Local News

အရွက္ ကြဲၿပီးရင္း ကြဲေနပါေပါ့လား

ဘိန္းဘုရင္ ၾကင္စိုးအျဖစ္ကလည္း အရွက္ ကြဲၿပီးရင္း ကြဲေနပါေပါ့လား

ျမန္မာ တြင္ ျပဳလုပ္ရန္ ရွိေနသည့္ ေဒသဆိုင္ရာ အစည္းအေဝး တခု ျဖစ္သည့္ လန္ကန္-မဲေခါင္ ပူးေပါင္း ေဆာင္႐ြက္ေရး LMC အစည္း အေဝးသို႔ တက္ေရာက္ရန္ တ႐ုတ္ ဝန္ႀကီးခ်ဳပ္ လီကာရွန္ အား ဖိတ္ၾကားခ်က္ ကို မသိက်ိဳးကြၽန္ ျပဳေနသည္ဟု အယ္ဂ်ာဇီယား သတင္းတြင္ ပါရွိလာသည္။

ဤသည္က သံတမန္ ေရးအရ တ႐ုတ္သည္ ျမန္မာ စစ္အာဏာသိမ္း အဖြဲ႕ကို အရွက္ခြဲလိုက္ျခင္း ပင္ ျဖစ္သည္။ တ႐ုတ္ ဝန္ႀကီးခ်ဳပ္ အဆင့္ တက္ရမည့္ ပြဲ ျဖစ္၍ ေနျပည္ေတာ္တြင္ မင္းေအာင္လႈိင္သည္ ဓါတ္ပုံ ဆရာမ်ား ၿခံရံကာ အသင့္ေစာင့္ဆိုင္းေနေပလိမ့္မည္။

မင္းေအာင္လႈိင္ကဲ့သို႔ ႏိုင္ငံတကာ က ႐ြံရွာ မုန္းတီးေနသူ တဦး ႏွင့္ တ႐ုတ္ ဝန္ႀကီးခ်ဳပ္တို႔ လက္ဆြဲ ႏႈတ္ဆက္ေနသည့္ပုံသည္ အေမရိကန္ အတြက္ ဝါဒျဖန႔္ လက္နက္ႀကီး တပ္ဆင္‌ေပးလိုက္သလို ျဖစ္သြား ႏိုင္ၿပီး ခ်က္ျခင္း ဆိုသလို အာရွ၊ အာဖရိက ႏွင့္လက္တင္ အေမရိက တခြင္ ပ်ံ႕ႏွံ႔သြားေပေတာ့မည္။

သိပ္မၾကာခင္ အခ်ိန္အတြင္း ဆက္လက္ တည္ၿမဲဖို႔ မႀကိမ္းေသေတာ့သည့္ ရက္စက္ၾကမ္းၾကဳပ္ရာ တြင္ ကမာၻ နံပတ္တစ္ ေနရာ ေရာက္လာေနသူ ႏွင့္ အတူ ယဥ္တြဲ ထားသည့္ ဓါတ္ပုံသည္ တ႐ုတ္ ဝန္ႀကီးခ်ဳပ္ မစၥတာ လီကာရွန္ အတြက္ တသက္တာ အိမ္မက္ဆိုးႀကီး ပမာ ေျခာက္လွန႔္ခံေနရေပေတာ့မည္။ကိုယ့္အတြက္ ႏွင့္ သူမ်ား ဒုကၡေရာက္ေအာင္ မဖန္တီးသင့္၊ ဒူးေနရာဒူး ေတာ္ေနရာေတာ္ ျဖစ္သင့္သည္ မဟုတ္ပါလား။ တ႐ုတ္ ဝန္ႀကီးခ်ဳပ္ လာေတြ႕မည္ အထိေတာ့ ေမွ်ာ္လင့္မထားသင့္။

တ႐ုတ္သည္ သံတမန္ အသစ္ ေစလႊတ္ၿပီး အၾကမ္းဖက္မႈ မ်ား ရပ္တန႔္ရန္၊ အနည္းဆုံး ေလ်ာ့ခ်ရန္ပင္ ေတာင္းဆိုလာသည္ကို ေပလ်ကံ ျပဳခဲ့၍လည္း ယခုလို အစည္းအေဝး တက္ရန္ ဖိတ္ၾကားခ်က္ကို မသိက်ိဳးကြၽံ ဆက္ဆံလိုက္ျခင္း ျဖစ္ႏိုင္ေပသည္၊ မည္သို႔ပင္ ဆိုေစ စစ္အာဏာသိမ္း အဖြဲ႕သည္ ႏိုင္ငံတကာ အလယ္တြင္ အထီးက်န္သည္ထက္ က်န္လာေနၿပီ ျဖစ္သည္။

တ႐ုတ္သည္ ျမန္မာ စစ္ေခါင္းေဆာင္မ်ား အေပၚ စိတ္ကုန္သည္ထက္ ကုန္လာေနသည္ကို လုံၿခဳံေရး ေကာင္စီ ဆုံးျဖတ္ခ်က္ အမွတ္ ၂၆၆၉ ျဖင့္ သိသာေနသည္။ ႐ုရွားသည္ လည္း တ႐ုတ္ ႏွင့္ စစ္အာဏာသိမ္း အဖြဲ႕ ေ႐ြးရစတမ္းဆိုက တ႐ုတ္ဖက္မွ ရပ္တည္သြားမည္ ဆိုသည္ကို အဆိုပါ ဆုံးျဖတ္ခ်က္အား ၾကားေနလိုက္ျခင္းျဖင့္ သက္ေသျပခဲ့ၿပီး ျဖစ္သည္။

လုံၿခဳံေရး ေကာင္စီ ဆုံးျဖတ္ခ်က္သည္ လက္ရွိ ပဋိပကၡတြင္ မည္သည့္ ဖက္က မွန္သည္ကို ပမာဏ ဆုံးျဖတ္ ေပးလိုက္ျခင္းျဖစ္၍ လြန္စြာ အေရးပါေသာ ေျခလွမ္းႀကီး စတင္ လွမ္းလာခဲ့ျခင္းပင္ ျဖစ္သည္။ယခုလို တ႐ုတ္၏ ဆက္ဆံခံလိုက္ရ၍ မင္းေအာင္လႈိင္ အဖို႔ လုံၿခဳံေရး ေကာင္စီ တြင္ မဟာမိတ္ ႀကီး အျဖစ္ အားကိုးမရေတာ့မည္ ကို စိုးရိမ္ပူပန္လာေနၿပီ ျဖစ္သည္၊ ယခုေလာက္ဆိုပင္ ႐ုရွားသို႔ သြားၿပီး ပူတင္ထံ အခစားဝင္ခြင့္ရမည့္ ခရီးစဥ္တခု ထြက္ေပၚလာေအာင္ ႀကိဳးစားေနေလာက္ၿပီ ျဖစ္သည္။

