Local News

CDM ဝန္ထမ္းမ်ားက စစ္တပ္အတြက္ အႏၲရာယ္ရွိ၍ ပစ္မွတ္ထားေစာင့္ၾကည့္ ရန္ စိုးထြဋ္ အမိန႔္ေပး

CDM ဝန္ထမ္းမ်ားက စစ္တပ္အတြက္ အႏၲရာယ္ရွိ၍ ပစ္မွတ္ထားေစာင့္ၾကည့္ ရန္ စိုးထြဋ္ အမိန႔္ေပး၊ ဝန္ႀကီးဌာနမ်ားတြင္ CDM စာရင္းႏွင့္ ကိုယ္ေရးအက်ဥ္းမ်ား အေရးေပၚ ေပးပို႔ရန္ လွ်ိဳ႕ဝွက္ ၫႊန္ၾကား

ရန္ကုန္၊ ဇန္နဝါရီ ၁၆

စစ္ေကာင္စီ၏ ပိတ္ပင္မႈမ်ားေၾကာင့္ ျပည္တြင္းတြင္ အလုပ္မရွိ၊ ျပည္ပထြက္ခြင့္ပိတ္ပင္ခံထားရေသာ CDM ဝန္ထမ္းမ်ားသည္ စစ္တပ္္အတြက္ အႏၲရာယ္ရွိ၍ ပစ္မွတ္ထားေစာင့္ၾကည့္ရန္ ျပည္ထဲေရးဝန္ႀကီး စိုးထြဋ္က အမိန႔္ထုတ္ထားေၾကာင္း သိရွိရသည္။

ဒီဇင္ဘာလအတြင္း ျပဳလုပ္ခဲ့သည့္ ျပည္ထဲေရးဝန္ႀကီး တက္ေရာက္ေသာ စစ္ေကာင္စီ အစည္းအေဝးတြင္ ၎က အထက္ပါအတိုင္း အမိန႔္ေပးလာျခင္းျဖစ္သည္။

“CDM လုပ္သူမ်ား Black List ေရးသြင္းထားသည့္အတြက္ ျပည္ပသို႔ထြက္ခြင့္မရေတာ့ဘဲ ေလဆိပ္တြင္ တားဆီးမႈမ်ား ရာႏွင့္ခ်ီ၍ ရွိလာေၾကာင္း၊ ထိုသို႔ တားဆီးခံရသူမ်ားသည္ စစ္ေကာင္စီအေပၚ မေက်နပ္ သည့္အဖြဲ႕မ်ားျဖစ္လာႏိုင္ေၾကာင္း၊ ျပည္တြင္းတြင္လည္း အလုပ္မရွိ ၊

ျပည္ပသို႔လည္း သြားမရျခင္းတို႔ေၾကာင့္ ထိုလူအုပ္စု၏ အႏၲရာယ္သည္ ႀကီးမားလာႏိုင္ေၾကာင္း၊ ထို CDM မ်ားကို ျပည္နယ္/တိုင္းရဲတပ္ဖြဲ႕မႉးမ်ားက ေစာင့္ၾကည့္ပစ္မွတ္အေနျဖင့္ ေသခ်ာစြာ ေစာင့္ၾကည့္သြားရန္ လိုအပ္ေၾကာင္း ျပည္ထဲေရးဝန္ႀကီး စိုးထြဋ္က ေျပာသည္။

လက္ရွိတြင္ ဇန္နဝါရီလဆန္းပိုင္းမွစတင္၍ ဝန္ႀကီးဌာနမ်ားတြင္ CDM စာရင္းမ်ား ေကာက္ယူျခင္း၊ CDM လုပ္ထားရမွ ျပန္ဝင္လာေသာ Non-CDM စာရင္းမ်ား ေကာက္ယူျခင္းမ်ားကို အရွိန္အဟုန္ျမႇင့္ လုပ္ေဆာင္လာေၾကာင္း သိရွိရသည္။

“အခု ဝန္ႀကီးဌာနေတြမွာ ဌာနအလိုက္ CDM လုပ္သြားသူေတြရဲ႕ ကိုယ္ေရးအက်ဥ္းနဲ႔စာရင္းေတြ ျပန္ေတာင္းတယ္။ ေနာက္ၿပီး CDM လုပ္ၿပီးမွ ျပန္အလုပ္ဝင္တဲ့ Non-CDM စာရင္းေတြလည္းေတာင္းေနတယ္။အေရးေပၚ ေတာင္းေနတာ” ဟု ေနျပည္ေတာ္ ဝန္ထမ္းတစ္ဦးက ေျပာဆိုသည္။

