Local News

အင္တာပိုက NUG ၊ CRPH ၊ PDF တို႔ကို ႏိုင္ငံတကာအၾကမ္းဖက္မ်ားအျဖစ္ မသတ္မွတ္မႈ ျပည္ထဲ ေရး ဝန္ႀကီး စိုးထြဋ္ လွ်ိဳ႕ဝွက္အစည္းအေဝးတြင္ ညဥ္းတြား

အင္တာပိုက NUG ၊ CRPH ၊ PDF တို႔ကို ႏိုင္ငံတကာအၾကမ္းဖက္မ်ားအျဖစ္ မသတ္မွတ္မႈ ျပည္ထဲ ေရး ဝန္ႀကီး စိုးထြဋ္ လွ်ိဳ႕ဝွက္အစည္းအေဝးတြင္ ညဥ္းတြား၊ ျပည္ပမွ ေငြေၾကးေထာက္ပံ့မႈမ်ား မတား ဆီးႏိုင္ သည့္အျပင္ လူငယ္မ်ား အေတြးအေခၚ လြဲမွား အစြန္းေရာက္ေနဟု အျပစ္တင္

ရန္ကုန္၊ ဇန္နဝါရီ ၁၅

မင္းေအာင္လႈိင္၏ လက္႐ုံး ျပည္ထဲေရးဝန္ႀကီး စိုးထြဋ္က NUG ၊ CRPH ၊ PDF တို႔ကို ႏိုင္ငံတကာအၾကမ္း ဖက္အုပ္စုအျဖစ္ သတ္ မွတ္ ေၾကညာႏိုင္ရန္ ႀကိဳး စား ေနေသာ္လည္း အျပည္ျပည္ဆိုင္ရာ ရဲ တပ္ဖြဲ႕ ( INTERPOL) က ျပည္ တြင္းေရး ကိစၥသာျဖစ္သည္ဟု မွတ္ခ်က္ျပဳ၍ မေၾကညာႏိုင္ေၾကာင္း စိတ္ပ်က္လက္ပ်က္ ညဥ္းတြားေျပာဆိုေၾကာင္း သိရွိရသည္။

ေနျပည္ေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ အရိႏၷမာ ခန္းမတြင္ ဒီဇင္ဘာလ ၂၃ ရက္ေန႔ လွ်ိဳ႕ဝွက္ျပဳလုပ္ခဲ့သည့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဗဟိုအဖြဲ႕ အစည္း အေဝး အမွတ္ ၁ / ၂၀၂၂ တြင္ ျပည္ထဲေရးဝန္ႀကီး စိုးထြဋ္က ထိုသို႔ ေျပာဆိုျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“လက္ရွိ ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနသည့္ အေျခအေနမ်ားသည္ ျပည္တြင္းေရး ကိစၥသာျဖစ္သည္ဟု ထုတ္ျပန္ထားသည့္ မူဝါအရ CRPH၊ NUG ႏွင့္ အမည္အမ်ိဳးမ်ိဳးျဖင့္ ဖြဲ႕စည္းထားေသာ PDFs မ်ားကို ႏိုင္ငံတကာ အၾကမ္းဖက္အုပ္စုအျဖစ္ သတ္မွတ္ႏိုင္ရန္ ေဆာင္႐ြက္မႈ မျပဳေသးျခင္းျဖစ္ပါေၾကာင္း၊

ဥပေဒႏွင့္အညီ ထုတ္ျပန္ေၾကညာထားမႈမ်ားႏွင့္ ၎တို႔၏ ေဆာင္႐ြက္ခ်က္မ်ားကို သံ႐ုံး/သံတမန္မ်ား၊ အိမ္နီးခ်င္း ႏိုင္ငံမ်ား၊ ေဒသတြင္း အဖြဲ႕အစည္း၊ အာဆီယံ၊ အာဆီယံရဲတပ္ဖြဲ႕၊ အျပည္ျပည္ဆိုင္ရာရဲတပ္ဖြဲ႕(INTERPOL) တို႔ကို သတင္းဖလွယ္ေပးပို႔ လ်က္ ရွိပါေၾကာင္း” ဟု စိုးထြဋ္က အစည္းအေဝးတြင္ ေျပာဆိုသည္။

ယခင္က PDF မ်ားသည္ ေဒသႏၲရလုပ္ လက္နက္မ်ား အသုံးျပဳခဲ့ရာမွ လက္ရွိအခ်ိန္တြင္ ေမာင္းျပန္ လက္နက္မ်ား၊ ေဖာက္ခြဲေရးပစၥည္းမ်ား၊ ေရွာ့တိုက္ဒုံးမ်ား အထိ အသုံးျပဳ တိုက္ခိုက္လာေၾကာင္း ၎က ဆိုသည္။