LMC တြင္ တ႐ုတ္၊ လာအို၊ ျမန္မာ၊ ထိုင္း၊ ဗီယက္နမ္ တို႔ ပါဝင္ၿပီး ႏိုင္ငံတႏိုင္ငံ စီမွ ဥကၠဌ အျဖစ္ အလွည့္က် တာဝန္ယူရ၍ ၂၀၂၂ တြင္ ျမန္မာ အလွည့္သို႔ က်ေရာက္လာေသာ္လည္း တ႐ုတ္မွ တက္ေရာက္ရန္ ျငင္းပယ္၍ ထိပ္သီး အစည္း အေဝး က်င္းပႏိုင္ခဲ့ျခင္း မရွိဟု သိရသည္။

ယခု အခ်ိန္အထိလည္း တ႐ုတ္ အစိုးရ အထက္တန္း အဆင့္ အရာရွိႀကီး တဦးတေလမွ် ပင္ မင္းေအာင္လႈိင္ ႏွင့္ လူကိုယ္တိုင္ ေတြ႕ဆုံခဲ့ဖူးျခင္း မရွိေပ။ယခုလို ထိပ္သီး အစည္းအေဝးႀကီး ဖိတ္ၾကားမႈ မ်ိဳး ကို အေၾကာင္းမျပန္ျခင္းသည္ သတိလက္လြတ္ ျဖစ္သြားျခင္းဟု မည္သို႔မွ် ယူဆ၍ မရဟု အေရွ႕ေတာင္ အာရွ၏ သံတမန္‌ ေလာကတြင္ မ်က္စိႀကီး နားႀကီး တဦး ျဖစ္သည့္ ေဟာင္ေကာင္ အစိုးရ အရာရွိ ေဟာင္း တဦး ျဖစ္သူ မိုက္ကယ္ အင္း က ေျပာသည္။

၂၀၂၂ ဇူလိုင္လ အတြင္း ပုဂံတြင္ ျပဳလုပ္ေသာ LMC ႏိုင္ငံျခားေရး ဝန္ႀကီး အဆင့္ အစည္းအေဝးသို႔ ထိုစဥ္က တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီး ျဖစ္သည့္ ဝမ္ယီ တက္ေရာက္ခဲ့ၿပီး ဝဏၰေမာင္လြင္ ႏွင့္ ေတြ႕ဆုံခဲ့သည္။မင္းေအာင္လႈိင္သည္ LMC ကို အေၾကာင္းျပဳၿပီး ေဒသတြင္း အသိအမွတ္ ျပဳ ခံရရန္ ႀကိဳးပမ္းရန္ ျပင္ဆင္ထားခဲ့ျခင္းသည္ အခ်ည္းႏွီး ျဖစ္သြားခဲ့ရရွာၿပီ ဟု အေမရိကန္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး အင္စတီက်ဳ ၏ ျမန္မာအေရး တာဝန္ခံ ေဂ်ဆန္ တာဝါ က ဆိုသည္။

တ႐ုတ္သည္ အာဆီယံရွိ အဓိက ႏိုင္ငံႀကီးမ်ား၏ ၿငိဳ ညင္ ခံရမည့္ အေရး ႏွင့္ မၾကာမီက ကိုးကန႔္ေဒသအား မင္းေအာင္လႈိင္ သစၥာခံ တပ္မ်ားက ထိုးစစ္ ဆင္လာ၍ ၂၀၁၅ ေနာက္ပိုင္း နယ္စပ္ေဒသတြင္ မတည္ၿငိမ္မႈမ်ား အသစ္တဖန္ ျပန္ျဖစ္လာေနသည့္ အေရးတို႔ကို ႏွစ္ၿမိဳ႕ပုံ မရဟု မစၥတာ တာဝါက ေထာက္ျပခဲ့သည္။

တ႐ုတ္၏ ေရနံ ႏွင့္ ဓါတ္ေငြ႕ ပိုက္လိုင္းႀကီးမ်ား ျဖတ္သန္းသြားရာ အနီးတဝိုက္တြင္ တိုက္ပြဲေပါင္း အႀကိမ္ တရာခန႔္ ႏွင့္ လက္ပံေတာင္ ေၾကးနီ စီမံကိန္း တဝိုက္တြင္ တဒါဇင္ခန႔္ ျဖစ္ပြားခဲ့ၿပီး ျဖစ္သည္ဟု အယ္ဂ်ာဇီယား သတင္းတြင္ ပါရွိလာသည္။တ႐ုတ္၏ ရင္းႏွီးျမဳပ္ႏွံမႈမ်ား အတြက္ ေန႔စဥ္ႏွင့္ အမွ် ရင္မေအးစရာ ျဖစ္လာေနသည္ဟု ဆိုသည္။

ေနာက္ထပ္ ရရွိေသာ သတင္းအရ ခ်င္းအမ်ိဳးသား တပ္ဦး CNF ဌာနခ်ဳပ္အား အၾကမ္းဖက္ စစ္တပ္မွ လာေရာက္ ဗုံးႀကဲတိုက္ခိုက္ရာ အိႏၵိယ နယ္ေျမထဲသို႔ ဗုံးဆံမ်ား က်ေရာက္ခဲ့၍ ေမာ္ေတာ္ယာဥ္တစီး ထိမွန္ ပ်က္ဆီးသြားသည္ဟု သိရသည္။

၎တို႔ ဗုံးဒဏ္ မခံဘူးေသာ အိမ္နီးခ်င္း နိင္ငံ ဆို၍ လာအို တႏိုင္ငံသာ က်န္ေပေတာ့သည္။မရွိမဲ့ ရွိမဲ့ ေထာက္ခံေနသူ မ်ား တေျဖးေျဖး ဆုံးရႈံးလိုက္လာေနၿပီ ျဖစ္သည္။လက္ရွိ အေနအထားတြင္ ျဖစ္သင့္သည္က ႏိုင္ငံကို ေရွ႕ေလ်ာက္ အုပ္ခ်ဳပ္၍ မရမည့္ အတူတူ တိုင္းျပည္ ႏွင့္ လူမ်ိဳး ခ်စ္ျမတ္ႏိုးသည္ ‌ဆိုက ကုလ မွ မိမိတို႔ အတြက္ လုံၿခဳံ‌ေရး အာမခံ ခ်က္ ရယူၿပီး အမ်ိဳးသား ညီၫြတ္ေရး အစိုးရ အား အာဏာ လႊဲေျပာင္းေပးေရး လုပ္ငန္းစဥ္မ်ားကို စတင္ ေဆြးေႏြးသင့္ေနၿပီ ျဖစ္သည္။

ျပည္သူတို႔၏ ခုခံ တြန္းလွန္စစ္ မုခ် ေအာင္ရမည္!!!