ရန္ကုန္ေခတ္သစ္က ရရွိထား‌‌ေသာ လွ်ိဳ႕ဝွက္ ၫႊန္ၾကားစာတြင္ ဝန္ႀကီးဌာနမ်ားတြင္ CDM လုပ္သြားသူမ်ား၊ CDM လုပ္ၿပီးမွ ျပန္လည္ ဝင္ေရာက္လာသူ Non-CDM မ်ား၏ စာရင္းႏွင့္ကိုယ္ေရးအက်ဥ္းမ်ားကို အေရးေပၚ ဇန္နဝါရီလ ၂၀ ရက္ေန႔ ေပးပို႔ရန္ ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားသည္ကို ဖတ္ရႈရသည္။

CDM ဝန်ထမ်းများက စစ်တပ်အတွက် အန္တရာယ်ရှိ၍ ပစ်မှတ်ထားစောင့်ကြည့် ရန် စိုးထွဋ် အမိန့်ပေး၊ ဝန်ကြီးဌာနများတွင် CDM စာရင်းနှင့် ကိုယ်ရေးအကျဉ်းများ အရေးပေါ် ပေးပို့ရန် လျှို့ဝှက် ညွှန်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၁၆

စစ်ကောင်စီ၏ ပိတ်ပင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်မရှိ၊ ပြည်ပထွက်ခွင့်ပိတ်ပင်ခံထားရသော CDM ဝန်ထမ်းများသည် စစ်တပ်အတွက် အန္တရာယ်ရှိ၍ ပစ်မှတ်ထားစောင့်ကြည့်ရန် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က အမိန့်ထုတ်ထားကြောင်း သိရှိရသည်။

ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ပြည်ထဲရေးဝန်ကြီး တက်ရောက်သော စစ်ကောင်စီ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း အမိန့်ပေးလာခြင်းဖြစ်သည်။

“CDM လုပ်သူများ Black List ရေးသွင်းထားသည့်အတွက် ပြည်ပသို့ထွက်ခွင့်မရတော့ဘဲ လေဆိပ်တွင် တားဆီးမှုများ ရာနှင့်ချီ၍ ရှိလာကြောင်း၊ ထိုသို့ တားဆီးခံရသူများသည် စစ်ကောင်စီအပေါ် မကျေနပ် သည့်အဖွဲ့များဖြစ်လာနိုင်ကြောင်း၊ ပြည်တွင်းတွင်လည်း အလုပ်မရှိ ၊

ပြည်ပသို့လည်း သွားမရခြင်းတို့ကြောင့် ထိုလူအုပ်စု၏ အန္တရာယ်သည် ကြီးမားလာနိုင်ကြောင်း၊ ထို CDM များကို ပြည်နယ်/တိုင်းရဲတပ်ဖွဲ့မှူးများက စောင့်ကြည့်ပစ်မှတ်အနေဖြင့် သေချာစွာ စောင့်ကြည့်သွားရန် လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ပြောသည်။

လက်ရှိတွင် ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ဝန်ကြီးဌာနများတွင် CDM စာရင်းများ ကောက်ယူခြင်း၊ CDM လုပ်ထားရမှ ပြန်ဝင်လာသော Non-CDM စာရင်းများ ကောက်ယူခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြောင်း သိရှိရသည်။

“အခု ဝန်ကြီးဌာနတွေမှာ ဌာနအလိုက် CDM လုပ်သွားသူတွေရဲ့ ကိုယ်ရေးအကျဉ်းနဲ့စာရင်းတွေ ပြန်တောင်းတယ်။ နောက်ပြီး CDM လုပ်ပြီးမှ ပြန်အလုပ်ဝင်တဲ့ Non-CDM စာရင်းတွေလည်းတောင်းနေတယ်။အရေးပေါ် တောင်းနေတာ” ဟု နေပြည်တော် ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်က ရရှိထား‌‌သော လျှို့ဝှက် ညွှန်ကြားစာတွင် ဝန်ကြီးဌာနများတွင် CDM လုပ်သွားသူများ၊ CDM လုပ်ပြီးမှ ပြန်လည် ဝင်ရောက်လာသူ Non-CDM များ၏ စာရင်းနှင့်ကိုယ်ရေးအကျဉ်းများကို အရေးပေါ် ဇန်နဝါရီလ ၂၀ ရက်နေ့ ပေးပို့ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်ကို ဖတ်ရှုရသည်။