လက္ရွိတြင္ ႏိုင္ငံတြင္းမွ လူငယ္မ်ားသည္ အေၾကာင္းအရာတစ္ခုေၾကာင့္ အၾကမ္း ဖက္သမား (စစ္အာဏာရွင္ဆန႔္က်င္ေရး ေတာ္လွန္ေရးသမား) အသြင္ ခ်က္ခ်င္းေျပာင္းလဲ လုပ္ေဆာင္သြားႏိုင္ေၾကာင္း၊ ျမန္မာလူငယ္မ်ား အၾကား ေျပာင္းလဲလာသည့္ ႏိုင္ငံေရး၊ လူမႈေရး၊ ယဥ္ေက်းမႈႏွင့္ နည္းပညာ တိုးတက္မႈမ်ားအေပၚ လက္ခံယုံၾကည္မႈ ပုံစံမ်ား မတူညီၾကဘဲ အယူအဆအမ်ိဳးမ်ိဳး ကြဲျပားေနသည္ကို ေတြ႕ရေၾကာင္း၊

ယခုကဲ့သို႔ မတူညီသည့္ အယူအဆမ်ားမွတစ္ဆင့္ တြန္းလွန္ေျပာင္းလိုသည့္ အယူဝါဒမ်ား ျပင္းထန္လာေၾကာင္း၊ ယင္းမွတစ္ဆင့္ အစြန္း ေရာက္မႈ ႏွင့္ အၾကမ္းဖက္မႈ၊ အၾကမ္းဖက္ သမားမ်ား ျဖစ္ေပၚလာရျခင္းျဖစ္ေၾကာင္း၊ အၾကမ္း ဖက္မႈသည္ လက္နက္ကိုင္တြယ္ျခင္းမွ စတင္ျခင္းမဟုတ္ဘဲ အယူအဆ၊ အေတြးအေခၚ လြဲမွားမႈ၊ အစြန္း ေရာက္မႈတို႔မွ တစ္ဆင့္ စတင္ျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

လူငယ္မ်ား အစြန္းေရာက္မႈမ်ားမွာလည္း သတင္းအမွားမ်ား၊ သတင္းအတုမ်ားေၾကာင့္ျဖစ္ၿပီး ယင္းသတင္းမွား သတင္းတုမ်ားကို တိုက္ဖ်က္ေရး ထိေရာက္မွသာျဖစ္မည္ဟု ၎က ဆက္ေျပာသည္။

လက္ရွိတြင္ ေငြေၾကးေထာက္ပံ့မႈမ်ားကို ေဖာ္ထုတ္ရာတြင္ ျပည္တြင္းႏွင့္ျပည္ပ ႏွစ္ခုလုံးကို ထိထိေရာေရာက္ တားဆီးႏိုင္ရန္ လိုအပ္ ေၾကာင္း၊ ျပည္ပႏိုင္ငံမ်ားမွ စီးဆင္းေနသည့္ ေငြေၾကးေထာက္ပံ့မႈမ်ားကို စုံစမ္း ေဖာ္ထုတ္ႏိုင္ရန္ သတင္းအခ်က္အလက္ ရရွိေရးႏွင့္ တားဆီးေဆာင္႐ြက္ႏိုင္ေရး မွာ အား နည္း လ်က္ရွိေၾကာင္း ၊

ေငြေၾကးေထာက္ပံ့မႈမ်ား ထိန္းခ်ဳပ္တားဆီးႏိုင္ေရး ဒုဝန္ႀကီး ဦး ေဆာင္ေသာ လုပ္ငန္းအဖြဲ႕ ၆ ခု ဖြဲ႕စည္းထားၿပီး ျပင္ဆင္ဖြဲ႕စည္းသင့္သည္မ်ားကို ထပ္မံ ဖြဲ႕စည္းရန္ လိုအပ္ပါ ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အႀကံျပဳၾကေစလိုေၾကာင္း ၎က ေျပာဆိုသြားသည္။

ဓာတ္ပုံ- အၾကမ္းဖက္ မင္းေအာင္လႈိင္၏ လက္႐ုံး အၾကမ္းဖက္ ဖက္ဆစ္ စိုးထြဋ္။

အင်တာပိုက NUG ၊ CRPH ၊ PDF တို့ကို နိုင်ငံတကာအကြမ်းဖက်များအဖြစ် မသတ်မှတ်မှု ပြည်ထဲ ရေး ဝန်ကြီး စိုးထွဋ် လျှို့ဝှက်အစည်းအဝေးတွင် ညဉ်းတွား၊ ပြည်ပမှ ငွေကြေးထောက်ပံ့မှုများ မတား ဆီးနိုင် သည့်အပြင် လူငယ်များ အတွေးအခေါ် လွဲမှား အစွန်းရောက်နေဟု အပြစ်တင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မင်းအောင်လှိုင်၏ လက်ရုံး ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က NUG ၊ CRPH ၊ PDF တို့ကို နိုင်ငံတကာအကြမ်း ဖက်အုပ်စုအဖြစ် သတ် မှတ် ကြေညာနိုင်ရန် ကြိုး စား နေသော်လည်း အပြည်ပြည်ဆိုင်ရာ ရဲ တပ်ဖွဲ့ ( INTERPOL) က ပြည် တွင်းရေး ကိစ္စသာဖြစ်သည်ဟု မှတ်ချက်ပြု၍ မကြေညာနိုင်ကြောင်း စိတ်ပျက်လက်ပျက် ညဉ်းတွားပြောဆိုကြောင်း သိရှိရသည်။

နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရိန္နမာ ခန်းမတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ လျှို့ဝှက်ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ အစည်း အဝေး အမှတ် ၁ / ၂၀၂၂ တွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများသည် ပြည်တွင်းရေး ကိစ္စသာဖြစ်သည်ဟု ထုတ်ပြန်ထားသည့် မူဝါအရ CRPH၊ NUG နှင့် အမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသော PDFs များကို နိုင်ငံတကာ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်မှု မပြုသေးခြင်းဖြစ်ပါကြောင်း၊

ဥပဒေနှင့်အညီ ထုတ်ပြန်ကြေညာထားမှုများနှင့် ၎င်းတို့၏ ဆောင်ရွက်ချက်များကို သံရုံး/သံတမန်များ၊ အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်း အဖွဲ့အစည်း၊ အာဆီယံ၊ အာဆီယံရဲတပ်ဖွဲ့၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(INTERPOL) တို့ကို သတင်းဖလှယ်ပေးပို့ လျက် ရှိပါကြောင်း” ဟု စိုးထွဋ်က အစည်းအဝေးတွင် ပြောဆိုသည်။

ယခင်က PDF များသည် ဒေသန္တရလုပ် လက်နက်များ အသုံးပြုခဲ့ရာမှ လက်ရှိအချိန်တွင် မောင်းပြန် လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများ၊ ရှော့တိုက်ဒုံးများ အထိ အသုံးပြု တိုက်ခိုက်လာကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် နိုင်ငံတွင်းမှ လူငယ်များသည် အကြောင်းအရာတစ်ခုကြောင့် အကြမ်း ဖက်သမား (စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးသမား) အသွင် ချက်ချင်းပြောင်းလဲ လုပ်ဆောင်သွားနိုင်ကြောင်း၊ မြန်မာလူငယ်များ အကြား ပြောင်းလဲလာသည့် နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နည်းပညာ တိုးတက်မှုများအပေါ် လက်ခံယုံကြည်မှု ပုံစံများ မတူညီကြဘဲ အယူအဆအမျိုးမျိုး ကွဲပြားနေသည်ကို တွေ့ရကြောင်း၊

ယခုကဲ့သို့ မတူညီသည့် အယူအဆများမှတစ်ဆင့် တွန်းလှန်ပြောင်းလိုသည့် အယူဝါဒများ ပြင်းထန်လာကြောင်း၊ ယင်းမှတစ်ဆင့် အစွန်း ရောက်မှု နှင့် အကြမ်းဖက်မှု၊ အကြမ်းဖက် သမားများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ အကြမ်း ဖက်မှုသည် လက်နက်ကိုင်တွယ်ခြင်းမှ စတင်ခြင်းမဟုတ်ဘဲ အယူအဆ၊ အတွေးအခေါ် လွဲမှားမှု၊ အစွန်း ရောက်မှုတို့မှ တစ်ဆင့် စတင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လူငယ်များ အစွန်းရောက်မှုများမှာလည်း သတင်းအမှားများ၊ သတင်းအတုများကြောင့်ဖြစ်ပြီး ယင်းသတင်းမှား သတင်းတုများကို တိုက်ဖျက်ရေး ထိရောက်မှသာဖြစ်မည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ငွေကြေးထောက်ပံ့မှုများကို ဖော်ထုတ်ရာတွင် ပြည်တွင်းနှင့်ပြည်ပ နှစ်ခုလုံးကို ထိထိရောရောက် တားဆီးနိုင်ရန် လိုအပ် ကြောင်း၊ ပြည်ပနိုင်ငံများမှ စီးဆင်းနေသည့် ငွေကြေးထောက်ပံ့မှုများကို စုံစမ်း ဖော်ထုတ်နိုင်ရန် သတင်းအချက်အလက် ရရှိရေးနှင့် တားဆီးဆောင်ရွက်နိုင်ရေး မှာ အား နည်း လျက်ရှိကြောင်း ၊

ငွေကြေးထောက်ပံ့မှုများ ထိန်းချုပ်တားဆီးနိုင်ရေး ဒုဝန်ကြီး ဦး ဆောင်သော လုပ်ငန်းအဖွဲ့ ၆ ခု ဖွဲ့စည်းထားပြီး ပြင်ဆင်ဖွဲ့စည်းသင့်သည်များကို ထပ်မံ ဖွဲ့စည်းရန် လိုအပ်ပါ ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အကြံပြုကြစေလိုကြောင်း ၎င်းက ပြောဆိုသွားသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်၏ လက်ရုံး အကြမ်းဖက် ဖက်ဆစ် စိုးထွဋ်။