Illustration credit – Original uploader

ဒါက ေနာက္တမ်ိဳး

Forbes မဂၢဇင္းႀကီး ၏ စစ္တမ္းအရ ကမာၻတြင္ အခ်က္အလက္ မွန္ကန္တိက်စြာ ေဖၚထုတ္ ႏိုင္သည့္ ထိတ္တန္း သတင္းစာ ႀကီးမ်ားထဲတြင္ ပၪၥမ ေျမာက္ ေနရာတြင္ ရပ္တည္ေနသည့္ အဂၤလန္ ႏိုင္ငံ တြင္ ထုတ္ေဝသည့္ အီေကာေနာ္မစ္ မဂၢဇင္းႀကီးမွ “အယူသည္းလွ‌ေသာ ျမန္မာ စစ္ဗိုလ္ခ်ဳပ္မ်ား” ဟူ၍ သတင္းေဆာင္းပါး ပါရွိလာျပန္သည္။

ထိုသတင္းစာႀကီးမ်ားသည္ အခ်က္အလက္ မွန္ကန္မႈ ဆိုသည့္ ဂုဏ္သိကၡာကို အရင္းျပဳ ရပ္တည္ေနရ၍ ‌လက္လြတ္စပယ္ ေရးသားခြင့္ မရွိေပ၊ ထို႔အတြက္လည္း ထိုသတင္းစာႀကီးမ်ား၏ အာေဘာ္ကို ကမာၻေခါင္းေဆာင္မ်ားက တေလးတစား ေလ့လာ ဖတ္ရႈေနၾကျခင္းသည္လည္း ဆန္းၾကယ္သည့္ ကိစၥေတာ့ မဟုတ္ေပ။

ႀကဳံႀကိဳက္၍ ဗဟုသုတ အေနျဖင့္ တင္ျပရမည္ ဆိုလွ်င္ နံပတ္တစ္ ေနရာတြင္ နယူးေယာက္တိုင္းမ္၊ နံပါတ္ ႏွစ္ အျဖစ္ ေဝါစထရိ ဂ်ာနယ္၊ နံပတ္ သုံး ဝါရွင္တန္ ပို႔စ္၊ နံပတ္ ေလး ဘီဘီစီ တို႔ ျဖစ္သည္။နံပတ္ ငါး ျဖစ္သည့္ ယခု အပတ္ထုတ္ အီေကာေနာ္မစ္ တြင္ ပါရွိလာသည့္ “Myanmar’s generals are deeply superstitious” ေဆာင္းပါးတြင္ ယခုလို ေဖၚျပထားျပန္သည္။

ထီးလိုမင္းလို ေစတီ သည္ ျမန္မာတြင္ ရာစု ႏွစ္ေပါင္းမ်ားစြာကတည္းက မင္းေလာင္းမ်ား မျဖစ္မေန ဦးခိုက္ရသည့္ ဘုရားတဆူလည္း ျဖစ္သည္။ ယခုလည္း ျမန္မာဒီမိုကေရစီ ေနဝင္လုဆဲဆဲ အခ်ိန္ ၂၀၂၀ တြင္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္သည္ ထိုဘုရားႀကီးတြင္ ထီးေတာ္တင္ပြဲ ျပဳလုပ္လာခဲ့သည္။ ထီးေတာ္ဆိုသည္က ျမန္မာဘုရင္တို႔၏ တန္ခိုးအာဏာ ကို ကိုယ္စားျပဳသည့္ သေကၤတ တခုလည္း ျဖစ္သည္။

ဗိုလ္ခ်ဳပ္ႀကီးသည္ ဘုရားအား အေမႊးနံ႔သာရည္ မ်ား ဆြတ္ထားေသာ ေငြစကၠဴမ်ား ႏွင့္ ေတာက္၍ ပက္ဖ်န္းခဲ့ျပန္သည္။ေနာက္တႏွစ္ အၾကာတြင္ သူသည္ တိုင္းျပည္အာဏာကို သိမ္းယူလိုက္ၿပီ ျဖစ္သည္။ယင္းႏွင့္ အတူ မင္းေအာင္လႈိင္သည္ ၁၉၆၂ မွ ၂၀၁၅ အထိ တိုင္းျပည္အာဏာကို ဆုပ္ကိုင္ထားေသာ စစ္တပ္ လက္ေအာက္သို႔ ျပန္လည္ သြတ္သြင္းခဲ့သည္။ ယခင္ စစ္အာဏာရွင္ မ်ား ကဲ့သို႔ပင္ mumbo-jumbo ဆိုသည့္ ဘာမွန္း ညာမွန္း မကြဲျပားသည့္ စကားမ်ား၊ အျပဳအမူ မ်ား ကို အျမင့္ဆုံး အထိ ဆြဲတင္လာခဲ့ျပန္သည္။

သို႔ေသာ္ ႏိုင္ငံတြင္း ျဖစ္ပြားေန‌ေသာ ျပည္တြင္းစစ္ႀကီး အဆုံးသတ္ေရး အတြက္ေတာ့ ရလဒ္ ေကာင္းမ်ား ထြက္ေပၚမလာခဲ့ေပ။ သို႔ေသာ္လည္း ၎တို႔အဖို႔က လူထု၏ ထင္ျမင္ ယူဆခ်က္၊ အာဏာသည္ လူထု ထံမွ ဆင္းသက္ရမည္ ဆိုသည္ထက္ အထက္ဘုံ ေလာကသားတို႔ ထံမွ ဆင္းသက္က်ဆင္းလာမည့္ အာဏာ သည္သာ တရားဝင္ သည္ဟု ယူဆေနၾကသည့္ အတြက္ ပို၍ အေရးပါသည္ဟု မွတ္ယူေနၾကသူမ်ား ျဖစ္သည္။

ႏိုင္ငံတြင္ ေဗဒင္ ကိန္းခန္းမ်ား အေပၚ ယုံၾကည္သက္ဝင္မႈသည္လည္း ေရပန္းစားလွ်က္ ရွိသည္။ လူဦးေရ ၅၅ သန္း ရွိသည့္ အနက္ အမ်ားစုသည္ ၿဂိဳလ္နကၡတ္ လားရာ အရ “ယၾတာ” ေျခေလ့ ရွိၾကျပန္သည္။တိုင္းျပည္ ၏ လြတ္လပ္ေရး ကိုပင္ ေဝဒ ဆရာႀကီးမ်ား၏ ၫႊန္ျပသည့္ အတိုင္း နမိတ္ေကာင္း တရပ္ အျဖစ္ ေန႔ရက္ အခ်ိန္နာရီကို တြက္ခ်က္ေစကာ ဇန္နဝါရီ ၄ ရက္ နံနက္ ေလးနာရီ မိနစ္ ႏွစ္ဆယ္ တြင္ လက္ခံရယူခဲ့သည္။

