Local News




.










FALCON WINGS

ဝေဟင်စစ်သည်များ

“‌ဒ-ရုန်းဝဲ – အမုန်းဆွဲ ” Falcon Wings ရဲ့ တောင်ပံဖြန့်သံများ

စ-စ်ခွေးဆိတ်သုဉ်း – ၂၀၂၃ မှာ “အမုန်းဆွဲ ဗုံး ကြဲ ” နိုင်ဖို့ “ဒ-ရုန်းဝဲ အမု-န်းဆွဲ ” ကမ်ပိန်းကို Falcon Wings ဒ-ရုန်းအဖွဲ့ နှင့် A Nya Ta Ya – အညတရ တို့ပူးပေါင်းစီစဉ်ခြင်းဖြစ်ပါသည်။

.
မိမိတို့ FALCON WINGS Drone အဖွဲ့နှင့် လွိုင်ကော် PDF တို့၏ ပူးတွဲ mission တစ်ခုအား ၂၀၂၃ ခုနှစ်၏ ပထမဆုံးနေ့တွင် နှစ်သစ်ကူးလက်ဆောင် အဖြစ် အကြမ်းဖက်စစ်ကောင်စီထံ ပေးပို့ခဲ့သည်။

စစ်ကောင်စီတပ်သားများ၏ အိပ်မက်ဆိုးများထဲ Falcon Wings ၏ တောင်ပံများ ဆက်လက်ပျံသန်း ခြောက်လှန့်နေဦးမည်။

ရန်ပုံငွေ အပါအဝင် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့၊ ပေးနေကြဆဲ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကိုလည်း Falcon Wings Drone အဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအတွင်းတွင် တပ်စွဲပြီး ပြည်သူ့နေအိမ်များကို ဖျက်ဆီးကာ ဓားပြတိုက်ခြင်း၊

မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်လျက်ရှိသော အကြမ်းဖက်စစ်တပ်အား မိမိတို့ FALCON WINGS Drone အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) တို့ ပူးပေါင်းကာ ဝေဟင်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ကြသည်။

မိမိတို့၏ တိုက်ခိုက်ရေးအစီအစဉ်များအပြင် ကရင်နီပြည်ရှိ ပူးပေါင်းတပ်များ၏ စစ်ကြောင်းများသည်လည်း မြေပြင်တွင် တိုက်ခိုက်နေခဲ့ပြီး လ ပေါင်းများစွာ ကြာမြင့်အောင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို အထိနာစေခဲ့သည့် တိုက်ပွဲတစ်ပွဲ ဖြစ်သည်။

ထိုတိုက်ပွဲတွင် မြေပြင်ပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီမှ ထိခိုက်ဒဏ်ရာရရှိမှု ကြီးမားခဲ့ကြသည်။

ယခု ဒရုန်းစစ်ဆင်ရေးမှာ Falcon Wings ၏ စစ်ရေးမူဝါဒအတိုင်း မဟာမိတ်တပ်များနှင့် ပူးတွဲဆောင်ရွက်လျက် ရှိသော စစ်ဆင်ရေးများစွာထဲမှ တစ်ခုဖြစ်သည်။

စစ်ဆင်ရေးများနှင့် ဒရုန်းထုတ်လုပ်ရေးများအတွက် ရန်ပုံငွေပံ့ပိုးပေးနေကြသည့် ထောက်ပို့အဖွဲ့အစည်းများ၊ တဦးချင်း ထည့်ဝင်သူများအား အထူးပင်ကျေးဇူးတင်ရှိပါသည်။ မိမိတို့အနေဖြင့်လည်း ရန်ပုံငွေများကို ထိရောက်စွာ စီမံခန့်ခွဲအသုံးပြုလျက်ရှိကြောင်း အသိပေးအပ်ပါသည်။

အရေးတော်ပုံ အောင်ရမည် !

FALCON WINGS

ဝေဟင်စစ်သည်များ

ရုပ္သံၾကည့္ရန္