေလာ္စပီကာနဲ႔ဖြင့္လွစ္ေနတယ္လို႔ သရက္ေခ်ာင္းၿမိဳ႕ခံေတြဆီကသိရပါတယ္။

Ayeyarwaddy_Times

အောင်ခြင်းရှစ်ပါးဖွင့်တဲ့ ခမရ ၄၀၄ တပ်က စစ်ကောင်စီတပ်သား ၆ ဦး ရှေ့တန်းစစ်စခန်းကနေ ထွက်ပြေးသွားပြီး လွတ်မြောက်နေ

ဟိန်းစံ/ဧရာဝတီတိုင်းမ်

ဇန်နဝါရီလ ၁၃ ရက်

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထိန်းချုပ်နယ် မြေ ၊ ဖာပွန်ခရိုင် မဲသလောက်ရှေ့တန်းစစ်အခြေ စိုက်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ဇန်နဝါရီလ ၉ ရက်ညပိုင်းက အဆိုပါအခြေစိုက်စခန်းမှ ထွက် ပြေးသွားတယ်လို့ တပ်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေဟာ ဖာပွန်ခရိုင်အတွင်းကိုတိုက်ခိုက်ရေးဝင်ရောက်နေတဲ့ စစ် ကောင်စီတပ်ရဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်(စကခ ၈) လက်အောက်ခံ သရက်ချောင်းမြို့အခြေစိုက် ခမရ ၄၀၄ တပ်ရင်းက စစ်ကောင်စီတပ် သားတွေဖြစ်ပြီး ယနေ့အထိလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

”မဲသလောက်စခန်းမှာထိုင်တဲ့ ခမရ ၄၀၄ က တပ် သား ၆ ဦး ၉ ရက်နေ့ညက သေနတ်တွေ ကျောပိုး အိတ်တွေကို ကင်းကျတဲ့နေရာပုံထားခဲ့ပြီး ထွက် ပြေးသွားတယ်လို့သိရတယ်။ အဲ့ညတွင်းချင်းရော နောက်ရက်တွေရော မနေ့ကလောက်အထိ အဲ့ဒီနားတဝိုက်ကို ပိတ်ဆို့ပြီးလိုက်ရှာတာရှာလို့မတွေ့ဘူးလို့ပြောကြတယ်။

အကုန်လုံးက လူပျိုတွေချည်းဘဲလို့သိရတယ် ၊ KNU အဖွဲ့တွေနဲ့ချိတ်ပြီးပြေးတာလား ဘယ်လိုလဲတော့မသိဘူး၊ ခုထိပြန်မတွေ့တော့ဘူး” လို့ သရက်ချောင်းမြို့အခြေစိုက် ခမရ ၄၀၄ နဲ့နီးစပ်တဲ့တပ်သတင်းရင်းမြစ် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေ KNU တပ်မဟာ ၅ နယ်မြေအတွင်းထွက်ပြေးလွတ်မြောက်နေတာနဲ့ပတ် သက်လို့ အခြေအနေအသေးစိတ်ကိုတော့မသိရှိရသေးဘဲ KNU ဘက်က သတင်းထုတ်ပြန်လာတာမျိုးမတွေ့ ရသေးပါဘူး။

ထားဝယ်အခြေစိုက် စကခ ၈ နဲ့လက်အောက်ခံတပ် ရင်းတွေဟာ ကရင်ပြည်နယ် KNU ထိန်းချုပ် တပ်မဟာ ၅ နဲ့ ၆ နယ်မြေတွေမှာ တိုက်ခိုက်ရေးဝင်ရောက်နေတာ ၂ နှစ်ကျော်ကာလဖြစ်ပြီး တကျော့ပြန်ဖြစ်ပွားနေတဲ့ကရင်ပြည်နယ်တိုက်ပွဲတွေအတွင်း ထိခိုက်၊သေဆုံး၊ဒဏ်ရာ၊အရှင်မိ၊ဘက်ပြောင်းပူးပေါင်း မှုတွေ များပြားနေတဲ့ရှေ့တန်းတပ်မတစ်ခုဖြစ်တယ်လို့ ကရင်ပြည်နယ်စစ်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီမဲဝိုင်စစ်စခန်းကို စစ်ကူသွား ရောက် ဖို့ အမိန့်ပေးစေခိုင်းမှုကိုငြင်းဆန်ခဲ့တဲ့ သရက်ချောင်းအခြေစိုက် ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး လှိုင်မင်းထွဋ်အပါအဝင်အကြီးတန်းအရာရှိ ၃ ဦး ဖမ်းဆီးခံရပြီးတဲ့နောက်

သရက်ချောင်းမြို့ ခမရ ၄၀၃၊ ၄၀၄ နဲ့ ၄၀၅ နောက်တန်းတပ်ရင်းတွေမှာ ကြာနီကန်ဆရာတော်ရဲ့ အောင်ခြင်းရှစ်ပါး၊ပရိတ်၊ပဌာန်းတရားခွေတွေကို နေ့ရောညပါ လော်စပီကာနဲ့ဖွင့်လှစ်နေတယ်လို့ သရက်ချောင်းမြို့ခံတွေဆီကသိရပါတယ်။