လက္ရွိ စစ္ဗိုလ္ခ်ဳပ္မ်ားကေတာ့ ထူးထူးျခားျခား အယူသည္းၾကသူမ်ားဟု ဆိုရမည္ ျဖစ္သည္။ ယခင္ စစ္အာဏာရွင္ သန္းေ႐ႊသည္ ၿမိဳ႕ေတာ္ကို ေနျပည္ေတာ္သို႔ ေျပာင္းေ႐ႊ႕ခဲ့သည့္ အေၾကာင္းရင္းမ်ားထဲတြင္ နကၡတ္ ေဗဒင္ ဆရာမ်ား၏ ၫႊန္ျပခ်က္ သည္ တစိတ္တပိုင္း အားျဖင့္ ပါဝင္ခဲ့သည္။

ေနျပည္ေတာ္ ဆိုသည့္ ၿမိဳ႕ေတာ္ႀကီးအား ေတာထဲ ေတာင္ထဲတြင္ ေျမကြက္ေဖၚၿပီး စတင္ ေဆာက္လုပ္ခဲ့ၾကသည္။ (ေနာက္ပိုင္း သုံးႏွစ္အၾကာ ရန္ကုန္သို႔ေၾကာက္မက္ဖြယ္ရာ ဆိုင္ကလုံး မုန္တိုင္းႀကီး ဝင္ေရာက္ ေမႊေႏွာက္ ခံခဲ့ရမႈေၾကာင့္ နတ္ဘုရား တို႔ လမ္းၫႊန္ျပမႈသည္ မွန္ကန္သည္ဟု သက္ေသထူေပးသလို ျဖစ္သြားခဲ့ျပန္သည္။)

ထိုအခ်ိန္က တႏိုင္ငံလုံးတြင္ ေနၾကာ မစိုက္မေနရ လႈပ္ရွားမႈႀကီး ထြက္ေပၚလာေနခ်ိန္လည္း ျဖစ္သည္။ သန္းေ႐ႊ၏ ဟူရား ဆရာသမားမ်ားက “အေနၾကာေအာင္” ဆိုသည့္ ျမန္မာ စကား အသံထြက္ႏွင့္ ကိုက္ညီသည့္ ေနၾကာပန္းကို စိုက္ခိုင္းျခင္း ျဖစ္သည္ဟု ေျပာဆိုမႈမ်ား ထြက္ေပၚလာခဲ့သည္။

သန္းေ႐ႊ၏ ကံေကာင္းေသာ ဂဏန္းသည္ ၁၁ ျဖစ္သည္။ ထို႔အတြက္ ႏိုင္ငံေရး အက်ဥ္းသား မ်ားကို ေထာင္ဒဏ္ခ်မွတ္ရာတြင္ ေပါင္းျခင္း ၁၁ ရသည့္ ၆၅ ႏွစ္၊ ေက်ညာခ်က္မ်ားအားလည္း ေပါင္းျခင္း ၁၁ ရသည့္ ေန႔ ရက္၊ အခ်ိန္နာရီမ်ားတြင္သာ ထုတ္ျပန္ေလ့ရွိသည္။

မင္းေအာင္လႈိင္ကမူ သူ၏ အာဏာတည္ၿမဲ‌ ေရး အတြက္ အယူသည္းမႈက ပို၍ ရက္စက္ၾကမ္းၾကဳပ္လွသည္ဟု ဆိုရမည္ ျဖစ္သည္၊ စစ္တပ္၏ လက္ခ်က္ျဖင့္ ေသဆုံးသြားခဲ့ရသူ အမ်ားစုသည္ ‌ဦးေခါင္းတြင္ ထိမွန္ ခဲ့ၾကသည့္ အျဖစ္ေၾကာင့္ မင္းေအာင္လႈိင္သည္ ၎ကိုးကြယ္ေနေသာ ဆရာသမားမ်ား၏ အႀကံေပးသည္ ဗ်ဳဟာ အတိုင္း အမိန႔္ေပးခဲ့ျခင္း ျဖစ္သည္ဟု သတင္းမ်ား ထြက္ေပၚခဲ့ဖူးသည္။

စစ္အာဏာသိမ္း အဖြဲ႕သည္ ေနၾကာပန္း ထြက္ရွိေရး အတြက္ ဟာကြက္ မရွိ‌ ေအာင္ အေသးစိတ္ စီမံခန႔္ခြဲလာခဲ့ၾကသည္။ သို႔ေသာ္ လူထု အစိုးရ လက္ထက္တြင္ အထြက္ႏႈန္း က်ဆင္းလာခဲ့သည္။ယခုႏွစ္တြင္ မူ ၂၀၂၁ အထိ ဧက ‌၆ သိန္း ရွိခဲ့သည့္ ေနၾကာ စိုက္ခင္းမ်ားအား ဧက တသန္းခြဲအထိ တိုးျမႇင့္ရန္ စီစဥ္လာၾကသည္။

စားအုံးဆီ တင္သြင္းမႈ ကို ေလ်ာ့ခ်ႏိုင္ရန္ ေနၾကာဆီ ျဖင့္ အစားထိုးႏိုင္ေရး အတြက္လည္း ျဖစ္သည္။ သို႔ေသာ္ ထိုသို႔ အစားထိုး ႏိုင္သည့္ ေျမပဲ၊ ႏွမ္း ကဲ့သို႔ေသာ သီးႏွံမ်ား အတြက္ကိုမူ ရည္မွန္းခ်က္ တစုံတရာ ထား ရွိသည္ကို မ‌ေတြ႕ရဟု ျမန္မာ အရာရွိတဦးက ေျပာျပခဲ့သည္။

တဖက္တြင္ စစ္အာဏာသိမ္း အဖြဲ႕ကို ဆန႔္က်င္ တြန္းလွန္ေနသူမ်ားဖက္ကလည္း အလားတူ အယူသည္းမႈ မ်ား ႏွင့္ ေခ်ဖ်က္လာၾကသည္။အာဏာသိမ္းၿပီးစ တြင္ အဓိက႐ုဏ္း ႏွိမ္ႏွင္းေရး တပ္ဖြဲ႕ဝင္မ်ား လွည့္လည္သြားလာေနသည့္ ေနရာမ်ား တြင္ အမ်ိဳးသမီး ထမိန္တန္းမ်ား ဆြဲထားခဲ့ၾကသည္။ ထိုထမိန္တန္းေအာက္မွ ျဖတ္ေလွ်ာက္မိသူ အမ်ိဳးသားမ်ား အတြက္ ဘုန္းနိမ့္သည္ ဆိုေသာ အယူ ရွိ၍လည္း ျဖစ္သည္။

အြန္လိုင္း မွ ဆန႔္က်င္တြန္းလွန္ေနၾကသူမ်ား က ေက်း႐ြာမ်ားတြင္ ေနၾကာပန္းမ်ား မစိုက္မေနရ အမိန႔္ထုတ္ျပန္လာမႈ အေပၚ ၾကာၾကာမေနရဖူး စကား ႏွင့္ ထပ္တူက်သည့္ “ၾကာဖူး” ပုံမ်ားကို ဆိုရွယ္ မီဒီယာ မ်ား ေပၚတြင္ တင္လာခဲ့ၾကသည္ ဟု မဂၢဇင္း တြင္ ေရးသားခဲ့သည္။

ထပ္မံရရွိေသာ သတင္းတပုဒ္ အရ စစ္အာဏာသိမ္း အဖြဲ႕ မွ ၎တို႔ ျပည္တြင္းေရး တြင္ ဝင္ေရာက္စြက္ဖက္ျခင္း မျပဳရန္ ႏွင့္ ၎တို႔မွ အၾကမ္းဖက္ အဖြဲ႕အစည္းဟု သမုတ္ေနေသာ အမ်ိဳးသား ညီၫြတ္ေရး အဖြဲ႕ ႏွင့္ မဆက္သြယ္ရန္ သတိေပးခ်က္ ထုတ္ျပန္လာခဲ့သည္၊ ဤသည္ကပင္ အာဆီယံ ၏ မူ ငါးခ်က္ ကို လိုက္နာမည္ မဟုတ္ဟု သြယ္ဝိုက္ ေျပာဆိုလိုက္ျခင္းပင္ ျဖစ္သည္။

သို႔ေသာ္ ‌ဩစေတးလွ် စီးပြားေရး ပညာရွင္ ေရွာင္တန္နယ္ကိုပင္ လြတ္ၿငိမ္းခြင့္ ပယ္ဖ်က္သည္ဟုပင္ ေျပာလာေသာ လူမ်ား ၏ ေခါင္းမွ ထြက္လာေသာ စကားမ်ားကို မည္သူက အေလးအနက္ထား စဥ္းစာၾကေပဦးမည္နည္း။

ျပည္သူတို႔၏ ခုခံ တြန္းလွန္စစ္ မုခ် ေအာင္ရမည္!!!

ဘိန်းဘုရင် ကြင်စိုးအဖြစ်ကလည်း အရှက် ကွဲပြီးရင်း ကွဲနေပါပေါ့လား

မြန်မာ တွင် ပြုလုပ်ရန် ရှိနေသည့် ဒေသဆိုင်ရာ အစည်းအဝေး တခု ဖြစ်သည့် လန်ကန်-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး LMC အစည်း အဝေးသို့ တက်ရောက်ရန် တရုတ် ဝန်ကြီးချုပ် လီကာရှန် အား ဖိတ်ကြားချက် ကို မသိကျိုးကျွန် ပြုနေသည်ဟု အယ်ဂျာဇီယား သတင်းတွင် ပါရှိလာသည်။

ဤသည်က သံတမန် ရေးအရ တရုတ်သည် မြန်မာ စစ်အာဏာသိမ်း အဖွဲ့ကို အရှက်ခွဲလိုက်ခြင်း ပင် ဖြစ်သည်။ တရုတ် ဝန်ကြီးချုပ် အဆင့် တက်ရမည့် ပွဲ ဖြစ်၍ နေပြည်တော်တွင် မင်းအောင်လှိုင်သည် ဓါတ်ပုံ ဆရာများ ခြံရံကာ အသင့်စောင့်ဆိုင်းနေပေလိမ့်မည်။

မင်းအောင်လှိုင်ကဲ့သို့ နိုင်ငံတကာ က ရွံရှာ မုန်းတီးနေသူ တဦး နှင့် တရုတ် ဝန်ကြီးချုပ်တို့ လက်ဆွဲ နှုတ်ဆက်နေသည့်ပုံသည် အမေရိကန် အတွက် ဝါဒဖြန့် လက်နက်ကြီး တပ်ဆင်‌ပေးလိုက်သလို ဖြစ်သွား နိုင်ပြီး ချက်ခြင်း ဆိုသလို အာရှ၊ အာဖရိက နှင့်လက်တင် အမေရိက တခွင် ပျံ့နှံ့သွားပေတော့မည်။

သိပ်မကြာခင် အချိန်အတွင်း ဆက်လက် တည်မြဲဖို့ မကြိမ်းသေတော့သည့် ရက်စက်ကြမ်းကြုပ်ရာ တွင် ကမ္ဘာ နံပတ်တစ် နေရာ ရောက်လာနေသူ နှင့် အတူ ယဉ်တွဲ ထားသည့် ဓါတ်ပုံသည် တရုတ် ဝန်ကြီးချုပ် မစ္စတာ လီကာရှန် အတွက် တသက်တာ အိမ်မက်ဆိုးကြီး ပမာ ခြောက်လှန့်ခံနေရပေတော့မည်။ကိုယ့်အတွက် နှင့် သူများ ဒုက္ခရောက်အောင် မဖန်တီးသင့်၊ ဒူးနေရာဒူး တော်နေရာတော် ဖြစ်သင့်သည် မဟုတ်ပါလား။ တရုတ် ဝန်ကြီးချုပ် လာတွေ့မည် အထိတော့ မျှော်လင့်မထားသင့်။

တရုတ်သည် သံတမန် အသစ် စေလွှတ်ပြီး အကြမ်းဖက်မှု များ ရပ်တန့်ရန်၊ အနည်းဆုံး လျော့ချရန်ပင် တောင်းဆိုလာသည်ကို ပေလျကံ ပြုခဲ့၍လည်း ယခုလို အစည်းအဝေး တက်ရန် ဖိတ်ကြားချက်ကို မသိကျိုးကျွံ ဆက်ဆံလိုက်ခြင်း ဖြစ်နိုင်ပေသည်၊ မည်သို့ပင် ဆိုစေ စစ်အာဏာသိမ်း အဖွဲ့သည် နိုင်ငံတကာ အလယ်တွင် အထီးကျန်သည်ထက် ကျန်လာနေပြီ ဖြစ်သည်။

တရုတ်သည် မြန်မာ စစ်ခေါင်းဆောင်များ အပေါ် စိတ်ကုန်သည်ထက် ကုန်လာနေသည်ကို လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ဖြင့် သိသာနေသည်။ ရုရှားသည် လည်း တရုတ် နှင့် စစ်အာဏာသိမ်း အဖွဲ့ ရွေးရစတမ်းဆိုက တရုတ်ဖက်မှ ရပ်တည်သွားမည် ဆိုသည်ကို အဆိုပါ ဆုံးဖြတ်ချက်အား ကြားနေလိုက်ခြင်းဖြင့် သက်သေပြခဲ့ပြီး ဖြစ်သည်။

လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်သည် လက်ရှိ ပဋိပက္ခတွင် မည်သည့် ဖက်က မှန်သည်ကို ပမာဏ ဆုံးဖြတ် ပေးလိုက်ခြင်းဖြစ်၍ လွန်စွာ အရေးပါသော ခြေလှမ်းကြီး စတင် လှမ်းလာခဲ့ခြင်းပင် ဖြစ်သည်။ယခုလို တရုတ်၏ ဆက်ဆံခံလိုက်ရ၍ မင်းအောင်လှိုင် အဖို့ လုံခြုံရေး ကောင်စီ တွင် မဟာမိတ် ကြီး အဖြစ် အားကိုးမရတော့မည် ကို စိုးရိမ်ပူပန်လာနေပြီ ဖြစ်သည်၊ ယခုလောက်ဆိုပင် ရုရှားသို့ သွားပြီး ပူတင်ထံ အခစားဝင်ခွင့်ရမည့် ခရီးစဉ်တခု ထွက်ပေါ်လာအောင် ကြိုးစားနေလောက်ပြီ ဖြစ်သည်။

LMC တွင် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် တို့ ပါဝင်ပြီး နိုင်ငံတနိုင်ငံ စီမှ ဥက္ကဌ အဖြစ် အလှည့်ကျ တာဝန်ယူရ၍ ၂၀၂၂ တွင် မြန်မာ အလှည့်သို့ ကျရောက်လာသော်လည်း တရုတ်မှ တက်ရောက်ရန် ငြင်းပယ်၍ ထိပ်သီး အစည်း အဝေး ကျင်းပနိုင်ခဲ့ခြင်း မရှိဟု သိရသည်။

ယခု အချိန်အထိလည်း တရုတ် အစိုးရ အထက်တန်း အဆင့် အရာရှိကြီး တဦးတလေမျှ ပင် မင်းအောင်လှိုင် နှင့် လူကိုယ်တိုင် တွေ့ဆုံခဲ့ဖူးခြင်း မရှိပေ။ယခုလို ထိပ်သီး အစည်းအဝေးကြီး ဖိတ်ကြားမှု မျိုး ကို အကြောင်းမပြန်ခြင်းသည် သတိလက်လွတ် ဖြစ်သွားခြင်းဟု မည်သို့မျှ ယူဆ၍ မရဟု အရှေ့တောင် အာရှ၏ သံတမန်‌ လောကတွင် မျက်စိကြီး နားကြီး တဦး ဖြစ်သည့် ဟောင်ကောင် အစိုးရ အရာရှိ ဟောင်း တဦး ဖြစ်သူ မိုက်ကယ် အင်း က ပြောသည်။

၂၀၂၂ ဇူလိုင်လ အတွင်း ပုဂံတွင် ပြုလုပ်သော LMC နိုင်ငံခြားရေး ဝန်ကြီး အဆင့် အစည်းအဝေးသို့ ထိုစဉ်က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သည့် ဝမ်ယီ တက်ရောက်ခဲ့ပြီး ဝဏ္ဏမောင်လွင် နှင့် တွေ့ဆုံခဲ့သည်။မင်းအောင်လှိုင်သည် LMC ကို အကြောင်းပြုပြီး ဒေသတွင်း အသိအမှတ် ပြု ခံရရန် ကြိုးပမ်းရန် ပြင်ဆင်ထားခဲ့ခြင်းသည် အချည်းနှီး ဖြစ်သွားခဲ့ရရှာပြီ ဟု အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု ၏ မြန်မာအရေး တာဝန်ခံ ဂျေဆန် တာဝါ က ဆိုသည်။

တရုတ်သည် အာဆီယံရှိ အဓိက နိုင်ငံကြီးများ၏ ငြို ညင် ခံရမည့် အရေး နှင့် မကြာမီက ကိုးကန့်ဒေသအား မင်းအောင်လှိုင် သစ္စာခံ တပ်များက ထိုးစစ် ဆင်လာ၍ ၂၀၁၅ နောက်ပိုင်း နယ်စပ်ဒေသတွင် မတည်ငြိမ်မှုများ အသစ်တဖန် ပြန်ဖြစ်လာနေသည့် အရေးတို့ကို နှစ်မြို့ပုံ မရဟု မစ္စတာ တာဝါက ထောက်ပြခဲ့သည်။

တရုတ်၏ ရေနံ နှင့် ဓါတ်ငွေ့ ပိုက်လိုင်းကြီးများ ဖြတ်သန်းသွားရာ အနီးတဝိုက်တွင် တိုက်ပွဲပေါင်း အကြိမ် တရာခန့် နှင့် လက်ပံတောင် ကြေးနီ စီမံကိန်း တဝိုက်တွင် တဒါဇင်ခန့် ဖြစ်ပွားခဲ့ပြီး ဖြစ်သည်ဟု အယ်ဂျာဇီယား သတင်းတွင် ပါရှိလာသည်။တရုတ်၏ ရင်းနှီးမြုပ်နှံမှုများ အတွက် နေ့စဉ်နှင့် အမျှ ရင်မအေးစရာ ဖြစ်လာနေသည်ဟု ဆိုသည်။

နောက်ထပ် ရရှိသော သတင်းအရ ချင်းအမျိုးသား တပ်ဦး CNF ဌာနချုပ်အား အကြမ်းဖက် စစ်တပ်မှ လာရောက် ဗုံးကြဲတိုက်ခိုက်ရာ အိန္ဒိယ နယ်မြေထဲသို့ ဗုံးဆံများ ကျရောက်ခဲ့၍ မော်တော်ယာဉ်တစီး ထိမှန် ပျက်ဆီးသွားသည်ဟု သိရသည်။

၎င်းတို့ ဗုံးဒဏ် မခံဘူးသော အိမ်နီးချင်း နိင်ငံ ဆို၍ လာအို တနိုင်ငံသာ ကျန်ပေတော့သည်။မရှိမဲ့ ရှိမဲ့ ထောက်ခံနေသူ များ တဖြေးဖြေး ဆုံးရှုံးလိုက်လာနေပြီ ဖြစ်သည်။လက်ရှိ အနေအထားတွင် ဖြစ်သင့်သည်က နိုင်ငံကို ရှေ့လျောက် အုပ်ချုပ်၍ မရမည့် အတူတူ တိုင်းပြည် နှင့် လူမျိုး ချစ်မြတ်နိုးသည် ‌ဆိုက ကုလ မှ မိမိတို့ အတွက် လုံခြုံ‌ရေး အာမခံ ချက် ရယူပြီး အမျိုးသား ညီညွတ်ရေး အစိုးရ အား အာဏာ လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များကို စတင် ဆွေးနွေးသင့်နေပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Illustration credit – Original uploader

ဒါက နောက်တမျိုး

Forbes မဂ္ဂဇင်းကြီး ၏ စစ်တမ်းအရ ကမ္ဘာတွင် အချက်အလက် မှန်ကန်တိကျစွာ ဖေါ်ထုတ် နိုင်သည့် ထိတ်တန်း သတင်းစာ ကြီးများထဲတွင် ပဉ္စမ မြောက် နေရာတွင် ရပ်တည်နေသည့် အင်္ဂလန် နိုင်ငံ တွင် ထုတ်ဝေသည့် အီကောနော်မစ် မဂ္ဂဇင်းကြီးမှ “အယူသည်းလှ‌သော မြန်မာ စစ်ဗိုလ်ချုပ်များ” ဟူ၍ သတင်းဆောင်းပါး ပါရှိလာပြန်သည်။

ထိုသတင်းစာကြီးများသည် အချက်အလက် မှန်ကန်မှု ဆိုသည့် ဂုဏ်သိက္ခာကို အရင်းပြု ရပ်တည်နေရ၍ ‌လက်လွတ်စပယ် ရေးသားခွင့် မရှိပေ၊ ထို့အတွက်လည်း ထိုသတင်းစာကြီးများ၏ အာဘော်ကို ကမ္ဘာခေါင်းဆောင်များက တလေးတစား လေ့လာ ဖတ်ရှုနေကြခြင်းသည်လည်း ဆန်းကြယ်သည့် ကိစ္စတော့ မဟုတ်ပေ။

ကြုံကြိုက်၍ ဗဟုသုတ အနေဖြင့် တင်ပြရမည် ဆိုလျှင် နံပတ်တစ် နေရာတွင် နယူးယောက်တိုင်းမ်၊ နံပါတ် နှစ် အဖြစ် ဝေါစထရိ ဂျာနယ်၊ နံပတ် သုံး ဝါရှင်တန် ပို့စ်၊ နံပတ် လေး ဘီဘီစီ တို့ ဖြစ်သည်။နံပတ် ငါး ဖြစ်သည့် ယခု အပတ်ထုတ် အီကောနော်မစ် တွင် ပါရှိလာသည့် “Myanmar’s generals are deeply superstitious” ဆောင်းပါးတွင် ယခုလို ဖေါ်ပြထားပြန်သည်။

ထီးလိုမင်းလို စေတီ သည် မြန်မာတွင် ရာစု နှစ်ပေါင်းများစွာကတည်းက မင်းလောင်းများ မဖြစ်မနေ ဦးခိုက်ရသည့် ဘုရားတဆူလည်း ဖြစ်သည်။ ယခုလည်း မြန်မာဒီမိုကရေစီ နေဝင်လုဆဲဆဲ အချိန် ၂၀၂၀ တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုဘုရားကြီးတွင် ထီးတော်တင်ပွဲ ပြုလုပ်လာခဲ့သည်။ ထီးတော်ဆိုသည်က မြန်မာဘုရင်တို့၏ တန်ခိုးအာဏာ ကို ကိုယ်စားပြုသည့် သင်္ကေတ တခုလည်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးသည် ဘုရားအား အမွှေးနံ့သာရည် များ ဆွတ်ထားသော ငွေစက္ကူများ နှင့် တောက်၍ ပက်ဖျန်းခဲ့ပြန်သည်။နောက်တနှစ် အကြာတွင် သူသည် တိုင်းပြည်အာဏာကို သိမ်းယူလိုက်ပြီ ဖြစ်သည်။ယင်းနှင့် အတူ မင်းအောင်လှိုင်သည် ၁၉၆၂ မှ ၂၀၁၅ အထိ တိုင်းပြည်အာဏာကို ဆုပ်ကိုင်ထားသော စစ်တပ် လက်အောက်သို့ ပြန်လည် သွတ်သွင်းခဲ့သည်။ ယခင် စစ်အာဏာရှင် များ ကဲ့သို့ပင် mumbo-jumbo ဆိုသည့် ဘာမှန်း ညာမှန်း မကွဲပြားသည့် စကားများ၊ အပြုအမူ များ ကို အမြင့်ဆုံး အထိ ဆွဲတင်လာခဲ့ပြန်သည်။

သို့သော် နိုင်ငံတွင်း ဖြစ်ပွားနေ‌သော ပြည်တွင်းစစ်ကြီး အဆုံးသတ်ရေး အတွက်တော့ ရလဒ် ကောင်းများ ထွက်ပေါ်မလာခဲ့ပေ။ သို့သော်လည်း ၎င်းတို့အဖို့က လူထု၏ ထင်မြင် ယူဆချက်၊ အာဏာသည် လူထု ထံမှ ဆင်းသက်ရမည် ဆိုသည်ထက် အထက်ဘုံ လောကသားတို့ ထံမှ ဆင်းသက်ကျဆင်းလာမည့် အာဏာ သည်သာ တရားဝင် သည်ဟု ယူဆနေကြသည့် အတွက် ပို၍ အရေးပါသည်ဟု မှတ်ယူနေကြသူများ ဖြစ်သည်။

နိုင်ငံတွင် ဗေဒင် ကိန်းခန်းများ အပေါ် ယုံကြည်သက်ဝင်မှုသည်လည်း ရေပန်းစားလျှက် ရှိသည်။ လူဦးရေ ၅၅ သန်း ရှိသည့် အနက် အများစုသည် ဂြိုလ်နက္ခတ် လားရာ အရ “ယတြာ” ခြေလေ့ ရှိကြပြန်သည်။တိုင်းပြည် ၏ လွတ်လပ်ရေး ကိုပင် ဝေဒ ဆရာကြီးများ၏ ညွှန်ပြသည့် အတိုင်း နမိတ်ကောင်း တရပ် အဖြစ် နေ့ရက် အချိန်နာရီကို တွက်ချက်စေကာ ဇန်နဝါရီ ၄ ရက် နံနက် လေးနာရီ မိနစ် နှစ်ဆယ် တွင် လက်ခံရယူခဲ့သည်။

လက်ရှိ စစ်ဗိုလ်ချုပ်များကတော့ ထူးထူးခြားခြား အယူသည်းကြသူများဟု ဆိုရမည် ဖြစ်သည်။ ယခင် စစ်အာဏာရှင် သန်းရွှေသည် မြို့တော်ကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည့် အကြောင်းရင်းများထဲတွင် နက္ခတ် ဗေဒင် ဆရာများ၏ ညွှန်ပြချက် သည် တစိတ်တပိုင်း အားဖြင့် ပါဝင်ခဲ့သည်။

နေပြည်တော် ဆိုသည့် မြို့တော်ကြီးအား တောထဲ တောင်ထဲတွင် မြေကွက်ဖေါ်ပြီး စတင် ဆောက်လုပ်ခဲ့ကြသည်။ (နောက်ပိုင်း သုံးနှစ်အကြာ ရန်ကုန်သို့ကြောက်မက်ဖွယ်ရာ ဆိုင်ကလုံး မုန်တိုင်းကြီး ဝင်ရောက် မွှေနှောက် ခံခဲ့ရမှုကြောင့် နတ်ဘုရား တို့ လမ်းညွှန်ပြမှုသည် မှန်ကန်သည်ဟု သက်သေထူပေးသလို ဖြစ်သွားခဲ့ပြန်သည်။)

ထိုအချိန်က တနိုင်ငံလုံးတွင် နေကြာ မစိုက်မနေရ လှုပ်ရှားမှုကြီး ထွက်ပေါ်လာနေချိန်လည်း ဖြစ်သည်။ သန်းရွှေ၏ ဟူရား ဆရာသမားများက “အနေကြာအောင်” ဆိုသည့် မြန်မာ စကား အသံထွက်နှင့် ကိုက်ညီသည့် နေကြာပန်းကို စိုက်ခိုင်းခြင်း ဖြစ်သည်ဟု ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

သန်းရွှေ၏ ကံကောင်းသော ဂဏန်းသည် ၁၁ ဖြစ်သည်။ ထို့အတွက် နိုင်ငံရေး အကျဉ်းသား များကို ထောင်ဒဏ်ချမှတ်ရာတွင် ပေါင်းခြင်း ၁၁ ရသည့် ၆၅ နှစ်၊ ကျေညာချက်များအားလည်း ပေါင်းခြင်း ၁၁ ရသည့် နေ့ ရက်၊ အချိန်နာရီများတွင်သာ ထုတ်ပြန်လေ့ရှိသည်။

မင်းအောင်လှိုင်ကမူ သူ၏ အာဏာတည်မြဲ‌ ရေး အတွက် အယူသည်းမှုက ပို၍ ရက်စက်ကြမ်းကြုပ်လှသည်ဟု ဆိုရမည် ဖြစ်သည်၊ စစ်တပ်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသူ အများစုသည် ‌ဦးခေါင်းတွင် ထိမှန် ခဲ့ကြသည့် အဖြစ်ကြောင့် မင်းအောင်လှိုင်သည် ၎င်းကိုးကွယ်နေသော ဆရာသမားများ၏ အကြံပေးသည် ဗျုဟာ အတိုင်း အမိန့်ပေးခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

စစ်အာဏာသိမ်း အဖွဲ့သည် နေကြာပန်း ထွက်ရှိရေး အတွက် ဟာကွက် မရှိ‌ အောင် အသေးစိတ် စီမံခန့်ခွဲလာခဲ့ကြသည်။ သို့သော် လူထု အစိုးရ လက်ထက်တွင် အထွက်နှုန်း ကျဆင်းလာခဲ့သည်။ယခုနှစ်တွင် မူ ၂၀၂၁ အထိ ဧက ‌၆ သိန်း ရှိခဲ့သည့် နေကြာ စိုက်ခင်းများအား ဧက တသန်းခွဲအထိ တိုးမြှင့်ရန် စီစဉ်လာကြသည်။

စားအုံးဆီ တင်သွင်းမှု ကို လျော့ချနိုင်ရန် နေကြာဆီ ဖြင့် အစားထိုးနိုင်ရေး အတွက်လည်း ဖြစ်သည်။ သို့သော် ထိုသို့ အစားထိုး နိုင်သည့် မြေပဲ၊ နှမ်း ကဲ့သို့သော သီးနှံများ အတွက်ကိုမူ ရည်မှန်းချက် တစုံတရာ ထား ရှိသည်ကို မ‌တွေ့ရဟု မြန်မာ အရာရှိတဦးက ပြောပြခဲ့သည်။

တဖက်တွင် စစ်အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင် တွန်းလှန်နေသူများဖက်ကလည်း အလားတူ အယူသည်းမှု များ နှင့် ချေဖျက်လာကြသည်။အာဏာသိမ်းပြီးစ တွင် အဓိကရုဏ်း နှိမ်နှင်းရေး တပ်ဖွဲ့ဝင်များ လှည့်လည်သွားလာနေသည့် နေရာများ တွင် အမျိုးသမီး ထမိန်တန်းများ ဆွဲထားခဲ့ကြသည်။ ထိုထမိန်တန်းအောက်မှ ဖြတ်လျှောက်မိသူ အမျိုးသားများ အတွက် ဘုန်းနိမ့်သည် ဆိုသော အယူ ရှိ၍လည်း ဖြစ်သည်။

အွန်လိုင်း မှ ဆန့်ကျင်တွန်းလှန်နေကြသူများ က ကျေးရွာများတွင် နေကြာပန်းများ မစိုက်မနေရ အမိန့်ထုတ်ပြန်လာမှု အပေါ် ကြာကြာမနေရဖူး စကား နှင့် ထပ်တူကျသည့် “ကြာဖူး” ပုံများကို ဆိုရှယ် မီဒီယာ များ ပေါ်တွင် တင်လာခဲ့ကြသည် ဟု မဂ္ဂဇင်း တွင် ရေးသားခဲ့သည်။

ထပ်မံရရှိသော သတင်းတပုဒ် အရ စစ်အာဏာသိမ်း အဖွဲ့ မှ ၎င်းတို့ ပြည်တွင်းရေး တွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် နှင့် ၎င်းတို့မှ အကြမ်းဖက် အဖွဲ့အစည်းဟု သမုတ်နေသော အမျိုးသား ညီညွတ်ရေး အဖွဲ့ နှင့် မဆက်သွယ်ရန် သတိပေးချက် ထုတ်ပြန်လာခဲ့သည်၊ ဤသည်ကပင် အာဆီယံ ၏ မူ ငါးချက် ကို လိုက်နာမည် မဟုတ်ဟု သွယ်ဝိုက် ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ‌ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင်တန်နယ်ကိုပင် လွတ်ငြိမ်းခွင့် ပယ်ဖျက်သည်ဟုပင် ပြောလာသော လူများ ၏ ခေါင်းမှ ထွက်လာသော စကားများကို မည်သူက အလေးအနက်ထား စဉ်းစာကြပေဦးမည်နည်း။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!